
တောင်ငူမြို့ရှိ ညောင်ပင်ဈေးအပါအဝင် မြို့မဈေး၊ ကရင်မဈေး၊ ဘုရင့်နောင်ဈေး ၊ ဘုရားဈေး စသည့်ဈေးများတွင် သပြေညွန့် နှင့် သပြေငုတ်များ ရောင်းချလျက်ရှိရာ ယခုအခါ ဈေးနှုန်းများ မြှင့်တက်လျှက်ရှိနေသည်။
ဗုဒ္ဓဘာသာလူမျိုးများသာမက အခြားဘာသာဝင် လူမျိုးအားလုံးနီးပါးသည် ဘုရားစင်၊ နတ်စင်နှင့် အထွဋ်အမြတ်ထားသည့် နေရာများတွင် အောင်မြင်ပါစေဟူသော အဓိပ္ပာယ်ဖြင့် သပြေညွန့်နှင့် သပြေငုတ်များကို လှူဒါန်း/ပူဇော်လေ့ရှိကြသည်။
သပြေညွန့် ဈေးနှုန်းမှာ ယခင်လများက စပြီး ယခုလ နိုဝင်ဘာလ ဒုတိယအပါတ်ထိတိုင် သပြေညွန့် ၁၀ညွန့်ပါ ၁ စီး ကို ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် ထိပေးရပြီး သပြေငုတ် အသေး ၁ ငုတ်ကို ၁၅၀၀ ကျပ်မှ စပြီး ၂၅၀၀ ကျပ်၊ ၃၅၀၀ ကျပ်၊ ၄၅၀၀ ကျပ် ၊ ၅၀၀၀ ကျပ်ထိဈေးရှိပြီး သပြေငုတ်ကြီးမျာ၏ ဈေးနှုန်းများမှာ ၇၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ထိ ဈေးရှိပြီး ဖောက်သည်ယူပါက ဈေးနှုန်း အပြောင်းအလဲရှိကြောင်း နှင့် ရာသီမရွေး အမြဲရောင်းချရာ အရောင်းအဝယ်သွက်သော ပန်းတစ်မျိုးဖြစ်ကြောင်း ရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရပါသည်။
DOCA(ပဲခူး)
