Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောက်တိုဘာလ ဒုတိယပတ် နွားထိုးကြီးမြို့နယ်၏ စက်သုံးဆီရောင်းချမှု အခြေအနေ

  နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ် စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၁၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၁၆၅)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိ ရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၀-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

DOCA(မန္တလေး)

အောက်တိုဘာလ ဒုတိယပတ် တောင်သာမြို့နယ်၏ စက်သုံးဆီရောင်းချမှု အခြေအနေ

  တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာဒုတိယပတ် စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၉၀)ကျပ်၊ 95 Octance (၂၉၆၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၆၅) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၁၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၀-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

DOCA(မန္တလေး)

အောက်တိုဘာလ ဒုတိယပတ် မြင်းခြံမြို့နယ်၏ စက်သုံးဆီရောင်းချမှု အခြေအနေ

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ်ဖြစ် ကြောင်း သိရှိရသည်။

   မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင် (၂၈)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ် စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance (၂၉၀၀)ကျပ်၊ 95 Octance (၂၉၇၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၂၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တ‌လေး)

ပခုက္ကူမြို့၏ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်း အခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌အောက်တိုဘာလ (စတုတ္ထပတ်)တွင် ဘိလပ် မြေဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းပြီး ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ် လျှင် ကျပ်(၂၀၀၀၀) အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၀၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပြီး ဆိုင်များတွင် လက်ကျန်အခြေအနေ လုံလောက်စွာရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (စတုတ္ထပတ်)တွင်  အသုံးများသော ဓာတ်မြေဩဇာ ဈေးနှုန်း များမှာ  ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀) တရုတ်တီစူပါ သံကွင်း (50)kg ပါ တစ် အိတ်လျှင် ကျပ်(၁၆၀၀၀၀) မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ် (၁၅၀၀၀၀) ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၈၅၀၀၀) ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀) တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၇၅၀၀၀) အာမို ကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀) ဈေးဖြင့် အာမိုမှ ထုတ်လုပ်သော ဓာတ်မြေ ဩဇာများမှာ ပို၍အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင် အပတ်ထက် ဈေးနှုန်း အနည်းငယ်ကျဆင်း သွားကြောင်း၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမိုမက်နီ ဖော့(500)cc တစ်ဘူးလျှင် ကျပ်(၆၅၀၀၀) အာမိုမက်နီဖော့()လီတာတစ်ဘူးလျှင် ကျပ် (၁၁၆၀၀၀) မိုစတား()လီတာတစ်ဘူးလျှင်ကျပ်(၆၆၀၀၀)၊ အာမိုအီမာ(၂၅၀)ccတစ်ဘူးလျှင် ကျပ် (၁၇၀၀၀) (၅၀၀)cc တစ်ဘူးလျှင် ကျပ်(၃၂၀၀၀) ()လီတာ တစ်ဘူးလျှင် ကျပ်(၆၀၀၀၀) ဂျက် ကက်မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၆၀၀၀) ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၁၀၀၀) ဩဘာငှက်ကြီးတောင်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၃၅၀၀၀) ဩဘာငှက်ကြီး တောင်(၂၅၀)cc တစ်ဘူးလျှင်ကျပ်(၆၀၀၀၀)၊မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ် (၄၅၀၀၀) (250)cc တစ်ဘူးလျှင် ကျပ်(၂၅၀၀၀) မင်းမဟော် ဂုတ်မက်ပ် (၂၅၀)cc တစ်ဘူးလျှင် ကျပ်(၃၆၅၀၀)(၅၀၀)cc တစ်ဘူးလျှင် ကျပ်(၆၁၀၀၀) ဈေးနှုန်းအသီးသီးဖြင့် ယခင် (ဒုတိယပတ်) ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်သည် တောင်သူများ စိုက်ပျိုးချိန်ဖြစ်၍ ပိုးသတ်ဆေးများထက်  ဓာတ်မြေဩဇာများမှာပို၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဘီးလင်းမြို့တွင် ဒေသထွက်ဆန်ဈေးနှုန်းအနည်းငယ်တက်လာ

      ၂၇.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဒေသထွက်ဆန်‌ဈေးနှုန်း ယခင်လထက် အနည်းငယ်တက်လာကြောင်းသိရသည်။ လက်ရှိဈေးနှုန်းများအနေဖြင့် ကျားပျံဆန် (၁၈၀) ပေါင် (၁) အိတ် ၁၄၀,၀၀၀ ကျပ်၊ ပေါ်ဆန်းဆန် (၁၈၀) ပေါင်အိတ် ၁၂၀၀၀၀ ကျပ်၊ ကမာကြည်ဆန် (၁၀၈) ပေါင်အိတ် ၈၀၀၀၀ ကျပ်နှင့် ဧည့်မထ(ရှယ်) (၁၀၈) ပေါင်အိတ် ၇၀၀၀၀ ကျပ်တို့ဖြင့် ရောင်းချနေကြောင်း သိရှိရသည်။

     ဈေးတက်လာခြင်းအကြောင်းအရင်းမှာ မိုးရာသီအကုန်တွင် ထုတ်လုပ်မှုနည်းခြင်း၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ တက်လာခြင်းတို့ကြောင့် ဈေးအနည်းအငယ် တက်လာရခြင်းဖြစ်သည်ဟု ဒေသခံကုန်သည်များ၏ ပြောကြားချက်အရသိရပါသည်။

  DOCA (မွန်)

ရွှေဘိုဈေးကွက်ရှိ မိုးမြေပဲလုံးဆံဈေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ခုနှစ် ဒေသထွက်မိုးမြေပဲများ ဩဂုတ်လ၊ တတိယအပတ်မှ စတင်၍ ရွှေဘိုမြို့ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ()ပြည်လျှင် (၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(၁)ပြည်လျှင်(၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆီကြိတ်ခွဲမည့်သူများ၊ ဆောင်းမြေပဲစိုက်ပျိုးရန်အတွက် မျိုးပြုလုပ်မည့်သူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံရောင်းချသည့်ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သရက်မြို့၏ မုန်ညှင်းရွက်/မုန်ညှင်းဖူး ဈေးနှုန်းအခြေအနေ

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မဈေးနှင့် အခွန်လွတ်ဈေးများတွင် ပတ်ဝန်းကျင်ကျေးရွာရှိ ခြံစိုက်ခင်းများမှ ထွက်ရှိသော မုန်ညှင်းဖူး/မုန်ညှင်းရွက်များယခု အောက်တို ဘာလ(ပထမပတ်)မှ စတင်၍ ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိကြောင်း သိရသည်။

          မုန်ညှင်းကို မုန်ညှင်းရွက်/မုန်ညှင်းဖူး ဟူ၍ (၂)မျိုးရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်) တွင် မုန်ညှင်းရွက်(၁)ပင်လျှင် လက်ကားဈေး ကျပ်(၄၅၀)၊ လက်လီ(၁)ပင်လျှင် ကျပ်(၅၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ မုန်ညှင်းဖူးမှာလည်း လက်ကား ဈေးမှာ မုန်ညှင်းဖူး (၁)စီးလျှင် ကျပ်(၂၅၀)၊ လက်လီဈေးမှာ (၁)စီးလျှင် ကျပ်(၃၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မုန်ညှင်းရွက်/မုန်ညှင်းဖူးများမှာ ဆောင်းရာသီတွင် ပိုမိုဖြစ် ထွန်းသော်လည်း ဈေးနှုန်းမှာ သိသိ သာသာပြောင်းလဲမှုကြောင်း ဟင်းသီးဟင်းရွက်ရောင်းချ သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေထောက်ပဲ(အဖြူနှင့်အညို)ဈေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ရွှေဘိုမြို့တွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ တိယအပတ်တွင်ရောင်းချသည့် မြေထောက်ပဲ(ဖြူ)ဈေးနှုန်းမှာ ()ပြည်လျှင်(၈၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၆၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ဖြူ)(၁)ပြည်လျှင် (၈၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေထောက်ပဲ(ဖြူ)()ပြည်လျှင် (၁၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီးဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဘိုပဲဈေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ တရုတ်ပဲကြီးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် တရုတ်ပဲကြီးများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန် ဒေသတွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

         ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ တိယအပတ်တွင် ရောင်းချသည့် ဘိုပဲဈေးနှုန်းမှာ ()ပြည်လျှင်(၁၃၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၁၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ (၁) ပြည်လျှင်(၁၃၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ပဲလွန်းပြာနှင့် ပဲလွန်းဖြူဈေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲလွန်း(၂၃၀၇)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲလွန်းပြာနှင့် ပဲလွန်းဖြူများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

         ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ တိယအပတ်တွင်ရောင်းချသည့် ပဲလွန်းပြာ ဈေးနှုန်းမှာ ()ပြည်လျှင်(၅၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ (၁)ပြည်လျှင် (၅၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

          ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ တိယအပတ်တွင်ရောင်းချသည့် ပဲလွန်းဖြူ ဈေးနှုန်းမှာ ()ပြည်လျှင်(၆၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ (၁)ပြည်လျှင် (၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့်ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း