Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စက်တင်ဘာလအတွင်း ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

   ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ်ထွက်  ပဲမျိုးစုံနှင့် အစေ့ထုတ်ပြောင်းသီးနှံများအနက် မတ်ပဲ ၊ ပဲယင်းနီ ၊ အစေ့ထုတ်ပြောင်းသီးနှံနှင့် ပဲကြီးသီးနှံများသာ အရောင်းအဝယ်ပြုလုပ်ကြပြီး ကျန်သီးနှံများဖြစ်သည့် ပဲလွန်းဖြူ ၊ ပဲလွန်းနီ ၊  ပဲတီစိမ်းဆီပြောင် ၊ ပဲပုတ် ၊ ဘိုကိတ် နှင့် ပဲတီစိမ်းအနီ သီးနှံများမှာ အရောင်းအဝယ်အေးပြီးပစ္စည်း လက်ကျန်နည်းပါးလာကြောင်းသိရှိရပါသည်။ ယခုတစ်ပတ် မတ်ပဲဈေးမှာ ပိဿာ(၂၀)တစ်တင်းကို ( ၉၅၀၀ဝိ/-)၊ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၇၈၅၀ဝိ/-)၊ ပဲကြီးပိဿာ(၂၀)တစ်တင်းကို (၁၀၀၀၀ဝိ/-)နှင့် အစေ့ထုတ်ပြောင်း ပိဿာ(၂၀)တစ်တင်းကို (၃၁၀၀ဝိ/-)ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်းသိရှိရပါသည်။

          ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ပါက ပဲကြီးသီးနှံဈေးသာ တစ်တင်းကို(၅၀ဝိ/မှ၁၀၀ဝိ/) ကျပ်ထိ ဈေးအနည်းငယ်မြင့်လာပြီး မတ်ပဲ ၊ ပဲယင်းနီနှင့် အစေ့ထုတ်ပြောင်းသီးနှံဈေးမှာတစ်တင်း  ကို (၁၀၀ဝိ/မှ ၁၅၀ဝိ )ကျပ်ထိ ဈေးကျဆင်းလာကြောင်းသိရှိရပါသည်။မတ်ပဲသီးနှံမှာ တစ်ရက်လျင် (၁၀၀၀အိတ် မှ ၁၅၀၀အိတ်)ထိအရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။အစေ့ထုတ်ပြောင်းသီးနှံ မှာတစ်ရက်လျင် ( ၅၀၀အိတ်မှ ၁၀၀၀အိတ် )ထိအရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။သီးနှံ လက်ကျန်များလည်း နည်းပါးလာပြီဖြစ်၍ ရန်ကုန်သို့ တင်ပို့နေသော မတ်ပဲအိတ်ရေမှာတစ်ပတ် အတွင်း ပျမ်းမျှအိတ်ရေ (၈၀၀၀)ခန့် တင်ပို့နိုင်ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ကန်ကြီးထောင့်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးဈေးနှုန်း

   ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင် အနေဖြင့်လည်းကောင်း၊ စီးပွားဖြစ် အနေဖြင့်လည်းကောင်း သီးနှံများကို စိုက်ပျိုး၍ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ကျောက်ဖရုံသီးဈေးနှုန်းမျာ (၁) လုံးလျှင် (၄၀၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း၊ အလုံးကြီးအလှ (၁) လုံးလျှင် (၆၀၀၀) ကျပ်ဖြင့်ရောင်းချ လျက်ရှိကြောင်း နှင့် ရွှေဖရုံသီး ဈေးနှုန်းမှာ (၁) လုံးလျှင် (၂၀၀၀) ကျပ်၊ အလုံးကြီး အလှ (၁) လုံးလျှင် (၄၀၀၀) ကျပ်ဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဩဇာသီး နှင့် သလဲသီး ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် သရက်သီးပင်၊ သီးသီးပင်၊ နဂါးမောက်သီး ပင်၊ ပိန္နဲသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ ဩဇာသီးပင်၊ အုန်းသီးပင်နှင့် မာလကာသီးပင်များကိုလည်းစိုက်ပျိုးကြသည့်အနက် ဩဇာသီးပင်များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဩဇာသီး  ဈေးနှုန်းအနေဖြင့် ဩဇာသီး အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး၊ အသေး တစ်လုံးလျှင်(၂၅၀/၂၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၄/၅)လုံးဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ အလားတူပင် သလဲသီး အကြီး(၁)လုံးလျှင်(၅၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (တတိယ)ပတ်တွင်ဖြစ်ပေါ်နေသာ အုန်းသီးဈေးနှုန်းအခြေအနေ

    ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီစာသီးနှံများ၊ သစ်သီးဝလံများများရောင်းချသည့်အပြင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးရရှိသည့် အုန်းသီးများကိုလည်း ရောင်းချလျက်ရှိပါသည်။ အုန်းသီးများမှာ ဒေသမှထွက်ရှိသည့် အုန်းသီးများအပြင် အခြားဒေသမှ ထွက်ရှိသည့် အုန်းသီးများကိုလည်း ရောင်းချလျက်ရှိပါသည်။ အုန်းသီးမှာ အုန်းစိမ်းနှင့် အုန်းသီခြောက်ဟူ၍ ရှိကြောင်း၊ အုန်းစိမ်းများမှာ အညှာမပြတ်ခူးဆွတ်ရ၍ သာသနာပွဲများနှင့် ကန်တော့ပွဲများတွင် အသုံးပြုကြကြောင်း၊ အုန်းသီး ခြောက်ကိုမူ မုန့်များပြုလုပ်ရန်နှင့် သရေသစာစားသုံးရန်အတွက်အသုံးပြကြကြောင်း ၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းမှာ သာသနာပွဲအုန်း(၁)လုံး လျှင် (၆၀၀ဝိ/-)ကျပ်၊ ဒေသတွင်းထွက်ရှိသည့် အုန်းသီးခြောက် (၁)လုံးလျှင် (၄၀၀ဝိ/-)ကျပ် နှင့် အခြားဒေသမှ ထွက်ရှိသည့် အုန်းသီးခြောက်(၁)လုံးလျှင် (၄၅၀ဝိ/-)ကျပ်၊ (၅၀၀ဝိ/-)ကျပ်၊ အုန်းသီး ခြောက်ကိုခွဲစိတ်၍ အစိတ်ဖြင့်ရောင်းချကြောင်း အုန်းသီးစိတ် (၁)စိတ် လျှင် (၄၀ဝိ/-)ကျပ်ဖြင့် အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ဗမာမုန့်ဈေးနှုန်း

    ကျွန်းလှမြို့တွင် ရိုးရာအစားအစာဖြစ်သည့် မုန့်ပြားသလက်နှင့် မုန့်လင်မယားကို ပြုလုပ်ရောင်းချလျက်ရှိပါသည်။

    ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်ပြားသလက် အဖြူဈေးနှုန်းမှာ()ခုလျှင်(၂၅၀)ကျပ်၊ မုန့်ပြားသက်အနီဈေးနှုန်းမှာ ()ခုလျှင် (၃၀၀)ကျပ်နှင့်ကြက်ဥ မုန့်ပြားသလက် ဈေးနှုန်းမှာ ()ခုလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ မုန့်လင်မယား ဈေးနှုန်းအနေဖြင့် မုန့်လင်မယား()ခုလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး လျှင်(၁၁)ခုတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။     

DOCA(စစ်ကိုင်း)

မုံရွာကုန်စည်ဒိုင်မှဆီထွက်သီးနှံဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏(၁၇.၉.၂၀၂၅)ရက်နေ့ ဆီထွက်သီးနှံဈေးနှုန်းများမှာ မုံရွာကုန်စည်ဒိုင်ဈေးနှုန်းအရ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်( ၈၁၀၀ )၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်( ၈၅၀၀)၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် (၉၅၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ( ၈၈၀၀၀ )၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ( ၂၁၀၀၀၀)ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် ကျပ် ( ၆၀၀၀ )တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန််ကြီးထောင့်မြို့နယ်၊ ဂေါ်ရခါးသီးနှင့် သခွားသီးဈေးနှုန်းဈေးကွက်

  ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် နေ့လည် စည်ကားလျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ဒေသထွက် သီးနှံများအပြင် ဂေါ်ရခါးသီးနှင့် သခွားသီးတို့ကို ပုသိမ်မြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်နေသော ဂေါ်ရခါးသီးဈေးနှုန်းများမှာ အလုံးကြီး (၁) လုံးလျှင် (၅၀၀) ကျပ်၊ အလတ် (၁) လုံး လျှင် (၄၀၀) ကျပ်၊ အသေး (၁) လုံးလျှင် (၃၀၀) ကျပ် ဖြစ်ပြီး၊ သခွားသီး အကြီး (၁) လုံးလျှင် (၅၀၀) ကျပ်၊ အသေး (၁) လုံးလျှင် (၂၀၀ မှ ၃၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြလျက်ရှိကြောင်း သိရှိရပါသည်။

DOCA( ဧရာဝတီ)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မာလကာသီး နှင့် ငှက်ပျောသီး ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိ ရာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ သင်္ဘောသီးမှည့်နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီး နှင့် သင်္ဘောသီးများကို မန်ကျည်းအင်းကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာ နှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ မာလကာသီး ဈေးနှုန်းများမှာ မာလကာသီး အကြီး တစ်လုံးလျှင်(၈၀၀)ကျပ်၊  အသေးတစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် အာနီ ငှက်ပျောသီး တစ်ဖီးလျှင်(၃၅၀၀)ကျပ်၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၂၅၀၀)ကျပ်၊ ခွန်စိမ်းငှက်ပျောသီး တစ်ဖီးလျှင်(၂၅၀၀)ကျပ်ထိရှိပြီး ငှက်ပျောဖီး အကြီး အသေးပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန််ကြီးထောင့်မြို့နယ်၊ ဩဇာသီးနှင့် မာလကာသီးဈေးနှုန်းဈေးကွက်

   ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ မြို့မဈေးတွင် ဩဇာသီးနှင့် မာလကာသီးများ လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ဩဇာသီးပင်နှင့် မာလကာပင်တို့သည့် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သောအပင်ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်တွင် ရောင်းချသော  ဩဇာသီးဈေးနှုန်းမှာ အကြီး (၁) လုံးလျှင် (၅၀၀) ကျပ်နှင့် အလတ် (၁) လုံးလျှင် (၃၀၀) ကျပ်၊ အလုံးသေးများအား (၄) လုံး တစ်ထောင်ကျပ်ဖြင့် လည်းကောင်း၊ မာလကာသီး အကြီး (၁) လုံးလျှင် (၈၀၀) ကျပ်၊ (၂) လုံးလျှင် (၁၅၀၀) ကျပ်၊ အသေး (၁) လုံးလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ဒေသထွက် ဖရဲသီး ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်းစိုက်ပျိုးကြသလို  မိမိတို့ တောင်ယာများ ထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်းကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ယခု စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီး ဈေးနှုန်းများမှာ ဖရဲသီးအကြီး တစ်လုံးလျှင် (၇၀၀၀)ကျပ်၊  အသေး တစ်လုံးလျှင်(၅၀၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင်(၃၅၀)ကျပ်  ငွေကျပ် (၁၀၀၀)ဖိုး(၃)စိတ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း