Main menu

“ ပဲကြီးစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်”

Powered by Drupal

                           မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် တိုင်ထောင်ပဲ ၊ မတ်ပဲ ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲစဉ်းငုံသီးနှံများအပြင် ဝယ်လိုအားရှိသော ပဲကြီးသီးနှံကိုလည်း စိုက်ပျိုးလာကြ ပါသည်။ မြို့နယ်အတွင်း ပဲကြီးစိုက်ဧက (၂၄၀)ဧက စိုက်ပျိုးခဲ့ပြီး စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ စက်တင်ဘာ လဆန်းမှစတင်၍ ပဲကြီးသီးနှံများ စတင်စိုက်ပျိုးခဲ့ပြီး အများဆုံးစိုက်ပျိုးသောရွာများမှာ ကျီတိုင်၊ နွားကူးလေး၊ ပခမ်း နှင့် ခင်လည် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ပဲကြီးစိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲကြီးသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံး စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးမှာ ပဲကြီး မျိုးသန့်ကိုသာ စိုက်ပျိုးကြကြောင်း၊  ယခုနှစ် ပဲကြီးအထွက်နှုန်းအနေဖြင့် (၁၀-၁၂) တင်း ထွက်ရှိခဲ့ကြောင်း ၊ ယခင်နှစ် ပဲကြီးဈေးနှုန်း အနေဖြင့် တစ်တင်းလျင် (၈၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း၊ ယခုလက်ရှိ ပဲကြီးပေါက်ဈေး တစ်တင်းလျင် (၁၅၀၀၀၀/-)ကျပ်ခန့်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ကုန်ကျစရိတ်နုတ်ပြီးပါက (၁၂၀၀၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း ၊ ပဲကြီးသီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ရန်ကုန် မြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ ပဲစားသုံးခြင်းဖြင့် ပရိုတင်းဓာတ်ပြည့်ဝစွာရရှိခြင်း၊ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း၊ အဟာရဓာတ် ပေါများစွာပါဝင်ကြောင်း လေ့လာသိရှိရပါသည်။ စိုက်ပျိုး စရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးသော ပဲကြီးသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)