Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲစင်းငုံစျေးနှုန်းစျေးကွက်

          မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံသီးနှံစိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက်နှုန်း (၉.၃၃)တင်းနှင့် အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၃၆၀၀၀ ကျပ်၊ ပဲစင်းငုံ(ဖြူ)၂၂၀၀၀၀ကျပ်နှင့် ၂၂၅၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ပဲစင်းငုံ(နီ) ၃၉၃၃ ကျပ်၊ ပဲစင်းငုံ(ဖြူ) ၃၆၆၇ကျပ်နှင့်၃၇၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၄၆၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ်စျေးနှင့် ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံ (နီ) သီးနှံပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဩဇာသီးနှင့် မာလကာသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးနှင့် မာလကာသီးများ  လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ဩဇာသီးပင်နှင့် မာလကာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ်သည်။ဩဇာသီးပင်နှင့် မာလကာသီးပင်များ ကိုကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံ ဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ် ၊စက်တင်ဘာလ တတိယပတ်တွင်ရောင်းချသော ဩဇာသီးဈေးနှုန်းများမှာ ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ မာလကာသီးအကြီး(၁)လုံးလျှင်(၇၀၀)ကျပ်၊ (၃)လုံးလျှင်(၂၀၀၀)ကျပ်၊ အသေး (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စက်တင်ဘာလ၊ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပုဇွန်ထုပ်နှင့်ပုဇွန်ဆိတ်ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုစွန်ထုပ်နှင့်ပုစွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ပုဇွန်ထုပ်များကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး၊ ပုဇွန်ဆိတ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပုဇွန်ထုပ်နှင့် ပုစွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်ထုပ်(၁)ပိဿာလျှင် (၆၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၄၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၁၇၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ်(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကုန်စိမ်းစျေးရှိပန်းဂေါ်ဖီထုပ်

          ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီထုပ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပန်းဂေါ်ဖီ ထုပ် ၁ ခုလျှင် အပွင့်(ကြီး) ၁၆၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊အပွင့်(သေး) ၁၀၀၀ ကျပ်နှင့်၁၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။  သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ပိန်းပေါင်းထုပ်ရောင်းချသူများ မိသားစုဝင်ငွေရရှိ

    ပိန်းပင်များသည် စိမ့်စမ်းရေမှဖြစ်ပေါ်သော စမ်းချောင်းငယ်များ၊ စိုစွတ်သောမြေများတွင် ပိန်းပင်များကို ပေါများစွာပေါက်ရောက်ကြပါသည်။ မိုးရာသီတွင် ပိန်းပင်များ ပေါများစွာပေါက် ရောက်ပြီး နွေရာသီတွင် ဒေသခံများက ရေးသွင်း၍ စိုက်ပျိုးပြီး မိသားစုဝင်ငွေရရှိရေးအတွက်ခူး၍ ပိန်းပေါင်းအဖြစ်ပြန်လည်ရောင်းချကြပါသည်။ ပိန်းပင်သည် ရိုးတံရှည်ရှည် အရွက်ဖားဖားအပင် ငယ်မျိုးဖြစ်ပြီး အရွက်နုနုလေးများကို စားသုံးနိုင်ကြောင်း၊ ယခုအခါ ပိန်းပေါင်းပြုလုပ်ရာတွင် ပိန်းရွက်နုနုလေးတွေကို ရေဆေးပြီးပါးပါးလှီးကာ ဆား၊ဆီ၊ကြက်သွန်၊ ဂျင်းထည့်ပြီးနယ်၍ ဖက်ဖြင့် ထုပ်ကာပေါင်းပြီးပိန်းပေါင်း အဖြစ်ရရှိလာကြောင်း၊ ရရှိလာသော ပိန်းပေါင်းများကို ကန့်ဘလူမြို့မ ဈေးသို့လာရောက်ရောင်းချကြောင်း၊ ပိန်းပေါင်းထုပ်ကလေးများကို ဟင်းအဖြစ်လည်းကောင်း၊ ရေနွေးကြမ်းနှင့်တွဲဖက်၍ သရေစာအဖြစ်လည်းကောင်း စားသုံးရန် ဝယ်ယူကြကြောင်း၊ ပိန်းပေါင်း သည်၏ပြောပြချက်အရ ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ တတိယပတ်အတွင်း တစ်ရက်လျှင် ပိန်းပေါင်း ထုပ်(၃၀မှ၄၀)ခန့်အထိရရှိပြီး ပိန်းပေါင်းထုပ်(၁)ထုပ်လျှင် (၅၀၀)ကျပ်ရောင်းချရသဖြင့် အရင်းမ စိုက်ရဘဲထိုက်သင့်သည့် မိသားစုဝင်ငွေရရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

တောကြက်ဟင်းခါးသီးနှင့် ခဆော့သီးဈေးနှုန်းများ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်နှင့်ခဆော့ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်း ကောင်း၊ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိ ကြောင်းသိရသည်။  

   ၂၀၂၅ခုနှစ်၊စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချ သူတစ်ဦး၏ပြောပြချက်အရ တောကြက်ဟင်းခါးသီးနှင့် ခဆော့သီးများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး(၁)ပြည်လျှင် (၃၈၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင် (၅၀၀) ကျပ်နှင့် ခဆော့သီး(၁)ပြည်လျှင် (၃၈၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးဈေးနှုန်းအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ယခုအခါ ဒေသထွက်ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့် ရွှေဖရုံသီးဈေးနှုန်းများမှာ  ရွှေဖရုံ သီး()ပိဿာလျှင် (၃၀၀၀)ကျပ်၊ ရွှေဖရုံသီးစိတ် ()စိတ်လျှင်(၁၀၀၀)ကျပ်နှင့် ခရမ်းကြွပ်သီး() ပိဿာလျှင် (၃၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ကြောင်း ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မန္တလေးကုန်စိမ်းစျေးရှိပန်းဂေါ်ဖီပွင့်ဖြူ

         ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီပွင့်ဖြူများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပန်းဂေါ်ဖီ ပွင့်ဖြူ ၁ ခုလျှင် အပွင့်(ကြီး) ၁၅၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊အပွင့်(သေး) ၁၀၀၀ ကျပ်နှင့်၁၂၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။  သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် သစ်သီးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ဂွေးသီး၊စောင်းလျားသီးနှင့် သီးသီးပင်များကို  နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ရောင်းချလျက်ရှိကြောင်း သိရသည်။  

    ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချ သူတစ်ဦး၏ ပြောပြချက်အရ ဂွေးသီး၊စောင်းလျားသီးနှင့် သီးသီးများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ဂွေးသီး()လုံး လျှင်(၁၀၀)ကျပ်၊ စောင်းလျားသီး()လုံးလျှင် (၅၀)ကျပ်၊ ()လုံးလျှင်(၂၀၀)ကျပ်၊ သီးသီး()လုံး လျှင်(၅၀)ကျပ်၊()လုံးလျှင် (၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ဂွေးသီး၊ စောင်းလျားသီးနှင့် သီးသီးများကို အချဉ်ပေါင်းရောင်းချသူများမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူ ဒေသထွက် သင်္ဘောသီးအစိမ်း/အမှည့်ဈေးနှုန်း

    သင်္ဘောပင်သည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပြီး သင်္ဘောသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ် သည်။ သင်္ဘောပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာတွင် သင်္ဘောပင်များကို မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြ သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် သင်္ဘောသီးအ စိမ်း()ပိဿာလျှင်(၁၅၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၈၀၀)ကျပ်၊ သင်္ဘောသီးမှည့်အသေးတစ်လုံး လျှင် (၂၅၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    အစာလည်းဆေး ဆေးလည်းအစာဆိုသည့်အတိုင်း သင်္ဘောသီးမှည့်ကို စားသုံးခြင်းဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသောကြောင့် ရောင်ရမ်းမှုကိုကျဆင်းစေခြင်း၊ အရွယ်တင်နုပျို စေခြင်းနှင့် ရောဂါများကို နှိမ်နင်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း၊ သင်္ဘော သီးများကို အိမ်ရှင်မများဟင်းချက်ရာ၌လည်းကောင်း၊ အသုပ်ဆိုင်များနှင့်  အထောင်းစုံရောင်းသည့် ဆိုင်များမှဝယ်ယူကြသဖြင့် သင်္ဘောသီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း