Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ငါးချဥ်ဈေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကမ်းနားဈေးတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံ နှင့် ဒေသထွက်ငါးမျိုးစုံအပြင် ငါးကိုအချဉ်သိပ်၍ ငါးချဉ်အဖြစ်ရောင်းချလျက်ရှိကြောင်း သိရသည်။ ငါးချဉ်ပြုလုပ်ရာတွင် ငါးကြင်းချဉ်နှင့် ငါးသေးချဉ်စသည်ဖြင့် အမျိုးမျိုးပြုရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊စက်တင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ငါးကြင်းချဉ်(၁)ပိဿာ လျှင်(၃၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ငါးသေး ချဉ်(၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးချဉ်များကို ချက်၍လည်းကောင်း၊ အစိမ်းအတိုင်း သုပ်စား၍လည်းကောင်း စားသုံးကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း  ငါးချဉ်ရောင်းဝယ် ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)