Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

     ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေး သည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၂၁) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူကာကွယ် ရေးအကြောင်းသိကောင်းစရာများ အသိပညာ ပေး Talk Show ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။

          အဆိုပါ အသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံ က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၂) ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး အကြောင်း၊ အခန်း(၁၈) ပါ ကုန်အညွှန်းမှတ်အသားဖော်ပြခြင်းများအကြောင်းတို့ကို အသိပညာ ပေးဟောပြော ခဲ့ပါသည်။ စားသုံးသူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ပြီး နစ်နာဆုံးရှုံးမှု များ ဖြစ်ပေါ်လာ ပါက တိုင်ကြားနိုင်သည့် Centre များ ဖွင့်လှစ်ထားရှိကြောင်း ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ Call Centre 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ကလေးအာဟာရ ဖြည့်စွက်စာ အမျိုးအမျိုးကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ကလေးအာဟာရ ဖြည့်စွက်စာ အမျိုးမျိူးအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ဈေးကွက်အတွင်းရောင်းချနေသော ကလေးအားဟာရ ဖြည့်စွက်စာများဖြစ်သည့် Dupro Dumex/ Gold Power/ Mikko Mate တို့တွင် မြန်မာဘာသာဖြင့် ရေးသား ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/မရှိ ၊ FDA ထောက်ခံချက် ပါဝင်မှုရှိ/မရှိတို့ကို  စိစစ်ခဲ့ပြီး ရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်မှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်အသိပညာပေး ဆွေးနွေးခဲ့သည်။ မြို့နယ်တာဝန်ခံက ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအသား ဖော်ပြချက်များ၊ FDA ထောက်ခံချက်များ ၊ ထုတ်လုပ်သည့်ရက်စွဲ၊သက်တမ်းကုန်ဆုံးသည့် ရက်စွဲ တို့ကို ရေးသွင်းဖော်ပြထားသော ကလေးအာဟာရ ဖြည့်စွက်စာ အမျိုးမျိူးသာ ဈေးကွက်အတွင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်မှုများ မရှိခဲ့ပါကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

အသိပညာပေး ဟောပြောပွဲကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ  ဦးအောင်ကျော်သက်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့သည် (၂၂.၁.၂၀၂၆)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ ဆယ့်နှစ်ရွာ ကျေးရွာ၊  အခြေခံပညာအထက်တန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

     အဆိုပါဟောပြောပွဲများ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဟောပြောရာ စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူ၊ ရောင်းချ ရာတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများဖော်ပြပါဝင်ရမည့် သတ်မှတ်ချက်(၈)ချက်အကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ရာ တွင် လိုအပ် သော အွန်လိုင်းမှတ်ပုံတင် ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပညာ သင်ကြားစဉ် နေ့စဉ်စားသောက်နေသည့် ကျောင်းမုန့်ဈေးတန်းရှိ မုန့်မျိုးစုံကို ဝယ်ယူစားသုံးသည့်အခါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိသော ကုန်စည်များကို ရွေးချယ်တက်စေရန်၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ကြည်ရှုနိုင်စေရန်၊ မိမိဝယ်ယူသောကုန်စည်ကြောင်း စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးဝင်းမင်းစိုး (ဦးစီးအရာရှိ) သည် ၂၂ . ၁ . ၂၀၂၆ ရက်နေ့တွင် ဓနုဖြူမြို့၊ ၁၃ရပ်ကွက်အတွင်းရှိ လက်လီကုန်မျိုးစုံနှင့် ဆေးဆိုင်များတွင်  ဖြန့်ဖြူးရောင်းချသော နို့ဆီ၊ နိုမုန့်၊ နို့ထွက်ပစ္စည်း အဟာရဖြည့်ကုန်စည်များတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိ သော ကုန်စည်များ ဈေးကွက် အတွင်းမှပပျောက်စေရေးနှင့်စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါ သည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ နို့ဆီနှင့် နို့ထွက်ကုန်စည်အမျိုးမျိုး အဟာရဖြည့် MILO, Ovaltine, PEP, One Tea, မြဘုရင် နို့ထွက်ပစ္စည်း အမျိုးမျိုးကို သတ်မှတ်ချက်များနှင့်အညီ ဈေးကွက်အတွင်း ဖြန့်ချီရောင်းချမှု ရှိမရှိကို စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ၎င်း ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေး တွေ့ရှိရပြီး သက်ဆိုင်ရာခွင့်ပြုချက်၊ ထောက်ခံချက်အမှတ်များပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။  ကုန်စုံဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း  ရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ FDA, မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် မုန့်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၂၀.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက် ဘုရားလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိ နယ်မြေဈေးကွက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ  မုန့်ဆိုင်များတွင်  Thai  Fruits  သံပုရာပေါင်းဗူးများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်းသိရှိရပြီး ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ကုန်ပစ္စည်းများ ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူ ဆောင်ရွက်မှုများ၊ ပြစ်မှု ပြစ်ဒါဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် မော်တော်ယဉ်စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီတို့နှင့် ပူးပေါင်း၍ (၂၁.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် အထက်ပိုင်းရပ်ကွက်ရှိ အိမ်မဲသား၊ရန်ကုန်ကားလိုင်း ခရီးသယ်ပို့ဆောင်ရေး လုပ်ငန်းအား သယ်ယူပို့ဆောင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ထားခြင်းရှိ/မရှိ ခရီးသည်ပို့ဆောင်မှု့နှင့်ကုန်ပစ္စည်းပေးပို့ရေးဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စာသုံးသူများအနေဖြင့် အခြေခံ လိုအပ်ချက်များအပေါ် စိတ်ကျေမှုရှိစေရေးဆောင်ရွက်ထားမှု အခြေအနေနှင့် နစ်နာဆုံးရှုံးမှုများ ဖြစ်လာပါက ဖြေရှင်း ဆောင်ရွက်ပေးမှု အခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ စစ်ဆေးခဲ့ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံက ယာဉ်လိုင်းတာဝန်ခံများအားခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများ ကို စားသုံးသူများ၏လိုအင်ဆန္ဒနှင့်အညီ လုံခြုံချော့မွေစွာဖြင့်ပို့ဆောင်ပေးရန်၊ ဝန်ဆောင်မှုတို့ကိုအသုံးပြုသည့် စားသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရေးနှင့် နစ်နာဆုံးရှံးမှုဖြစ်လာပါက စားသုံးသူစိတ်ကျေနပ်သည် အထိ ညှိနှိုင်းဆောင်ရွက်ပေးရန် ၊ယာဉ်အန္တရာယ်ကင်းးရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေးပြီးမှသာ မော်တော်ယာဉ်အားစေလွှတ်ခြင်းများ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA ဧရာဝတီ)

                                                                                                                                      

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အတွင်းရှိစားအုန်းဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ဦးစီးမှူးဦးစံကြည်နှင့် ဝန်ထမ်းများသည် ခရိုင်အထွေထွေစီမံအုပ်ရေးဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၉.၁.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကား အရောင်းဆိုင်များတွင် သတ်မှတ် ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးလျက်ရှိရာ စားသုံးသူပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူနိုင်ရေး၊ တရားမဝင်ရောင်းချသူများ လျော့နည်း ပပျောက်စေရေး ၊ခွဲတမ်းရရှိသော ဆီများအား ဆီကိုယ်စလှယ်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ထိုသို့ ရောင်းချရာတွင် စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံစာအုပ်များ ထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့်သတ်မှတ် ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းများဖြင့် အရေအတွက်၊ အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာဖြင့် ပြည်သူများသို့ ဖြန့်ဖြူရောင်းချပေးစေလိုရေးတို့အား ကွင်းဆင်းစီစစ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွာလယ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၀.၁.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီက ဝါးခယ်မမြို့နယ် ရွာလယ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက် နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ် တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကျုး ပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြော ဆွေးနွေးပြီး၊ ကျောင်းမုန့်ဈေးတန်းစားသုံးသူရေးရာအဖွဲ့ဖြင့် မုန့်ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား မိမိတို့ရောင်းချနေသော အစားအသောက်များတွင် သက်တမ်းလွန်မုန့်များအား ရောင်းချခြင်းမပြုကြရန် အသိပေးပြောကြားခဲ့ ပါသည်။ စားသုံးသူ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသားကျောင်းသူဦးရေ၊ စုစုပေါင်း(၃၁၂)ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

 

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် ၊မော်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မော်တော်ယဉ်စနစ်တကျပြေးဆွဲရေး  ကြီးကြပ်မှုကော်မတီတို့နှင့် ပူးပေါင်း၍ (၂၁.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ဂျုံးဂျုံးကျကျေးရွာရှိ အောင်ချမ်းသာနှင့် အောင်သုခကားလိုင်း ခရီးသယ်ပို့ဆောင်ရေး လုပ်ငန်းအား သယ်ယူပို့ဆောင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ ခရီးသည်ပို့ဆောင်မှု့နှင့်ကုန်ပစ္စည်းပေးပို့ရေးဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စာသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေမှုရှိစေရေးဆောင်ရွက်ထားမှု အခြေအနေနှင့် နစ်နာဆုံးရှုံးမှုများ ဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ စစ်ဆေးခဲ့ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံက ယာဉ်လိုင်းတာဝန်ခံများအားခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများ ကို စားသုံးသူများ၏လိုအင်ဆန္ဒနှင့်အညီ လုံခြုံချော့မွေစွာဖြင့် ပို့ဆောင်ပေးရန်၊ ဝန်ဆောင်မှုတို့ကိုအသုံးပြုသည့် စားသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရေးနှင့် နစ်နာဆုံးရှံးမှုဖြစ်လာပါက စားသုံးသူ စိတိကျေနပ် သည်အထိ ညှိနှိုင်းဆောင်ရွက်ပေးရန် ၊ယာဉ်အန္တရာယ်ကင်းးရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေးပြီးမှသာ မော်တော်ယာဉ်အားစေလွှတ်ခြင်းများ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA ဧရာဝတီ)

အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည်  ရန်ကုန်တိုင်းဒေသကြီး၊ အောင်မင်္ဂလာအဝေးပြေးကွင်းတွင် (၂၆.၁.၂၀၂၆)ရက်နေ့တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာ အကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက် မှတ်များကိုခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registrationစနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်  စားသောက်ကုန်လုပ်ငန်းနှင့် အလှကုန်လုပ်ငန်းများတွင်  စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ၁၁၊ ပုဒ်မ ၂၃ ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များကိုလည်းကောင်း၊ အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ