Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော ကျောက်သခွားမွှေးသီး နှင့် သလဲသီး ဈေးနှုန်း

  ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် သရက်သီး၊ သီးသီး၊ နဂါးမောက်သီး ၊ ပိန္နဲသီး၊ ဂွေးသီး ၊ နာနတ်သီး၊ မက်မန်းသီး၊ ငှက်ပျောသီး၊ သလဲသီး၊ ဇီးပန်းသီး၊ ပန်းသီ၊ ပန်းသစ်တော်သီး၊ တရုတ်တည်သီး၊ ထောပတ်သီး စောင်းလျှားသီး၊ ဩဇာသီး၊ အုန်းသီး နှင့် မာလကာသီးများကို ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ရောင်းချနေသော  ကျောက် သခွားမွှေးသီး ဈေးနှုန်းများမှာ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၇၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၆၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊  သလဲသီး အကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ အသေး (၁)လုံးလျှင်(၃၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ တဆင့် ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေတောင်ဒေသထွက် အာတာလွတ် (ခေါ်) ဝါးဥ

        အာတာလွတ်ဥပင်သည် ယနေ့အချိန်အခါတွင် ဈေးကောင်းရရှိပြီး တောင်သူများအတွက် အကျိုး ဖြစ်ထွန်းသော သီးနှံတစ်မျိုးဖြစ်ပါသည်။ အာတာလွတ်ပင်သည် အကြမ်းခံရုံသာမက စိုက်ပျိုးစဉ်ကာလ တစ်လျှောက်တွင် အခြားသောသီးနှံများကဲ့သို့ အသေးစိတ်ဂရုစိုက်စရာ မလိုအပ်ပေ၊ နေရာဒေသမရွေး စိုက်ပျိုးကျရသော သီးနှံဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှပိဿာ (၃၀၀၀) ကျော် ထိ ထွက်ရှိပါသည်။ ယခုအချိန်အခါတွင် ပြည်မြို့ အတွင်းရှိ ဈေးကွက်များတွင် အာတာလွတ် (ခေါ်) ဝါးဥ များ ဝင်ရောက် ရောင်းချလျက်ရှိနေပြီ ဖြစ်ပါသည်။ ၎င်းအာတာလွတ် (ခေါ်) ဝါးဥများကို ရွှေတောင်မြို့ နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် စိုက်ပျိုးကြပြီး ထွက်ရှိလာသော အာတာလွတ် (ခေါ်) ဝါးဥကို ရွှေတောင်မြို့ရှိဈေးကွက်များနှင့် ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အာတာလွတ် (ခေါ်) ဝါးဥကို တစ်ပိဿာလျှင် (၄၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)

ဈေးကောင်းရနေတဲ့ ထန်းပင်ပေါက်

     ထန်းသီးမှထွက်လာသော အစို့ကို ထန်းမြစ် (ထန်းပင်မြစ်) ကို မီးဖုတ်၍လည်းကောင်း၊ ပြုတ်၍ လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးလေ့ရှိကြပါသည်။ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများ ဖြစ်သော မှော်ဇာ၊ ပုတီးကုန်း၊ ပေါင်းတလည်ကျေးရွာများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုး ကြပြီး ပြည်မြို့ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ အဆိုပါ ထန်းမြစ် စိုက်ပျိုးရန်အတွက် ထန်းသီးအစေ့ရင့်များကို ဝါဆိုလနှင့် ဝါခေါင်လတို့တွင် မြေကျင်းများတူး၍ မြှုပ်ပြီး စိုက်ပျိုးကာ တန်ဆောင်မုန်းလဆန်းပိုင်းလောက်တွင် ထန်းပင်မြစ်များ တူးဖော်ရောင်းချကြပါသည်။ ယခုအချိန်တွင် ထန်းပင်မြစ်များ စတင်ထွက်ပေါ်လာပြီ ဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ ထန်းပင်မြစ် (၁၀) ချောင်းပါတစ်စည်းလျှင် (၂၅၀၀ - ၃၀၀၀) ကျပ်တို့ဖြင့် ဈေးကောင်းရ ရောင်းချနေကြောင်း သိရပါသည်။

DOCA (ပဲခူး)

ပြည်ဒေသထွက် ကျွဲကော်သီး

   ကျွဲကော်ပင်များအား ပြည်မြို့နှင့် ဒေသတစ်ဝိုက် ကျေးလက်ဒေသများနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ယခုအချိန် ဈေးကွက်အတွင်း ရောင်းချနေကြသော ကျွဲကော်သီးများမှာ ဝါဆိုသီးများဖြစ်ပါသည်။ သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများတွင် လှိုင်လှိုင်ထွက်ရှိကြပါသည်။ ဒေသထွက် ကျွဲကော်သီးများကို ဒေသတွင်း သစ်သီးဒိုင်များမှ တစ်ဆင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချ ကြပါသည်။ ကျွဲကော်သီးအကြီးတစ်လုံးလျှင် (၃၅၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀) ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA (ပဲခူး)

မုံရွာမြို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ‌ချောင်းဈေးနှုန်းအခြေအနေ

   မုံရွာမြို့တွင် ၂၀၂၅ခုနှစ် စက်တင်ဘာလ စတုတ္ထအပတ်တွင် ရောင်းချလျက်ရှိသော ဆောက် လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံး(၃)မူးတစ်တန်ကျပ် ၁၉၅၀၀၀၀၊ (၅)မူးတစ်တန် ကျပ် ၁၇၅၀၀၀၀၊ (၆)မူးတစ်တန် ကျပ် ၂၂၀၀၀၀၀ ဈေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ စတုတ္ထအပတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံး (၃)မူးတစ်တန်  ကျပ် ၁၈၀၀၀၀၀၊  (၅)မူးတစ်တန် ကျပ်၁၇၀၀၀၀၀၊ (၆)မူးတစ်တန် ကျပ် ၂၁၀၀၀၀၀  ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

‌   ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းဈေးနှုန်းများကို ၂၀၂၅ခုနှစ် စက်တင်ဘာလ စတုတ္ထအ ပတ်နှင့် ၂၀၂၅ခုနှစ် အောက်တိုဘာလ စတုတ္ထအပတ်တို့ ဈေးနှုန်းများနှိုင်းယှဉ်ရာတွင် (၃)မူးတစ် တန်  ကျပ်(၁၅၀၀၀၀) ၊ (၅)မူးတစ်တန် ကျပ် (၅၀၀၀၀) ၊ (၆)မူးတစ်တန် ကျပ် (၁၀၀၀၀၀)တို့ဖြင့် ဈေးနှုန်းများကျလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

၃၀.၁၀.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

        ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၃၀.၁၀.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၈၂၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၇၀၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၅၅၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခုတစ်ပါတ်တွင် မြေပဲဆီဆံတစ်ပိဿာလျှင် ၇၅၀၀ ကျပ်ခန့် ရှိရာမှာ ၇၆၀၀ ကျပ်ခန့်၊ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် ၁၅၆၀၀ ဝန်းကျင်ရှိရာမှ တန်ချိန် ၁၅၀၀ ရှိမည်ဟုခန့်မှန်းကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်မြို့ရှိ နံနံပင် ဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ရှိ ကျေးရွာများတွင် ရာသီပေါ် နံနံပင်များ ရောင်းချနေ ကြောင်းသိရသည်။နံနံပင်များကို ရွှေတောင်မြို့၊ ဝါးတော၊ ဝါးလည်ကျေးရွာများတွင် စိုက်ပျိူး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ရွှေတောင်မြို့၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ နံနံပင်များကို ရွှေတောင်မြို့ ဈေးများနှင့် အနီးအနားရှိ ကျေးရွာများတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။နံနံပင်များကို အစည်းစည်း၍ ရောင်းချရာ (၅)ပင်စည်း တစ်စည်းလျှင် (၂၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၂၀၀၀) ကျပ်တို့ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA (ပဲခူး)

ပြည်မြို့မှ မုန့်ဟင်းခါး(မုန့်ဖတ်)ဈေးနှုန်း

       ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် မုန့်ဟင်းခါး(မုန့်ဖတ်) လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြကြောင်းသိရသည်။မုန့်ဟင်းခါး(မုန့်ဖတ်) များကို အနီးအနားကျေးရွာရပ်ကွက်များမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်ဟင်းခါးရောင်းချနေသူများ၊ ရခိုင်မုန့်တီရောင်းချသူများ၊ အလှူ၊ မင်္ဂလာ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ တတိယပတ်တွင် ရောင်းချလျက်ရှိသော မုန့်ဟင်းခါး၊ မုန့်တီ မုန့်ဖတ်ဈေးနှုန်းများမှာ မုန့်ဖတ်(၂၅)ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀) ကျပ်နှင့် (၁)ပိဿာလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အောင်ဆန်းရပ်ကွက်တွင် မုန့်ဖတ်လုပ်ကိုင်ရောင်းချသူ ဦးသန်းဦးထံမှ သိရသည်။

DOCA (ပဲခူး)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၆၀၆၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၄၂၄၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၉၅၀၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၇၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်)အချော တစ်ပိဿာ ကျပ် ၆၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၀၀၀၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၈၀၀၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၀၀၊ အကြီးမှာ ကျပ် ၁၃၀၀၊ ရှယ်မှာ ကျပ် ၁၇၀  ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ် ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်အထက် ဈေးအနည်းငယ်ကျသွားပြီး မြင်းခြံနှင့် မုံရွာကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတူညီနေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ဒေသထွက် ဂန္ဓမာပန်းဈေးကွက်

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ကျေးရွာများဖြစ်ကြသော မှော်ဇာ၊ သန္ဓပင်၊ တောင်လုံးညိုကျေးရွာများတွင် ဂန္ဓမာပန်းများကို အများအပြားစိုက်ပျိုးကြသည်။ ဂန္ဓမာပန်းတွင် အမျိုးကွဲပေါင်းများစွာရှိပြီး ပန်းပွင့်ပုံစံ၊ အရွယ်အစားပေါ်မူတည်ပြီး အမည်အမျိုးမျိုးခေါ်ဝေါ်ကြပါ သည်။ ပြည်ဒေသတွင်  ခေါ်ဝေါ်သော ဂန္ဓမာပန်းများစွာထဲမှ ဂန္ဓမာစံပါယ်ဖြူ၊ ဂန္ဓမာစံပါယ်ဝါ၊ ဂန္ဓမာဗူဖောင်းမျိုးများကို စိုက်ပျိုးရောင်းချကြသည်။ ပြည်မြို့၊ ဈေးကွက်များအပြင် အနီးအနားရှိ ကျေးရွာများသို့လည်း ရောင်းချကြောင်းသိရသည်။

     ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် ယခင်နှစ်ဂန္ဓမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် (၂၀၀၀-၂၅၀၀)ကျပ်ရှိခဲ့ရာ ယခုနှစ် အောက်တိုဘာလတွင် ဂန္ဓမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် (၄၀၀၀-၄၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်းသိရသည်။

DOCA (ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း