Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ဈေးတည်ငြိမ်နေသော နာနတ်သီး နှင့် ထောပတ်သီး

   ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်းသိရ သည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော နာနတ်သီ ဈေးနှုန်းများမှာ နာနတ်သီး အကြီး(၁)လုံးလျှင်(၇၅၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၇၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်းကောင်း၊ အလားတူပင် ထောပတ်သီး ဈေးနှုန်းများမှာ ထောပတ်သီး အကြီး(၁)လုံးလျှင် (၁၀၀၀)ကျပ် နှင့် အသေး(၁)လုံးလျှင်(၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်‌ တည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သစ်ရာမြိုင်ဈေး တိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် နွားနို့၊ နွားနို့ခဲ နှင့် ဒိန်ချဉ်များ ဈေးနှုန်းမြင့်တက်လျက်ရှိ

    ကျွန်းလှမြို့ရှိ စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာ ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင် တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့ နှင့် ဒိန်ချဉ်များကို ကျွန်းလှမြို့ ဈေးကွက် အတွင်းသို့ ရောင်းချ လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်းများမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၅၀၀)ကျပ်၊ နွားနို့ခဲတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၇၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ်(၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

 DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဒညှင်းသီး ဈေးနှုန်းမြင့်တက်လျက်ရှိ

  ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီး နှင့် ဒညှင်းသီး ကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော ဒညှင်းသီး ဈေးနှုန်းများမှာ ဒညှင်းသီး အကြီး တစ်လုံးလျှင်(၄၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၃၀၀)ကျပ်၊ ဒညှင်းသီး အပြုတ် အကြီး တစ်လုံးလျှင်(၄၅၀)ကျပ်၊ အသေးတစ်လုံးလျှင်(၃၅၀)ကျပ် ဈေးနှုန်း အသီးသီး တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒညှင်းသီးသည် အနည်းငယ်ရှားပါးလာသည့်အတွက် လူအများကြိုက်နှစ် သက်ကြကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ဇီးပန်းသီး နှင့် စပျစ်သီး ဈေးနှုန်း

   ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် သရက်သီး၊ သီးသီး၊ နဂါးမောက်သီး ၊ ပိန္နဲသီး၊ ဂွေးသီး ၊ နာနတ်သီး၊ မက်မန်းသီး၊ ငှက်ပျောသီး၊ သလဲသီး၊ ဇီးပန်းသီး၊ ပန်းသီ၊ ပန်းသစ်တော်သီး၊ တရုတ်တည်သီး၊ ထောပတ်သီး စောင်းလျှားသီး၊ ဩဇာသီး၊ အုန်းသီးနှင့် မာလကာသီးများကို ရောင်းချ လျက်ရှိကြောင်း သိရသည်။

    ယခု အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော ကျွန်းလှမြို့၏ ဇီးပန်းသီး  ဈေးနှုန်းများမှာ ဇီးပန်းသီး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ၊အလားတူပင် စပျစ်သီး ဈေးနှုန်းများမှာ စပျစ်သီး ထိုင်ဝမ် အလုံးကြီး တစ်ပိဿာ(၄၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀၀)ကျပ်၊ စပျစ်သီး အလုံးသေး တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀၀)ကျပ် နှင့် (၈၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်‌ ရောင်းချလျက်ရှိပြီး  ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ငါးချောင်း ဈေးနှုန်း

  ကျွန်းလှမြို့နယ်တွင် စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း(အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက္ကား တစ်ပိဿာ လျှင်(၁၈၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးချောင်း(အလတ်)နှင့်(အသေး) လက္ကားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ် ၊ လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ် နှင့် (၅၀)ကျပ် သားလျှင် (၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိ ကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ‌ဂျူးမြစ် ဈေးနှုန်း

   ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သီးနှံမျိုးစုံရောဖြစ်သည့် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ ဂျူးမြစ်၊ ကန်ဇွန်းဥ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပြောင်းဖူး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ နှင့် ပန်းငရုပ်ပွသီးတို့ကိုပါ ရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးအပတ် သစ်ရာမြိုင်ဈေးအတွင်းရှိ ဂျူးမြစ် ဈေးနှုန်းမှာ ဂျူးမြစ် လက္ကား တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဂျူးမြစ် လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ဂျူးမြစ်(၁၀)ကျပ်သားလျှင်(၁၀၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဂျူးမြစ်ကို စားသောက်ဆိုင်များ ထမင်းဆိုင် များ၊ အကြော်မျိုးစုံရောင်းချသူများ နှင့် စားဖွယ်စုံဆိုင်များမှ အသုံးပြုသည့်အတွက် ရောင်းအားကောင်း လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခဝဲသီး နှင့် ပဲစောင်းလျှားသီး ဈေးနှုန်း အခြေအနေ

   ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ခဝဲသီး၊ ပဲစောင်းလျှားသီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ကိုက်လန်၊ မုံညှင်း၊ နံနံပင်၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ခဝဲသီး နှင့် ပဲစောင်းလျှား သီးတို့ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်းသိရသည်။

    ခဝဲသီး နှင့် ပဲစောင်းလျှားသီးများသည် ကျွန်းလှမြို့ပေါ်ရပ်ကွက်နှင့် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာ၊ မန်ကျည်းအင်း ကျေးရွာနှင့် အခြားသောကျေးရွာများမှ စိုက်ပျိုးကြပြီး လက်လီ() ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၇၀၀)ကျပ် နှင့် ပဲစောင်းလျှားသီး()တောင့်ပါ()စီးလျှင်(၅၀၀)ကျပ်  ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်း ရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ရာသီမရွေး စိုက်ပျိုးရောင်းချလျက်ရှိသည့် ကောက်ရိုးမှိုဈေးနှုန်း

   ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် နှစ်စဉ် ကောက်ရိုးမှိုပျိုး၍ ရောင်းသည့်လုပ်ငန်းကို လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှို ဈေးနှုန်းမှာ ကောက်ရိုးမှို တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ (၅၀)ကျပ်သား လျှင်(၅၀၀၀)ကျပ်၊ (၂၅)ကျပ်သား (၂၀၀၀)ကျပ် နှင့်(၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ဈေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် အရောင်းအဝယ်ကောင်းလျက်ရှိသော ကုလားပဲဆံ နှင့် ပဲတီဆံ

  ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံ နှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကုန်မျိုးစုံရောင်းချသောဆိုင်များတွင် ကုလားပဲဆံ ဈေးနှုန်းများမှာ ကုလားပဲဆံ တစ်ပြည့်လျှင်(၈၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၁၁၀၀)ကျပ်ဖြင့် လည်းကောင်း၊ ပဲတီဆံ တစ်ပြည်လျှင်(၈၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ် နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ကုလားပဲဆံသည် ယခုလို ကထိန်ရာသီ၊ အလှူရာသီများတွင် ပိုမိုရောင်းအား ကောင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

နတ်တလင်းမြို့နယ်တွင် ဖြစ်ပေါ်နေသောစက်သုံးဆီဈေးနှုန်းအခြေအနေ

      မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီဆိုင်(၈)ဆိုင် ရှိရာ ၂၀၂၅ခုနှစ် ယခင်စက်တင်ဘာလ (ဒုတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၉၆၄)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၃၀၃၄)ကျပ် ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၆၁၄)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၂၁၉)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

      ယခု အောက်တိုဘာလ (ဒုတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီ ဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၇၆၃)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာ လျှင်(၂၈၃၉)ကျပ် ဒီဇယ်ရိုးရိုး တစ်လီတာလျှင်(၂၅၄၄)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၀၉၄)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

      ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ (92)တစ်လီတာလျှင် (၂၀၁)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၁၉၅)ကျပ် ၊ ဒီဇယ်ရိုးရိုးဈေးနှုန်းမှာ တစ်လီတာ (၇၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်)  တစ်လီတာလျှင်(၁၂၅)ကျပ် ဈေးကျသွားကြောင်း သိရပါသည်။

DOCA (ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း