Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နွားနို့ သောက်ခြင်း အကျိုးကျေးဇူးများနှင့် ဈေးနှုန်းဈေးကွက်

 

          နတ်တလင်းခရိုင်၊ ပေါင်းတည်မြိုနယ် အတွင်းလမ်းတွင် နို့စားနွားများကို တစ်ပိုင်တစ်နိုင် မွေးမြူ၍ နွားနို့များ ထုတ်လုပ် ရောင်းချလျက်ရှိရာ ပေါင်းတည်မြိုု့နယ်‌ ဈေးကွက်အတွင်း ၂၀၂၅ခု အောက်တိုဘာလ တတိယပတ်  အတွင်း နွားနို့ တစ်လီတာကို  (၂၀၀၀)ကျပ်၊ တစ်ပိသာကို (၄၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချနေကြောင်းသိရသည်။

          စားသုံးသူများက နွားနို့ ကိုသောက်သုံးကြသည့် အပြင် နို့ထွက်ပစ္စည်းများ ဖြစ်သည့် နို့ဆီ၊ ဒိန်ခဲ    ဒိန်ချဉ် မလိုင်လုံးနှင့် မလိုင်ခဲများကိုလည်း စားသုံးကြပါသည်။  နွားနို့သည် ဗီတာမင်၊ သတ္တုဓာတ်များ၊ ဗီတာမင်အေ၊ မဂ္ဂနီဆီယမ်၊ ဇင်ဓာတ်နှင် အဟာရ အကောင်းဆုံးဓာတ် များလည်းပါဝင်ပါသည်။ နွားနို့ သောက်သုံးခြင်းကြောင့် အရိုးအဆစ်များ  ကျန်းမာကြံ့ခိုင်ပြီး ပုံမှန်သောက်သုံးခြင်းကြောင့် သက်ကြီးရွယ်အိုများ အရိုးနှင့် ပတ်သက်သည့် ရောဂါများ အရိုးပွ၍ ကျိုးပဲ့လွယ်ခြင်းကိုလည်း ကာကွယ်ပေးခြင်း စသည့် ကောင်းကျိုးများစွာရရှိသည့် အတွက် နွားနို့ဖြင့် ဓာတ်တည့်သူများ သောက်သုံးပေးသင့်ကြောင်းသိရသည်။

DOCA (ပဲခူး)

 

တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် ဟင်းသီးဟင်းရွက် ဈေးနှုန်းအခြေအနေ

            တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးတွင် ဟင်းသီးဟင်းရွက်များနှင့် အသားငါးများ ရောင်းချလျက်ရှိရာ ကန်စွန်းရွက် ၁ စည်းလျှင် ၂၀၀ ကျပ် ၊ ၃ စီးလျှင် ၅၀၀ ကျပ် ဈေးနှုန်းရှိပြီး ၁၀ စည်းနှင့်အထက် ဝယ်ယူပါက ဖောက်သည်ဈေးတစ်မျိုးဖြစ်ပြီး ဟင်းနုနွယ်ရွက်မှာ ၁ စည်းလျှင် ၃၀၀ ကျပ်၊ ၃ စည်းလျှင် ၈၀၀ ကျပ်၊ ၁၀ စည်းလျှင် ၂၅၀၀ ကျပ်ဈေးနှုန်းအသီးသီးရှိပြီး ချဉ်ပေါင်ရွက်မှာ ၁ စည်းလျှင် ၁၅၀ ကျပ်၊ ၃ စည်းလျှင် ၄၀၀ ကျပ် ၊ ၁၀ စည်းလျှင် ၁၂၀၀ ကျပ်အထိ    ဈေးနှုန်းရှိပြီး သခွါးသီး ၂၅ ကျပ်သားလျှင် ၅၀၀ ကျပ် ၊ ၁ ပိဿာလျှင် ၂၀၀၀ ကျပ်၊ ရုံပတီးသီး ၂၅ ကျပ်သားလျှင် ၅၀၀ ကျပ် ၊ ၁ ပိဿာလျှင် ၂၀၀၀ ကျပ်ဈေးနှုန်း ရှိပြီး သခွားသီးနှင့် ရုံပတီးသီး ၃ ပိဿာနှင့်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိပြီး ပဲတောင့်ရှည်သီးမှာ ၁၅ တောင့်ပါ အစည်း ၁ စည်းလျှင် ၈၀၀ ကျပ် ၊ ၂ စည်းလျှင် ၁၅၀၀ ကျပ် ၊ ၇၅ တောင့်ပါ၁ ထုံးလျှင် ၄၀၀၀ ကျပ်၊ ဂေါ်ရခါးသီးမှာ အသေးအကြီး ပေါ်မူတည်ပြီး ၁ လုံးလျှင် ၂၀၀ ကျပ် မှ ၃၅၀ ကျပ် ၊၁၀ လုံးနှင့် အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိပြီး ဂေါ်ရခါးညွန့်၁ စည်းလျှင် ၁၃၀၀ ကျပ် ၊ ၂ စည်းလျှင်၂၅၀၀ ကျပ်အထိ ဈေးနှုန်းရှိကြောင်း ရောင်းချသည့်ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့တွင်ဒေသထွက် ပြောင်ဖူးများနှင့် အခြားသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိ

      ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် နတ်တလင်းမြို့နယ်ကြား ရန်ကုန်-ပြည် အဝေးပြေး ကားလမ်းဘေးတွင် ယာယီဆိုင်ခန်းများ ဆောက်လုပ်ကာ ဒေသထွက်ပြောင်းဖူးများနှင့် အခြားသီးနှံများ၊ ပဲလှော်၊ ပဲကြော်၊ မုန့်ပဲသရေစာများ ကို ၁၂ ရာသီ ရောင်းချလျက်ရှိရာ နေ့စဉ် ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိပါသည်။

      ပေါင်းတည်မြို့နယ်တွင် ဖူးစားပြောင်းကို သုံးသီးစား စိုက်ပျိုးကြောင်း  ယခု မိုးပြောင်းကို ဧက သုံးထောင်းကျော်စိုက်ပျိုးကြောင်း၊  သန့်ရှင်းလက်ဆက်၍ ဈေးနှုန်းချိုသာသော ဒေသထွက်ပြောင်းဖူး များနှင့် အခြား ရာသီပေါ်သီးနှံများနှင့် မုန့်ပဲသရေစာများကို ခရီးသွားပြည်သူများက ခရီးတစ်ထောက် နားရင်း ဝယ်ယူစားသုံးကြဖြင့် ရောင်းသူဝယ်သူ အဆင်ပြေလျက်ရှိရာ ဒေသခံပြည်သူများမှာလည်း အလုပ်အကိုင် အခွင့် အလမ်းများရရှိစေပါသည်။

      အဆိုပါဈေးတန်းတွင် ၂၀၂၅ခု အောက်တိုဘာလ တတိပတ်တွင် ပြောင်းဖူးစိမ်း တစ်ဖူးလျှင် (၅၀၀-၄၀၀)ကျပ်နှုန်း၊ ပြောင်းဖူးမီးဖုတ် တစ်ဖူး(၇၀၀-၈၀၀)ကျပ်၊ ပြောင်ဖူးစေ့ကြော် နို့ဆီဗူးတစ်ဗူး      (၈၀၀)ကျပ် (၁၀)ပြည် တစ်ပြည် (၇၀၀၀)ကျပ်၊ ပြောင်းဖူးစေ့လှော် နို့ဆီဗူးတစ်လုံး(၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ခရီးသွားပြည်သူများက ကိုယ်တိုင်စားသုံးရန်နှင့် လက်ဆောင်ပေးရန်အတွက် ဝယ်ယူကြကြောင်း သိရသည်။

DOCA (ပဲခူး)

တောင်ငူမြို့ညောင်ပင်လေးဈေးတွင် ခရမ်းချဉ်သီးနှင့်ဂေါ်ဖီထုတ်များ ဈေးနှုန်းကျဆင်းသော်လည်း နံနံပင်မှာ ဈေးနှုန်းမြင့်တက်လျက်ရှိ

  တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးထဲသို့ ရှမ်းပြည်နယ်ဘက်မှ ဟင်းသီးဟင်းရွက် အသီးအနှံများဝင်ရောက်လာကြပြီး အောက်တိုဘာလ (ဒုတိယအပါတ်)တွင် ဂေါ်ဖီထုပ် ၁ ပိဿာလျှင် ၄၀၀၀ ကျပ်ရှိပြီး ယခုအောက်တိုဘာလ (စတုတ္တအပါတ်)တွင် ဂေါ်ဖီဈေးနှုန်းမှာ (၁) ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဈေးနှုန်းကျဆင်းလာပြီး ခရမ်းချဉ်သီးမှာ အောက်တိုဘာလ (ဒုတိယအပါတ်) တွင် ၁ပိဿာလျှင် ၁၈၀၀ ကျပ် မှ ၃၀၀၀ ကျပ်ရှိပြီး ယခုအောက်တိုဘာလ (စတုတ္တအပါတ်)တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ ၁ပိဿာလျှင် ၁၅၀၀ ကျပ် မှ ၂၅၀၀ ကျပ်အထိ ဈေးနှုန်း ကျဆင်းလာပြီး ဗမာ ခရမ်းချဉ်သီး ၁ ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ဈေးနှုန်းရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိ ပါသည်။ နံနံပင်မှာ အောက်တိုဘာလ (ဒုတိယအပါတ်)တွင် ၁၀ ကျပ်သား လျှင် ၁၂၀၀ ကျပ် ၊ ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်အထိဈေးနှုန်းရှိသော်လည်း ယခု အောက်တိုဘာလ (စတုတ္တအပါတ်)တွင် နံနံပင် ၁၀ ကျပ်သားလျှင် ၂၂၀၀ ကျပ်ဈေးနှုန်းရှိပြီး ၁ ပိဿာ လျှင် ၂၀၀၀၀ ကျပ်မှ ၂၁၀၀၀ ကျပ်အထိဈေးနှုန်းမြင့်တက်သွားသော်လည်း  ရောင်းချသည့်ဈေးသည် များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်၏ ကြက်ဥ၊ဘဲဥ၊ငုံးဥဈေးနှုန်းများ

      ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ ဈေးတွင်ရောင်းချနေသော ကြက်ဥကို ရန်ကုန်မြို့မှ အများဆုံးတင်သွင်းကြပြီး ဈေးနှုန်းများကတော့ ယခင်စက်တင်ဘာလ ဒုတိယပတ်တွင် ကြက်ဥ(အသေး)(၁လုံး)ကို (၄၃၀)ကျပ်၊ ကြက်ဥ (အလတ်) (၁)လုံးကို (၄၅၀)ကျပ်၊ ကြက်ဥ(အကြီး)(၁)လုံး (၅၀၀)ကျပ်ဖြစ်ပြီး ဘဲဥ(၁)လုံး (၆၀၀)ကျပ် ၊ ငုံးဥ(၁)လုံး (၁၀၀)ကျပ်၊ မြန်မာကြက်ဥ(၁)လုံး (၇၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။ယခု စက်တင်ဘာလ တတိယပတ်တွင် ကြက်ဥ ဈေးနှုန်းများသည် တည်ငြိမ်နေပါသည်။ ဘဲဥ ၊ ငုံးဥ ဈေးနှုန်းများကတော့ အနည်းငယ် ဈေးတက်နေပါသည်။ ဘဲဥ(၁)လုံး (၆၅၀)ကျပ်၊ငုံးဥ (၉)လုံး(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း နတ်တလင်းမြို့နယ် ဈေးကွက်အတွင်းမှ သိရသည်။

DOCA (ပဲခူး)

တောင်ငူမြို့ညောင်ပင်လေးဈေးရှိ ကန်စွန်းဥနှင့်ပိန်းဥဈေးနှုန်းအကြောင်း

          တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးသို့ တောင်ငူမြို့နယ် အနီးတစ်ဝိုက်မှ ကျေးရွာများဖြစ်သော  ဆိတ်ဖူးတောင်၊ ရှမ်းဝတီးတို့မှ ဒေသခံတောင်သူများက ကန်စွန်းဥနှင့် ပိန်းဥများ ကိုယ်တိုင် လာရောက်ရောင်းချလျက်ရှိပါသည်။ ကန်စွန်းဥကိုပြုတ်စား၍ သော်လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း၊ ကန်စွန်းဥဆနွင်းမကင်းပြုလုပ်ရာတွင် လည်းကောင်း၊ ကန်စွန်းဥသာကူကြိုချက်စားရာ တွင်လည်းကောင်း အမျိုးမျိုးပြုလုပ် စားသုံးကြ ပါသည်။ ကန်စွန်းဥသည် အရွယ်အစားအလိုက်ဈေးနှုန်း ကွာခြားမှုရှိပြီး ကန်စွန်းဥရွှေဝါအသေး (၁) ပိဿာလျှင် ၂၀၀၀ ကျပ်၊ အလတ်(၁) ပိဿာလျှင် ၂၅၀၀ ကျပ်၊ အကြီး (၁) ပိဿာလျှင် ၃၅၀၀ ကျပ်ရှိပြီး ရှမ်းပြည်ဒေသမှလာသော ကန်စွန်းဥငချိတ်သည် အလုံး သေး (၁) ပိဿာလျှင် ၃၀၀၀ ကျပ်၊ အလတ်(၁) ပိဿာလျှင် ၃၅၀၀ ကျပ်၊ အကြီး (၁) ပိဿာလျှင် ၄၀၀၀ ကျပ်ရှိပြီး ပိန်းဥ (၁) ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိဈေးနှုန်းရှိပြီး ချက်စားသည့် ပိန်းဥ (၁) ပိဿာလျှင် ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ်အထိရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

 

ဒေသထွက် ကလားဝါးဥ(ခေါ်)ဝါးဥ ဈေးနှုန်းအခြေအနေ

     ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့အတွင်း ကျေးရွာများတွင် ကလားဝါးဥ (ခေါ်)ဝါးဥကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ယခုအချိန် အောက်တိုဘာလတွင် ဝါးဥရာသီချိန် ဖြစ်၍ ဝါးဥများစတင်ထွက်ရှိနေပြီး မြို့နယ်ဈေးကွက်အတွင်း ဝါးဥ တစ်ပိဿာလျှင် ငွေကျပ် (၅၀၀၀) ကျပ် ၊(၅၀)ကျပ်သား(၂၅၀၀)ကျပ်၊(၂၅)ကျပ်သား (၁၂၅၀) ကျပ်ဖြင့် ဈေးတွင် ရောင်းချလျက်ရှိရာ စားသုံးသူများ ကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။

       ဝါးဥသည် ပရိုတင်းဓာတ်နှင့် သန်ဓာတ်ကိုလည်း  အားဖြည့်ပေးပါသည်။ ဝါးဥကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများကို ရရှိစေပါသည်။ ဝါးဥပင်ကို စိုက်ပျိုးရာတွင် တကူးတက စိုက်ပျိုးစရာ မလိုဘဲ ဝါးဥကို တူးဖော်စဉ်က အပင်တက်ထွက်ရာ ဝါးဥ၏ အမြီးပိုင်းကို လက်တစ်ဆစ်ခန့်ချိုး၍ တူးယူသောကျင်း၌ ပြန်လည်မြေဖို့၍ စိုက်ပျိုးခဲ့ပါသည်။ မိုးဦးကျမှသာ အပင်တက်များ ပြန်လည်ထွက် ပေါ်ခြင်းဖြင့် ဖြစ်ပါသည်။ အပင်အမြင့်မှာ (၃ - ၄) ပေခန့် အမြင့်ရှိပြီး မိုးအကုန်တူးဖော်ရာတွင် တစ်ပင်ကို ဥပွားများ (၃ - ၄) ဥပြန်လည်ထွက်ရှိပါသည်။

     ဝါးဥသည် အထိအခိုက် အထားခံ၍ သယ်ရလွယ်ကူသောကြောင့် ဒေသမရွေးမှာပင် ဝယ်ယူ ရရှိနိုင်ပါသည်။ဓာတုဆေးဝါးလည်း ကင်းလွတ်သော အော်ဂဲနစ် သီးနှံလည်းဖြစ်၍ ရာသီပေါ် ကလားဝါးဥ (ခေါ်) ဝါးဥကို စားသုံးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။


DOCA (ပဲခူး)

တောင်ငူမြို့ညောင်ပင်လေးဈေးရှိ ရှမ်းပြည်ထွက်ဒညင်းသီးဈေးနှုန်း

          တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးသို့ တောင်ပေါ်ဒေသဖြစ်သော ရှမ်းပြည်နယ် နှင့်တောင်ငူမြို့နယ်အနီးတစ်ဝိုက်မြို့များမှ ဒေသထွက်သီးနှံများ တင်ပို့ရောင်းချလျက် ရှိရာ ယခုအခါ ရှမ်းပြည်နယ်မှတင်ပို့သောဒညင်းသီးများ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဒညင်းသီးကို ပြုတ်စားခြင်း၊ ချက်စားခြင်း၊ မီးကင်စားခြင်း၊ ဆားရည်စိမ်ခြင်း စသည်ဖြင့် နှစ်သက်ရာ စားသုံးကြပါသည်။

         ဒညင်းသီးကို အဆိပ်သီးဟုခေါ်ဆိုသော်လည်း စားသုံးမှုများသောကြောင့် အရောင်းအဝယ် သွက်လျက်ရှိကြောင်း ရောင်းချသည့်ဈေးသည်များထံမှ သိရှိရပြီး ဒညင်းသီးကို အလုံးအရွယ် အစားပေါ်မူတည်၍ အသေး ၊ အလတ်၊ အကြီးဟူ၍ သုံးမျိုးခွဲထားပြီး ဈေးနှုန်းမှာ အနည်းငယ်ကွာခြားလျက် ရှိပါသည်။ အသေး (၁၀) လုံးလျှင် ၁၀၀၀ ကျပ်၊ အလတ် (၁၀) လုံးလျှင် ၁၂၀၀ ကျပ်၊ အကြီး (၁၀) လုံးလျှင် ၁၅၀၀ ကျပ်ရှိပြီး အလုံး (၁၀၀) နှင့်အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိပြီး ရှမ်းပြည်ဒေသထွက်ဒညင်းသီးမှာ သံတောင်ဒညင်းသီးထက် ပိုစည်းပြီးပြုတ်၍ချက်စားရာတွင် ပိုမိုကောင်းမွန်ပြီး ဆားရည်စိမ်ရာတွင်လည်း အသီးမှာ ပိုမာပြီးကျွတ်သဖြင့် ထမင်းဆိုင်များမှအများဆုံး ဝယ်ယူပြီး ဆားရည်စိမ်ခြင်းအတွက် အသုံးပြု ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

အုတ်ဖိုမြို့နယ်တွင်အခြေခံစားကုန်ဈေးနှုန်းများ

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊မြို့မဈေးကြီးအတွင်း ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန် ဈေးနှုန်း များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးတွေ့ရှိမှု့အရ ကြက်သွန်နီတစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၇၀၀၀ ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ဆားတစ်ပိဿာလျှင် ၁၄၀၀ ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် ၇၂၈၅ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

          သားငါးဈေးများမှာ CP ကြက်တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်၊ဝက်သားတစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊အမဲသားတစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၃၅၀ ကျပ်မှ၄၀၀ ကျပ်၊ ဘဲဥတစ်လုံးလျှင် ၅၅၀ ကျပ်တို့ဖြစ်ပြီး CP ကြက်သားဈေးနှင့် အားလူးဈေးမှာ အနည်းငယ်မြင့်တက် နေပြီး ကြက်သွန်နီဈေးမှာ အနည်းငယ်ကျဆင်းလျက် အရောင်အဝယ်ပုံမှန်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော အာလူး နှင့် ဂျင်း(ချင်း) ဈေးနှုန်း

  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးကွက်အတွင်း အာလူးသီး နှင့် ဂျင်း(ချင်း)တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင် မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

   ယခု အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော အာလူးသီး ဈေးနှုန်းများမှာ အားလူးသီးအလုံးကြီး()ပိဿာလျှင်(၄၅၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၂၃၀၀)ကျပ်၊ (အောင်ပန်း)အာလူးသီး အလုံးသေး ()ပိဿာလျှင်(၆၀၀၀)ကျပ် (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာဂျင်း(ချင်း)တက် ()ပိဿာလျှင် (၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ထက် ဂျင်းတက်ဈေး တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများတွင်  ကြက်သွန်ဖြူ/ နီ /အာလူး /ဂျင်း(ချင်း) အရောင်းအဝယ် လုပ်နေသူထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း