Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းကုန်းမြို့နယ် အမှတ်(၁)အတွင်းရှိ စားသောက်ဆိုင်များသို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၂)အတွင်းရှိစားသောက်ဆိုင်အား ကွင်းဆင်း စစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော စားသောက်ဆိုင်များရှိ စားဖိုဆောင် များတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထားရှိသော စားသောက်ကုန် ပစ္စည်းများလုံခြုံစွာ ဖုံးအုပ်ထားရှိမှုအခြေအနေ၊ အစားအစာများ ချက်ပြုတ်ရာတွင် အသုံးပြု သော အိုး၊ခွက်၊ဇွန်း၊ခရင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အသား/ငါး များကို လှီးဖြတ်ရာတွင် အသုံးပြုသော စဉ့်နှီးတုံးများ အား ဆေးကြော၍ စနစ်တကျ ထားရှိကြရန်နှင့် ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ယင်ကောင်ကြောင့် ဖြစ်သော ဝမ်းပျက်/ ဝမ်းလျှော ကာလဝမ်း ရောဂါများ ဖြစ်ပွားမှုမရှိစေရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

(DOCA)ဧရာဝတီ

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် အတူပူးပေါင်း၍ (၁၄.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပုသိမ်-မုံရွာရေဦးလမ်းမကြီး၊   PEC Private ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဈေးတန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ မုန့်ရောင်းချသူများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိပါက ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့်အတူပူးပေါင်း၍ (၁၄.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မဟာဗန္ဓုလလမ်း၊ အ.ထ.က (၁) ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဈေးတန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ မုန့်ရောင်းချသူများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိပါက ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့်အတူပူးပေါင်း၍  (၁၄.၈.၂၀၂၅)  ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကုန်သည်လမ်း၊ အ.ထ.က (၆) ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဈေးတန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ မုန့်ရောင်းချသူများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိပါက ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် အတူပူးပေါင်း၍ (၁၄.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ယိုးဒယားကုန်းလမ်း၊ အ.ထ.က (၂) ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဈေးတန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ မုန့်ရောင်းချသူများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိပါက ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တွင် MYRO မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးဟောပြောခြင်း

        ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၁၄.၈.၂၅) ရက်နေ့၊ နံနက်(၉း၀၀) နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲ များအား စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်/စပါးအသင်းချုပ်တို့ပူးပေါင်း ဆောင်ရွက် နေသော ဆန်/စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များ MYRO ဆောင်ရွက်ရာတွင် ဆန် တန် (၂၅) နှင့်ညီမျှသော သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း (၂၅၀၀) နှင့် အထက်  သိုလှောင်ထားသော သိုလှောင်ရုံများအားအရေးယူအပြစ်ပေးခြင်းခံရမည်ဟုသော သတင်းများမှာ မဟုတ်မှန်သော သတင်းများသာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

Doca (ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စပါး/ဆန် လက်ကျန် ကွင်းဆင်းစစ်ဆေး

    ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၁၅.၈.၂၅) ရက်နေ့၊ နံနက်(၉း၀၀) နာရီ အချိန်တွင် အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဦးအောင်ကိုကိုဆန်း၏ (နေယု) ဆန်စက်သို့ သွားရောက်၍ ဆန်စက်မန်နေဂျာဖြင့်တွေ့ဆုံ၍ MYRO မှတ်ပုံတင် ထားရှိသော်လည်း စပါးအဝယ်စာရင်း၊ စပါးကြိတ် စာရင်း၊ စပါးလက်ကျန်စာရင်းများကို လစဉ် တင်ပြရန်၊ ဆန်လက်ကျန်အခြေအနေ၊ ဈေးနှုန်း၊ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ စပါးအမျိုးအစား အလိုက် လက်ကျန်အခြေအနေ၊ ယခုလက်ရှိ ဝယ်ယူမှုအခြေအနေဈေးနှုန်း၊ လုပ်သားအခြေအနေ၊ လျှပ်စစ်မီးရရှိမှု၊ ဒီဇယ်အင်ဂျင်ဖြင့် လည်ပတ်မှုအခြေအနေတို့ကို ကွင်းဆင်းမေးမြန်း ဆောင်ရွက်ခဲ့ ပါသည်။

Doca (ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ Talk Show  ဆောင်ရွက်မှု

      စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်‌တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(ဦးစီးမှူး)သည် (၂၀-၈-၂၀၂၅) ရက်‌နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် ဥတ္တရခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Online ဖြင့်‌ရောင်းချခြင်းအတွက် Online မှတ်ပုံတင်ခြင်း အကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏” လုပ်ငန်း တာဝန်များအကြောင်း Talk Show  ဆွေးနွေးပြောကြားခဲ့ပါသည်။

     ဆွေးနွေးပြောကြားရာတွင် Online ဖြင့် ရောင်းချခြင်းအတွက် မှတ်ပုံတင်ရာတွင် တင်ပြရမည့် အချက်အလက်များ ကုန်စည်(၂၂)မျိုးနှင့် ဝန်ဆောင်မှု (၁၄)မျိုးအကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ စိစစ်ပြီး၊ မြေပြင်စစ်ဆေးရန်အတွက် စားသုံးသူ‌ရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးရသည့်အကြောင်း၊ လုပ်ငန်း ရှင်များအနေဖြင့် Online မှရောင်းချလျှင် မှတ်ပုံတင်ထားခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေပုဒ်မ-၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် Online လိမ်လည်မှု များ မဖြစ်စေရန်အတွက် Online မှ ဝယ်ယူမည်ဆိုလျှင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေး ပြီးဝယ်ယူစေလိုပါကြောင်း Talk Show   ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်‌ရောင်းချခြင်း လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(စစ်ဆေးရေးအရာရှိ) နှင့် အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့် ‌ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ  လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိကို (၂၀-၈-၂၀၂၅) ရက် နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် စားသောက်ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ‌‌ရောင်းချသည့် အိမ်အမှတ်(၃၀၁၇၉)၊ စွယ်တော်(၁၀)လမ်းနှင့် (၁၇)လမ်းကြား၊ ဧရာဝတီလမ်း၊ ဇဝနဒီပရပ်ကွက်၊ ပုဗ္ဗသီရိ မြို့နယ်သို့ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေး‌ရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်း ခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ် ရေး ဥပဒေပါအခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

MYRO သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ကိစ္စ ဆောင်ရွက်ခြင်း

                 ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ယခုနှစ် စတင်ကြိတ်ခွဲသည့် မိုးကြိုးပစ်ကျေးရွာအုပ်စု၊ မလှပန်းကျေးရွာမှ ဆန်စက်လုပ်ငန်းရှင် ဦးညီညီထွန်းအား MYRO မှတ်ပုံတင်ကိစ္စအတွက် လိုအပ်သည်များ လမ်းညွှန်ဆောင်ရွက်ပေးပြီး လက်ရှိ စပါးဈေး၊ ဆန်ဈေးအခြေအနေ၊ ရန်ကုန်တင်ပို့မှု၊ ဒေသတွင်းရောင်းချမှုအခြေအနေများ ဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ