
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက် ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ တောင်သာ၊ မုံရွာ၊ ပခုက္ကူဒေသတို့မှ ကြက်သွန်နီ (၄၂၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၁၆၈၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၉၀၀၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၅၅၀၊ မုံရွာ ကြက်သွန်နီ(အသစ်)အချော တစ်ပိဿာ ကျပ် ၅၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၇၀၀၊ တောင်သာ ကြက်သွန် နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၄၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၇၀၀၊ အကြီးမှာ ကျပ် ၁၀၅၀၊ ရှယ်မှာ ကျပ် ၁၃၅၀၊ ပခုက္ကူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၅၀ ၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀ ဈေးတို့ အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။
၁၀.၁၁.၂၀၂၅ ရက်နေ့တွင် ဆိပ်ဖြူကြက်သွန်နီဈေးမှာ ၆.၁၁.၂၀၂၅ ရက်နေ့ကထက် ဈေး အနည်းငယ်ကျပြီး၊ ပခုက္ကူကြက်သွန်နီမှာ ဈေးတက်လျက်ရှိပါသည်။ မုံရွာကြက်သွန်နီဈေးနှုန်းမှာ ၆.၁၁.၂၀၂၅ ရက်နေ့ကအတိုင်း ဈေးတည်ငြိမ်နေ ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)
