
ထန်းသီးမှထွက်လာသော အစို့ကို ထန်းမြစ် (ထန်းပင်မြစ်) ကို မီးဖုတ်၍လည်းကောင်း၊ ပြုတ်၍ လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးလေ့ရှိကြပါသည်။ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများ ဖြစ်သောမှော်ဇာ၊ ပုတီးကုန်း၊ ပေါင်းတလည်ကျေးရွာများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုး ကြပြီး ပြည်မြို့ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများသို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။အဆိုပါထန်းမြစ်စိုက်ပျိုးရန်အတွက်ထန်းသီးအစေ့ရင့်များကိုဝါဆိုလနှင့်ဝါခေါင်လတို့တွင်မြေကျင်းများတူး၍မြှုပ်ပြီးစိုက်ပျိုးကာတန်ဆောင် မုန်းဆန်းပိုင်းလောက်တွင် ထန်းပင်မြစ်များ တူးဖော်ရောင်းချကြပါသည်။ ယခုအချိန်တွင် ထန်းပင်မြစ်များ စတင်ထွက်ပေါ်လာပြီ ဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ ထန်းပင်မြစ် (၁၀) ချောင်းပါတစ်စည်းလျှင် (၂၅၀၀ - ၃၀၀၀) ကျပ်တို့ဖြင့် ဈေးကောင်းရ ရောင်းချနေကြောင်း သိရပါသည်။
DOCA (ပဲခူး)
