Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

(၁/၂၀၂၆)ကြိမ်မြောက် ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

      ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် (၁/၂၀၂၆)ကြိမ်မြောက် ရှမ်းပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဆန်းစပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်ဌာနဆိုင်ရာ များ၊ Virtual စနစ်ဖြင့် ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များ Zoomဖြင့် တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဆန်းစပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစာကားပြောကြားပြီး ပြည်နယ်ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့  အတွင်းရေးမှူး ဦးရွှေဖြူက အစည်းအဝေးသို့ တင်ပြသည့် အမှာစာများနှင့် ပြည်ပကုန်သွယ်ရေးလုပ်ငန်းများအတွက် ပြည်ပပို့ကုန်လိုင်စင်ဖြင့်သယ်ဆောင်ခွင့်ပြုထားသော စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများမှအပ ဒေသတစ်ခုမှ ဒေသတစ်ခုသို့ စပါး၊ ဆန်နှင့်ဆန်ထွက်ပစ္စည်း သယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း SOP အတည် ပြုနိုင်‌ရေး အကြံပြုချက်အပေါ် လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

          ဆွေးနွေးတင်ပြချက်များအပေါ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ အထွေထွေဆွေးနွေးအကြံပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် အမှာစာ (၉)စောင်၊ ဆုံးဖြတ်ချက် (၆)ချက် ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

မုဒုံမြို့နယ်တွင် အရန်သင့်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၁.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တို့တွင် အရန်သင့်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာမိတ်ဖက် ဌာနများဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အရန်သင့်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချနေသော  အရန်သင့်အစားအစာအမျိုးမျိုးတို့တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခဲ့ရာ အဆိုပါ အရန်သင့်အစားအစာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

“ဇကားဝါ” ပြောင်းဖူးကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

               စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၉.၁.၂၀၂၆) ရက်နေ့၊ နေ့လည် (၃) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “စကားဝါအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ပြောင်းဖူးကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

              ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည်   (၂၀.1.၂၀၂၆) ရက်နေ့၊ နံနက်(၁3:၀၀) နာရီအချိန်တွင် နမ့်စန်မြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်‌ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး အိမ်သုံး ဆေးဝါများ ဈေးကွက်အတွင်းပြတ်လပ်မှု ရှိ/မရှိ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

မုံရွာမြို့ရှိ “မင်းကြီးအောင်” ကိတ်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၉.၁.၂၀၂၆) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်တွင် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်ရှိ “မင်းကြီးအောင်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ကိတ်မုန့်လုပ်ငန်းရှင် နှင့် တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

               ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

အသင့်စားစားသောက်ကုန်များဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (22.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁0:၀၀) နာရီအချိန်၌ လွိုင်လင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အသင့်စားစားသောက်ကုန်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေး ဆိုင်ရာဘေးထွက် ဆိုးကျိုးဖော်ပြခြင်းရှိ/မရှိတို့တို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိ ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

နမ့်စန်မြို့မဈေးရှိဆန်အရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (21) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်ပူးပေါင်း၍ နမ့်စန်မြို့မဈေးအတွင်းရှိ ဆန်လက်လီ လက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နမ့်စန်မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင် ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ် စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကိုလိုက်နာ ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ် ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်း တည်ငြိမ်ပြီး ပုံမှန်လည်ပတ်ဖြန့်ဖြူး ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ 

DOCA(ရှမ်း)

AI ဉာဏ်ရည်တုဆိုင်ရာလက်တွေ့အသုံးချနည်း သင်တန်းဖွင့်လှစ်

    မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံး များမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် နည်းပညာခေတ်တွင် ခေတ်နှင့်တစ်ပြေးညီလိုက်ပါနိုင် စေရန်ရည်ရွယ်၍ ဉာဏ်ရည်တုဆိုင်ရာ လက်တွေ့အသုံးချမှုသင်တန်းအား ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။သင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ in person  တက်ရောက်သူ ၂၅ ဦးနှင့်  ခရိုင်များမှ virtual တက်ရောက်သူ ၂၅ ဦး စုစုပေါင်း ၅၀ ဦးတက်ရောက်ခဲ့ကြပါသည်။ သင်တန်း နည်းပြအဖြစ်  မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌမှ သင်ကြားခဲ့ပြီး AI ဉာဏ်ရည်တုနှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် အချက်များအပြင်၊ ဉာဏ်ရည်တုအသုံးပြုနိုင်သည့် websiteများ၊ applicationများအား ရှင်းလင်းပြသခဲ့ပြီး ဉာဏ်ရည်တုအသုံးပြု ၍ ဓာတ်ပုံ၊ ဗီဒီယိုများဖန်တီးခြင်း၊ powerpoint များဖန်တီးခြင်း၊သီချင်းများဖန်တီးခြင်း စသည်တို့ကို စာတွေ့ ၊ လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

(ဆန်းမီ)စားသောက်ကုန်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်လှလှဝင်း၊ ဒု-ဦးစီးမှူးသည် ၁၅-၁-၂၀၂၆ ရက်နေ့ နေလည်(၃:၀၀) နာရီအချိန်တွင် "ဆန်းမီ" အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်ရောင်းချသော စားသောက်ကုန် လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲရုံးခန်း အတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ထိုသို့ အသိပညာပေး ဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း(၁၈)ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း  သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပုသိမ်ကြီးမြို့နယ်၊ သမဝါယမကောလိပ်ရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၉-၁-၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သမဝါယမကောလိပ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ် ခဲ့ပါသည်။

          ပထမဦးစွာ သမဝါယမကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာတင်မူအေးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်မှ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မေသက်ထွန်းက စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးရာတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံအား ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်အညွှန်းအမှတ်အသား နှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူ၏ အဓိပ္ပါယ်အား ရှင်းလင်းတင်ပြခြင်း၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ ကိုယ်တိုင်(သို့မဟုတ်) စားသုံးသူ၏ မိသားစုဝင်များမှလည်း တိုင်ကြားနိုင်ကြောင်း ရှင်းလင်း ဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်အား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူ ကာကွယ်ရေးနှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ပါမကျန် ဟောပြောပွဲများ ပြုလုပ်လျက်ရှိကြောင်း၊ Online မှလည်း အသိပညာပေး ဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်စည် ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင် ကြောင်း၊ စားသုံးသူများအနေဖြင့် အခွင့်အရေး(၈)ချက်ရှိကြောင်း၊ အခွင့်အရေး(၈)ချက်နှင့် ပတ်သက်၍ စံနမူနာပြအမှုများဖြင့် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့်လည်း လိုက်နာရမည့် တာဝန်များရှိကြောင်း၊ စားသုံးသူနစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။     

DOCA(မန္တလေး)    

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ