Main menu

စားသုံးသူရေးရာဦးစီးဌာန အုတ်ဖိုမြို့နယ်တာဝန်ခံရုံးတွင်စားအုန်းဆီ ရရှိမှုသုံးစွဲမှုအခြေနေများအားတွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

              ၂၀၂၆ ခုနှစ် ၊ဇူလိုင်လ ၁၇ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန် တွင် အုတ်ဖိုမြို့နယ်စားသုံးသူရေး ရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ သာယာဝတီခရိုင်ရုံး စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့် သာယာဝတီခရိုင် ဆီကုန်သည်များအသင်း ဥက္ကဌ ဦးပြည့်ဖြိုးပိုင်တို့သည် အုတ်ဖို မြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းသုံးဆီဖြင့် လုပ်ငန်း ဆောင်ရွက် နေကြသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားအုန်းဆီရရှိမှုနှင့် သုံးစွဲမှုလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေး ခဲ့ကြပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားအုန်းဆီရရှိမှု၊ ဈေးနှုန်းအခြေအနေများနှင့် မှန်မှန်ကန်ကန် သုံးစွဲကြရန် ရရှိသောခွဲတမ်းအား အလွဲသုံးစားမပြုကြရန် အထူးမှာကြာပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှလည်း သိရှိလိုသည်များ ပွင့်လင်းစွာ ဆွေးနွေးမေးမြန်းဖြေကြားခဲ့ပြီး တက်ရောက် သူလုပ်ငန်းရှင် ၂၈ ဦးရှိခဲ့ပြီး ဆွေးနွေးပြီးနောက် ခရိုင်ဦးစီးမှူးနှင့် ဆီကုန်သည် အသင်းဥက္ကဌ တို့မှ လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

DOCA(ပဲခူး)