Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လေးမျက်နှာမြို့နယ်တွင် ကောက်စောစပါး စတင်ရိတ်သိမ်း

   ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၅  မိုးစပါးကို လေးမျက်နှာ မြို့နယ်တွင် ဆင်းသုခ၊ မနောသုခ၊ GW-11 ၊ ရွှေသွယ်လေး ၊မှော်ဘီ ၃ ၊ ရက်(၉၀)၊ ရွှေဧရာ၊ ပခန်း   စသောမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။ ၂၀၂၅ ခုနှစ် မေလ နောက်ဆုံးပတ်က စိုက်ပျိုးသော မိုးစပါးများသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် စတင်ထွက်ရှိလာကြပါသည်။ ကောက်စောမိုးစပါး ရိတ်သိမ်းသော လေးမျက်နှာမြို့နယ်၊ အိုင်သပြုအုပ်စု၊ ဂျို့ကုန်းကျေးရွာမှ  တောင်သူ ဦးရန်နိုင်စိုး၏ ဆင်းသုခ စပါးမျိုးစိုက်ပျိုးထားသော  လယ်(၄.၀၀)ဧကသို့  ကွင်းဆင်း လေ့လာ ခဲ့ပါသည်။ တစ်ဧက လျှင် ပျမ်းမျှ အစိုဓါတ် ရာခိုင်နှုန်း(၂၄-၃၀)ကြားရှိပြီး  (၅၄)ပေါင် ( ၈၀ တင်း မှ ၉၀ တင်း)ထိ ပျှမ်းမျှ ထွက်ရှိကြောင်းသိရှိရပါသည်။ ကွင်းပေါက်ဈေးမှာ အစို(၅၄)ပေါင် တင်း(၁၀၀)လျှင် (၈၅၀၀၀၀/-ကျပ်မှ ၉၅၀၀၀၀ ကျပ်) ဖြင့် ရောင်းချရပြီး ကုန်သည်များမှ ကွင်းအရောက်ဝယ်ယူကြောင်း၊ ယခင်နှစ် စပါးအထွက်နှုန်းနှင့် နှိုင်းယှဉ်ပါက အထွက်နှုန်းကောင်းသော်လည်း စပါးဝယ်ယူမှုဈေးနှုန်း ကျဆင်းနေကြောင်း တောင်သူ ဦးရန်နိုင်စိုးမှ ပြောကြားကြောင်း သတင်း ရရှိပါသည်။

DOCA (ဧရာဝတီ)

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် ကုလားပဲချောင်းနှင့်စလေဘီဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ  ဒေသခံများသည် တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ ကုလားပဲချောင်းနှင့် စလေဘီများကိုလည်း ပြုလုပ်ရောင်းချကြပါသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိသော ကုလားပဲချောင်းနှင့် စလေဘီဈေးနှုန်းများမှာ စလေဘီ() ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ စလေဘီ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှင့် စလေဘီ(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် ကုလားပဲ ချောင်း()ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကုလားပဲချောင်း (၅၀) ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ ကုလားပဲချောင်း (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုလားပဲချောင်းနှင့် စလေဘီများကိုသရေစာအဖြစ် စားသုံးရန် အတွက်လည်းကောင်း၊လက်ဆောင်ပေးရန်အတွက်လည်းကောင်း ဝယ်ယူကြသဖြင့် အရောင်း အဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြို့ရှိ ငါးဖယ်ဈေးနှုန်းအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံ များ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးအမျိုးမျိုးကိုလည်း‌ ရောင်းချလျက်ရှိရာ ငါးဖယ်မှာလည်း အပါအဝင်ဖြစ်ပါသည်။ ငါးဖယ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိပြီး ငါးဖယ်ကို  အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍လည်း ငါးဖယ်ခြစ်အဖြစ် ရောင်းချလျက်ရှိကြောင်း၊ငါးဖယ်ခြစ်မှာ  အရိုးမပါသဖြင့် ချက်ပြုတ်သူအိမ်ရှင်မများအတွက် လွယ်ကူကောင်းမွန်သော ငါးတစ်မျိုးဖြစ်သည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း  ရောင်းချလျက်ရှိသော ငါးဖယ်အကောင်လိုက်ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက် (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်နှင့် ငါးဖယ် ခြစ်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

“သြဇာသီးများစျေးကွက်အတွင်းဝင်ရောက်”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးတို့တွင်  ရာသီစာအသီးအနှံများကို  စိုက်ပျိုးရောင်းချလျက်ရှိရာ  ယခုအခါ  ပုပ္ပါးဒေသမှ ဩဇာသီးများလှိုင်လှိုင်ဝင်ရောက်လျက်ရှိပါသည်။ သြဇာသီးလို့ဆိုလိုက်တာနဲ့ အရသာကောင်းသလောက် စားရတာအလွန်လက်ဝင်တဲ့ ရုပ်ဆိုးဆိုးအသီးကြီးကိုဆိုလိုမှန်း လူတိုင်းသိကြပါတယ်။ ချိုမြတဲ့အရသာနဲ့မှမလိုက် ပေါပေါများများ ပါလာတတ်တဲ့အစေ့တွေကို လက်ဝင်အောင်ဖယ်စားရတဲ့ အစေ့တွေမြင်တော့ ငယ်ငယ်တုန်းက သြဇာစေ့လေးတွေနဲ့ ဇယ်တောက်တမ်းကစားခဲ့ရတာတွေကို အမှတ်ရမိပါတယ်။ သြဇာသီးကို အိန္ဒိယလူမျိုးတွေက အစိမ်းစားသည့်အပြင် ကိတ်မုန့်တွေ မုန့်အချိုတွေလုပ်စားကြပါသည်။ ကျွန်မတို့ မြန်မာတွေကတော့ အစိမ်းလိုက်စားကြပါသည်။ သြဇာသီးအရသာ ကောင်းမွန်သလို အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နှင့် နှလုံးတို့ကို အထောက်အကူပြုတဲ့ အသီးတစ်မျိုးဖြစ်ပါသည်။ ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်း၊ ကင်ဆာကိုတိုက်ဖျက်နိုင်စွမ်းရှိခြင်း၊ ဦးနှောက်ကိုကျန်းမာစေခြင်း၊ သွားကိုခိုင်မာစေခြင်း၊ ဆီးချိုကိုတားဆီးနိုင်ခြင်းစသည့် ရောဂါများသက်သာစေကြောင်း ကျန်းမာရေးဗဟုသုတအရ  သိရှိရပါသည်။  သြဂုတ်လတွင် စတင်ဝင်ရောက်လျက်ရှိပြီး   သြဇာသီးစျေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၁၃၀၀/-)၊အလတ်တစ်လုံးလျှင်(၁၀၀၀/-)ကျပ် ၊ အသေးတစ်လုံးလျှင်(၈၀၀/-)ကျပ်စျေးနှုန်းများဖြင့် ‌ရောင်းချလျက်ရှိပြီးစက်တင်ဘာ ဒုတိယပတ်တွင်  သြဇာသီးစျေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၁၀၀၀/-) ၊ အလတ်တစ်လုံးလျှင်(၈၀၀/-)ကျပ် ၊ အသေးတစ်လုံးလျှင် (၅၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး သြဇာသီးများလှိုင်လှိုင် ဝင်ရောက်လျက်ရှိသောကြောင့် စျေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြို့မဈေးအတွင်းရောင်းချလျက်ရှိသော ငါးခြောက်ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင်ရောင်းချနေသော ငါးခြောက်များမှာ ရန်ကုန်မြို့မှ မှာယူ၍ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ရောင်းချနေသော ငါးခြောက်ဈေးနှုန်းများမှာ ငါးရံ့ခြောက် (လုံး)()ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ငါးကြီးသားခြောက်()ပိဿာလျှင် (၁၂၅၀၀၀)ကျပ်၊ ငါးနီတူ ခြောက်()ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ လသာခြောက်(အချို)()ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးရောင်ခြောက်()ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ အာပြဲခြောက်()ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ အသား မျှင်ခြောက်()ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်()ပိဿာလျှင်(၂၅၀၀၀)ကျပ်ဖြင့်ရောင်း ချကြောင်း၊ ယခုအချိန်သည် မြန်မာဗုဒ္ဓဘာသာဝင်လူမျိုးများ အလှူအတန်းများပြုလုပ်ရာတွင် ငါးခြောက်များကို အသုံးပြုမှုများကြသဖြင့် အရောင်းဝယ်သွက်လျက်ရှိကြောင်း ဈေးအတွင်း ငါးခြောက်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

         

စက်တင်ဘာလ တတိယပတ်တွင်  ရောင်းချနေသော မျှစ်ချဉ်နှင့် မျှစ်စိမ်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ဗန္ဓုလဈေး၊ ပြည်ထောင်စုဈေးနှင့် ဝန်ထမ်းအိမ်ရာရှိနန္ဒဝန်ဈေးသစ်တို့တွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ရောင်းချနေသော မျှစ်ဈေးနှုန်းများအနေဖြင့် မျှစ်ချဉ် ( ၁၀ ) ကျပ်သားပါ အထုပ်သေး ( ၁ )ထုပ်လျှင် ( ၆၀၀)ကျပ်ဖြင့် လည်းကောင်း၊ မျှစ်စိမ်း ( ၂၅) ကျပ်သား လျှင်(၁၀၀၀)ကျပ်၊ မျှစ်ပြုတ်( ၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်ဖြင့် လည်းကောင်း ရောင်းချလျက်ရှိရာ မျှစ်စိမ်းများလှိုင်လှိုင်ပေါများလာသောကြောင့် ဈေးနှုန်းထပ်မံ ကျင်းဆင်းလာနိုင်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

                                     

စက်တင်ဘာလတတိယပတ်အတွင်း ကောက်ရိုးမှိုနှင့် ငွေနှင်းမှို ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်ကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသော မှိုဈေးနှုန်းများ အနေဖြင့် ငွေနှင်းမှို( ၁၀ )ကျပ်သားလျှင် ( ၁၀၀၀) ကျပ်နှင့် ( ၂၅ ) ကျပ်သားလျှင် ( ၂၅၀၀ )ကျပ်၊ ကောက်ရိုးမှို(၁၀)ကျပ် သားလျှင် (၈၀၀)ကျပ်၊ ( ၂၅) ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း မိုးများ၍ ရာသီစာမှိုနီများ ပေါ်ထွက်စပြုနေပြီး လှိုင်လှိုင်ပေါကာ ဈေးကောင်းရရှိ နိုင်ကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသာ ကွမ်းသီးနှင့် ကွမ်းရွက်ဈေးနှုန်းများ

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ဗန္ဓုလဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် စက်တင်ဘာလတတိယပတ်တွင် ရောင်းချနေသော ကွမ်းသီးနှင့် ကွမ်းရွက် ဈေးနှုန်းများအနေဖြင့် ကွမ်းသီး(ရှယ်) ( ၁ ) ပိဿာလျှင်( ၃၀၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စ ( ၁ )ပိဿာလျှင် ( ၂၅၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ အသင့် ( ၁ ) ပိဿာလျှင် (၂၃၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကွမ်းရွက် ( ရှယ်)  ( ၁ ) ပိဿာလျှင် ( ၇၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စား ( ၁ )ပိဿာလျှင် ( ၅၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ အသင့် ( ၁) ပိဿာလျှင် ( ၃၀၀၀)ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်း အသီးသီးဖြင့် ရောင်းချလျက်ရှိပြီး စက်တင်ဘာလ ဒုတိယပတ်တွင် ၁ပိဿာလျှင် ( ၉၀၀၀)မှ ( ၁၀၀၀၀)ကျပ်ထိရှိခဲ့ရာ ယခုတတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ကွမ်းရွကဈေးများ ကျဆင်းလာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ဟင်္သာတမြို့နယ်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်း ရောင်းချ လျက်ရှိသော မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်များ၏ဈေးနှုန်းများမှာ ပေါ်ဆန်းယဉ် (၂၄)ပြည် တစ်အိတ်လျှင် (၁၂၀၀ဝဝိ/-)ကျပ် ၊ ဆင်းသုခဆန်(၂၄)ပြည်တစ်အိတ်လျှင် (၆၃၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကောက်သစ်ပေါ်ချိန် ရာသီဖြစ်သည့်အလျောက် ယခင်လ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်း လျက်ရှိကြောင်း တွေ့ရှိရပါသည်။

          အခြေခံစားသောက်ကုန်ဖြစ်သော အာလူး ၁ပိဿာလျှင် ၅၅၀ဝိ/-ကျပ်၊ ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ၁၈၀ဝိ/-ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ၁၀၀၀ဝိ/-ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာလျှင် ၁၅၀၀ဝိ/-ကျပ် ၊ ငရုတ်ခြောက်ရှည်(အသစ်)တစ်ပိဿာလျှင် ၁၀၀၀ဝိ/-ကျပ်၊ ကုလားပဲ တစ်ပိဿာလျှင် ၆၅၀ဝိ/-ကျပ်၊ ဆားချောတစ်ပိဿာလျှင် ၁၅၀ဝိ/-ကျပ် မှ ၁၆၀ဝိ/-ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှင့် နှိုင်း ယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး  နေ့စဉ်ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့၏ ဒေသအစားအစာ ထမင်းသုပ်လုပ်ငန်း

  ကြံခင်းမြို့ရောက်လျှင် ထမင်းသုပ်သည် မဖြစ်မနေ စားသုံးကြသည့် ဒေသထွက်စားသောက် ကုန်တခုဖြစ်ပြီး မြို့မ ရပ်ကွက်တိုင်းတွင် ထမင်းသုပ်ဆိုင်များလည်းရှိကြပါသည်။ ဧရာဝတီတိုင်း‌ဒေသ ကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အောင်ချမ်းသာလမ်း၊ ရွာသစ်ရပ်ကွက်တွင် ဒေသထုတ်ကုန် ဖြစ်သော “သန့်ဇင်” ထမင်းသုပ်လုပ်ငန်းအား ကြံခင်းမြို့နယ်တာဝန်ခံမှ (၁၅.၉.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန် တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ထုတ်ပိုးရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ထုတ်လုပ်မှုအခြအနေ၊ အရောင်းအဝယ်ဖြစ်မှု အခြေ အနေများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။ ၅ ရက်လျှင် တစ်ကြိမ် ထမင်းတစ်ပန်းကန်စာနှင့် အသင့်သုပ် စားနိုင်သော အသင့်စား ထမင်းသုပ် အထုပ်ငယ် ၁၀၀၀ ထုပ် ပုံမှန် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါသည်။ ထမင်းသုပ်တွင် ပါဝင်ပစ္စည်း (၆) မျိုးရှိပြီး ၎င်းတို့မှာ (၁) ပဲဆီသန့် ဆီချက်(၂) ငံပြာရည်(၃) ကုလားပဲ အကြက်မှုန့် (၄)  ငရုတ်အကြမ်းကြော်  (၅)  ပုဇွန်ခြောက်မှုန့်  (၆)  ကြက်သွန်ဖြူကြော် တို့ဖြစ်ပါသည်။ တချို့ကလည်း ပုဇွန်ခြောက်မှုန့်အစား ငါးကျည်းခြောက်မှုန့်ကိုသုံးစွဲကြသည်ကို တွေ့ရပါသည်။ အထုပ် ၁၀၀၀ လျှင် လုပ်သားခ အပါအဝင် ကုန်ကျစရိတ် ၁၀ သိန်းဝန်းကျင် ကုန်ကျပြီး အကျိုးအမြတ် အနေဖြင့် ၂ သိန်းကျပ်ခန့် ရရှိပါသည်။ အသင့်စား စားစရာများ ထွန်းကာလာသည့်အခါ ကြံခင်းထမင်း သုပ်လုပ်ငန်းသည်လည်း ခေတ်နှင့် အညီ ပါဝင်ပစ္စည်းများကို အသင့်ထုတ်ပိုး၍ ထမင်းတစ်ခါပြင်စာ အတွက် Ready Made အထုပ်များ အဖြစ် ဈေးကွက်ဝင်ရောက်လာပြီး ယခုအခါ မြို့နယ်အနှံသို့ ဖြန့် ဖြူးရောက်ရှိလာသော နံမည်ကြီး ဒေသထွက်ကုန်တစ်ခုဖြစ်လာခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)                       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း