Main menu

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၂၄ ရက်နေ့၊ နံနက် ၀၉း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးဆီလက်လီအရောင်းဆိုင်များ မြိတ်ခရိုင်၊ စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ဆိပ်ငယ်ရပ်၊ ဆိပ်ငယ်စျေးကြီး၊ မြိတ်မြို့ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီခွဲတမ်းရရှိမှုအခြေအနေ၊ နေ့စဥ်ရောင်းချမှုနှင့် ရည်ညွှန်းစျေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/ မရှိ၊ စည်းကမ်းဖော်ဖျက်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ခွဲတမ်းရရှိမှု၊ ရောင်းချမှုအခြေအနေများနှင့်ပတ်သက်၍ စာရင်းဇယားမှန်ကန်စေရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)