Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

  မန္တလေးဂဗ္ဗလာသီးစျေးကွက်အရောင်းသွက်

    မန္တလေးစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိ၊ပြင်ဦးလွင်မြို့နယ်၊မိုးကုတ်မြို့နယ်နှင့် ရှမ်း ပြည်နယ်တို့ မှ ထွက်သည့်ဂဗ္ဗလာသီးများ အောက်တိုဘာလတတိယပတ်အတွင်း ဝင်ရောက်မှု များ ပြားပြီး၊အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ် အတွင်း ဖြစ်ပေါ်သည့်   စျေးနှုန်းများမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်၊အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊အလုံးအရွယ် အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရပါသည်။ဂဗ္ဗလာ သီးများအားအသီးအတိုင်း စားသုံးခြင်းနှင့် ကျမ္မာရေးဓါတ်စာဖျော်ရည်အဖြစ် စားသုံးခြင်းတို့ကြောင့် စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း ရေနီမြောင်းစျေးရှိသစ်သီး ရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးတည်သီးစျေးကွက်အရောင်းသွက်

            မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်တည်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်း များမှာ တည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ကျပ် စျေးတို့ ဖြင့်  ရောင်းချပြီး၊ အလုံးအရွယ်အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ဝါတွင်းကာလဖြစ်သည့်အတွက် ဘုရား ပွဲတော်များ၊အလှူပွဲများ ကျင်းပသည့်ရာသီချိန်ဖြစ်သည့်အတွက်  မန္တလေးစျေးကွက်တွင်တည်သီး များအရောင်းသွက်လျက်ရှိကြောင်း  စျေးချိုတော်ရှိသစ်သီးရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ကြက်သွန်ဖြူစျေးအနည်းငယ်ကျ

           စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့်စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူများဝင်ရောက်လျက် ရှိပြီး၊ ကြက်သွန်ဖြူပေါက်စျေးမှာ  စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တို ဘာလတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ကြက်သွန်ဖြူအမျိုးအစားအလိုက်တစ်ပိဿာပေါက် စျေးများမှာ ကြက်သွန်ဖြူ(ဗမာ) လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊ လက်လီစျေး ၆၀၀၀ ကျပ် နှင့်၆၅၀၀ ကျပ်၊ကြက်သွန်ဖြူ(ရှမ်း) လက္ကားစျေးမှာ ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၉၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ ယခင်စက်တင်ဘာလတတိယပတ် လက်လီ ပေါက်စျေးတွင် ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်စျေးဖြစ်ပေါခဲ့သဖြင့် ယခင်လ ဈေးနှင့်နှိုင်းယှဉ်ပါက စျေးအနည်းငယ်ကျဆင်းသွားကြောင်း သီရိမာလာစျေးရှိ ပွဲရုံပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရ ပါသည်။

DOCA(မန္တလေး)

အောက်တိုဘာလတတိယပတ်ရှိကြက်သွန်နီစျေး

        စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံမြို့နယ်၊ မြစ်သားမြို့နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးရှိ မုံရွာမြို့နယ်တို့မှထွက်ရှိသည့် စားဖိုဆောင်သီးနှံ ကြက်သွန်နီများဝင်ရောက်လျက် ရှိပြီး၊ ကြက်သွန်နီပေါက်စျေးမှာ  စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာ လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ကြက်သွန်နီအမျိုးအစားအလိုက် တစ်ပိဿာပေါက် စျေးများမှာ မြစ်သားကြက်သွန်နီ(လတ်) လက္ကားစျေး ၁၃၀၀ ကျပ်နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့်၁၆၀၀ ကျပ်၊မြင်းခြံကြက်သွန်နီ(လတ်) လက္ကားစျေးမှာ ၁၂၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊ လက်လီစျေး ၁၄၀၀ကျပ်နှင့် ၁၅၀၀ကျပ်၊မုံရွာကြက်သွန်နီ(လတ်)လက္ကားစျေး ၁၃၀၀ကျပ်နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့် လက်လီစျေးမှာ ၁၅၀၀ ကျပ်နှင့် ၁၆၀၀ ကျပ်တို့ဖြင့် ရောင်းချ လျှက်ရှိပြီး၊စက်တင်ဘာလတတိယပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါကစျေးငြိမ်လျှက်ရှိကြောင်းမန္တလေး စျေးချိုရှိကြက်သွန်ပွဲရုံပိုင်ရှင် တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

အောက်တိုဘာလတတိယပတ်ကျွဲကောသီးဈေးကွက်

        မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့ မှ ထွက်သည့်ကျွဲကောသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက် လျက် ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်း များ မှာကျွဲကောသီး ၁ လုံးလျှင် အလုံး(ကြီး) ၅၀၀၀ ကျပ်နှင့် ၈၀၀၀ကျပ်၊အလုံး(လတ်)  ၄၀၀၀ ကျပ် နှင့် ၄၅၀၀ ကျပ်၊ အလုံး(သေး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်စျေးတို့ ဖြင့် အလုံးအရွယ်အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း  သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း မွန်ပြည်နယ်၊ မော်လမြိုင်ဒေသထွက် ကျွဲကောသီးများအား လူကြိုက်များကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

                                                                                                     

 အောက်တိုလအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှု

           စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲသည်စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစိတ်ကျေနပ်မှုရရှိစေ ရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ် ပြဌာန်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင်ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲအနေဖြင့်စားသုံးသူများအသုံးပြုမည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေပြီး လုံခြုံစိတ်ချမှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများ ခန့်အပ်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းစေခြင်း (သို့မဟုတ်) ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကိုတားမြစ်ခြင်း၊စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များကို လိုက်နာမှုရှိစေရေးအသိပညာပေးဆွေးနွေးခြင်း၊ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကို စိစစ်ဆောင်ရွက်ခြင်းနှင့် ၁.၁.၂၀၂၅ ရက်နေ့မှစ၍ Online Sale မှတ်ပုံတင် လျှောက်ထားသည့်အချက်အလက်များ မြေပြင်မှာ အမှန်တကယ် မှန်ကန်မှုရှိ/မရှိ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆိုင်ရာကိစ္စများ နှင့် စပ်လျဉ်း လှုပ်ရှားဆောင်ရွက်မှုများကို သက်ဆိုင်ရာဌာနများ၊ စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ အစိုးရနှင့် အခြားအဖွဲ့အစည်းများပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များမှလည်း စီးပွားရေးလုပ်ငန်းကျင့်ဝတ်နဲ့အညီ လုပ်ကိုင်ဆောင်ရွက်မှုများ တိုးတက်လာပြီး စားသုံးသူများမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို မှန်ကန်စွာ ရွေးချယ်ဝယ်ယူနိုင် သည့် အခွင့်အလမ်းများ အပြည့်အဝရရှိနိုင်မည်ဖြစ်ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုများကိုလည်း အရေးဆို တိုင်ကြားလာမှုများအား အမြန်ဆုံး အရေးယူဆောင်ရွက်ပေးမှုများ လုပ်ဆောင်ပေးနိုင် ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ တာဝန် ယူမှု၊တာဝန်ခံမှုရှိသော အပြုအမှုများ ဖြစ်ပေါ်လာစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နှင့်စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊အောက်တိုဘာလတွင်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအနေဖြင့်ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း၊ ပုံမှန်စစ်ဆေးရာတွင် တိုင်းရင်းဆေးအမျိုးမျိုးအား ဦးစားပေး ကုန်စည်အဖြစ် သတ်မှတ်ပြီး၊ မြို့နယ်များအတွင်းရှိ ဈေးများ၊ ရပ်ကွက်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များ၊ ကျောင်းမုန့် ဈေးအရောင်းဆိုင်များသို့သွားရောက်၍စစ်ဆေးခြင်း၊ကုန်အညွှန်းအမှတ်အသားများစိစစ်ဆောင် ရွက်ပေးခြင်း၊အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်စက်သုံးဆီအရောင်းဆိုင်များ၊ စားအုန်း ဆီအရောင်းဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသို့သွားရောက်၍သတ်မှတ် ဈေးနှုန်း ဖြင့်ရောင်းချမှုရှိ/မရှိ နှင့်ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိတို့အားစစ်ဆေးခြင်း၊လုပ်ငန်းရှင်များ လာရောက်လျှောက်ထားသည့် ကုန်အညွှန်းအမှတ်အသားများစိစစ်ပေးခြင်း၊ ကုန်အညွှန်းအမှတ် အသားများနှင့်စပ်လျဉ်း၍ ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများ၊ စက်ရုံများ၊ ကုမ္ပဏီများနှင့် ပြည်ပမှ ကုန်စည်တင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းများ၊ အလုပ်ရုံများသို့ ဈေးကွက်မရောက်မီ စစ်ဆေးခြင်းနှင့် Online Saleမှတ်ပုံတင်လျှောက်ထားသည့်အချက်အလက်များ မြေပြင်မှာ အမှန် တကယ်မှန်ကန်မှုရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ နှင့်၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် ဩဂုတ်လမှနိုဝင်ဘာလအထိ ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပဲသီးတောင့်ရှည်ကပေးသော ကျန်းမာရေးအကျိုးကျေးဇူးနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

    ပဲသီးတောင့်ရှည်၏အင်္ဂလိပ်အမည်မှာ POLE BEAN, YARD LONG BEAN တို့ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Vigna sinensis နှင့် မျိုးရင်းအမည်မှာ LEGUMINOSAE ဖြစ်ပါသည်။ ပဲသီးတောင့်ရှည်၏ မူရင်းဒေသမှာ အာဖရိကတိုက်အလယ်ပိုင်း၊ အရှေ့မြောက်အာဖရိက၊ အိန္ဒိယ၊ အာရှတိုက်တို့ဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားနှင့် ကမ္ဘာ့နေရာ အနှံ့အပြားတွင် စိုက်ပျိုး ကြပါသည်။ ပဲသီးတောင့်ရှည်တွင် အပင်ပုမျိုး(နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး(နွယ်တက်မျိုး) ဟူ၍ နှစ်မျိုးခွဲခြားထားကြောင်းသိရပါသည်။ အပင်ရှည်မျိုးကိုတိုင်ထောင်၍ စိုက်ပျိုးကြသည်။ အတောင့် အရောင်အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍ အမျိုးမျိုးကွဲပြားစွာရှိပြီး အစေ့အရောင်မှာ မျိုးအလိုက် အနီရောင်ပြောင်၊ အနီရောင်နှင့် အပြာရောင်ရောနှောနေသော အရောင်ဟူ၍ အမျိုးမျိုး ကွဲပြားစွာရှိကြောင်း သိရပါသည်။    

       ပဲသီးတောင့်ရှည်တွေဟာ နေ့စဉ်စားသုံးနေကျ ဟင်းလျာတွေထဲမှာ မကြာခဏတွေ့ရတတ် လေ့ရှိတဲ့ အသီးအရွက်တစ်မျိုးပါ။ အိမ်ချက်ဖြစ်ဖြစ်၊  စားသောက်ဆိုင်တွေမှာပဲဖြစ်ဖြစ်ပြုတ်စားမလား၊  ကြော်စားမလား အမျိုးမျိုးလုပ်စားနိုင်တဲ့အပြင် မုန့်တီသုပ်၊ မုန့်ဟင်းခါး၊ အာပူလျှာပူအစရှိသည့် အစိမ်းလိုက်တောင် ထည့်သွင်းစားသုံးတတ်ကြပါသေးသည်။ ပဲသီးတောင့်ရှည်တွင်  ဖိုက်ဘာဓာတ် ကြွယ်ဝစွာပါဝင်ပြီး ပျော်ဝင်လွယ်သည့်အစာမျိုးဖြစ်တာမို့  ကိုယ်တွင်းရှိ သွေးချိုပမာဏ ပုံမှန် ဖြစ်အောင် ထိန်းသိမ်းရာမှာ အထူးကောင်းမွန်ပါသည်။ အရိုးနှင့်သွားကျန်းမာသန်စွမ်းဖို့အတွက် သာမက အာရုံကြောနှင့်ကြွက်သားများ ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက်လည်း အခြေခံကျသည့် သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ကယ်လ်စီယမ်ဓာတ်ကိုလည်း ပဲသီးတောင့်ရှည်စားသုံးခြင်းဖြင့် ရယူ နိုင်ပါသည်။  အာရုံကြောဖွဲ့စည်းမှု၊ အလုပ်လုပ်မှုတို့အတွက်သာမက ကြွက်သားတွေအတွက်  အထူးအရေးပါတဲ့   ပိုတက်စီယမ်ဟာဆိုရင်လည်း ပဲသီးတောင့်ရှည်ကပေးစွမ်းနိုင်တဲ့ အာဟာရဓာတ် တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဈေးကွက်အတွင်းတွင် လက်လီဈေးနှုန်းအနေဖြင့် ပဲသီးတောင့်ရှည်  (၁) ပိဿာလျှင်  (၃၀၀၀) ကျပ်၊ လက်ကားဈေးနှုန်းအနေဖြင့် ပဲသီးတောင့်ရှည် (၁) ပိဿာလျှင် (၂၀၀၀ ) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၄၁၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ  ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၄၁၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါ​သည်။      

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

          သောကြာနေ့တိုင်း တစ်ပတ်တစ်ကြိမ် စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခု တစ်ပတ်(၂၄.၁၀.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲ မှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၇၀ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၆၇၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၃၈၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၉၀၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၇၉၀ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၇၀၅ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၄၆၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၃၀၀ ကျပ် ဖြစ်ကြောင်း၊ ယခုတစ်ပတ်သောကြာနေ့တွင် စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခု တစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်)မှာ ၁၀၀ ကျပ် ဈေးကျပြီး  ဒီဇယ်(ရိုးရိုး) မှာ ၈၅ ကျပ် ဈေးကျပါကြောင်း၊  ဓါတ်ဆီ (အဆင့်မြင့်)မှာ ၀ ကျပ်ဈေးကျပြီး  ဓါတ်ဆီ(ရိုးရိုး)မှာ ၅ ကျပ် ဈေးကျလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၂၄.၁၀.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

        ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၂၄.၁၀.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၈၅၄၅၀၀) ကား (၁၂၀) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၂၉၅၀၀) ကား (၃) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၆၁၅၀၀)  ကား (၄၇) စီးဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း