Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် (၂၆.၁.၂၀၂၆)ရက်နေ့တွင်၊ စည်ပင်ကွပ်ကဲမှူးရုံးမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူလူထု၏ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်၍ ခရီးသည်တင် ကားယာဉ်လိုင်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် စားသုံးသူများ နစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့်အချက်များအား အသိပညာပေးခြင်းလုပ်ငန်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဒေါ်မိုးမိုးကြည်က ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းမှသတ်မှတ်ထားသော စည်းကမ်းချက်များညွှန်ကြားထားသည့် အချက်(၂၂) ချက်အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါစစ်ဆေးမှုများတွင် သတ်မှတ်ထား သောယာဉ်းခရီးခနှုန်းထားများကိုလိုက်နာမှုရှိ/ မရှိ၊ မိမိတို့ယာဉ်လိုင်းများမှပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒများနှင့် အညီလုံခြုံစိတ်ချစွာပို့ဆောင်ပေးနေသည့် ခရီးသည်ပို့ဆောင်မှုအခြေအနေများတွင် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်ဖွယ်ရရှိစေရန်၊ စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်ဖွယ်မရှိဘဲ၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဖြစ်သင့်ဖြစ်ထိုက်သည့် ကုစားခွင့်ရရှိစေရန် သက်သေအထောက်အထားများနှင့်တကွ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းရောင်းချသော လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

     မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးသည် (၂၁.၁.၂၀၂၆)ရက်နေ့ (၀၉:၄၅)အချိန်တွင် ညောင်တုန်းမြို့နယ်အမှတ်(၆) ရပ်ကွက်၊ တာကြီးပိုင်ရှိ ဦးလှမင်းခိုင်၏HlaGyi Secondဖုန်းရောင်းဝယ်ရေးလုပ်ငန်းအား မြေပြင်အချက်အလက် မှန်ကန်မှုရှိ၊မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးမှူး အွန်လိုင်းရောင်းချမှုလုပ်ငန်း eComReg Systrm တွင် တင်ပြ လျှောက်ထားစဉ်က ဖော်ပြထားသော မြေပြင်အချက်အလက်များနှင့် ကိုက်ညီမှု ရှိမရှိ၊ မှတ်ပုံတင်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ လုပ်ငန်း၏ Logo ၊ မှတ်ပုံတင်လက်မှတ် လျှေက်ထားသူ၏ ထောက်ခံချက်၊ တားမြစ် ထားသော ကုန်စည် (သို့မဟုတ်) ဥပဒေ တစ်ရပ်ရပ်ဖြင့် ငြိစွန်းခြင်းရှိ/မရှိ သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ၊ ရောင်းချသော ကုန်စည်များ မှန်ကန်မှုရှိမရှိကို စစ်ဆေးရေးအရာရှိ စစ်ဆေးဆောင်ရွက်ရမည့် အချက်အလက်များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online  စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ပြီး ယင်းလက်မှတ်  မရှိဘဲ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အခြားသော လျောက်ထားရန် ကျန်ရှိသူများကို လက်ဆင့်ကမ်း ပြောကြားသွားနိုင်ရန် မှာကြား၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် အမှတ်(၂) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပေါ်တော်မူဘုရား အမှတ်(၂) အခြေခံပညာအထက်တန်းစာသင်ကျောင်းတွင်  စားသုံးသူရေးရာဦးစီးဌာနနှင့်၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့ နေ့နံနက်(၉:၃၀)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
          ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတါင် ကျောင်းမုန့်ဈေးတန်းတွင်  ရောင်းချနေသည့် မုန့်ဆိုင် ၈ဆိုင်ရှိ အစားအသောက်နှင့် မုန့်များတွင် FDA မှတားမြစ်ထားသောမုန့်များရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်မုန့်များ ရောင်းချခြင်း ရှိမရှိကိုစစ်ဆေးခြင်း၊ ကုန်အညွှန်အမှတ်အသား မြန်မာစာဖော်ပြခြင်း မရှိသော မုန့်များကို ရောင်းချခြင်း ရှိမရှိစစ်ဆေးခြင်း၊ မသန့်ရှင်း သော အစားအသောက်များ ရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ ထမင်း၊ လက်သုတ်မုန့်များ၊ မြန်မာမုန့်များကိုရောင်းချပါက အုပ်ဆောင်း၊ ဇကာ၊ အဖုံးတို့ဖြင့် ရောင်းချရန်၊ မြန်မာမုန့်ရောင်းချသူများအနေဖြင့် ခေါင်းစွပ်၊ လက်အိတ်များအသုံးပြု၍ မြန်မာမုန့်များကို ကိုင်တွယ် ရောင်းချရန်၊  တကိုယ်ရည်သန့်ရှင်းကို အထူးဂရုစိုက်ရန်၊ မုန့်ဈေးတန်းပတ်ဝန်ကျင်အနီး သန့်ရှင်ရေးကို ဂရုစိုက်‌ဆောင်ရွက်ရန်၊ ကျောင်းစစ်ဆေးရေး မုန့်ဈေးတန်းတာဝန်ရှိသူများကိုလည်း အပတ်စဉ်စစ်ဆေးလုပ်ဆောင်ရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး ကျောင်း အသိပညာပေးဟောပြောခြင်း

     မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်ရှိ အမှတ်(၇) မူလတန်းကျောင်းတွင် ၂၁.၁.၂၀၂၆ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ပူးပေါင်းပြု လုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးက စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်းအား လည်းကောင်း၊ ကျိုက်ထိုမြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သော အကြောင်းအရာများကိုလည်းကောင်း ဟောပြောဆွေးနွေးခြင်း၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးမှ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။ ဟောပြောပွဲသို့ ကျောငးသား၊ ကျောင်းသူ စုစုပေါင်း (၉၅) တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် စက်သုံးဆီဆိုင် ကွင်းဆင်းစစ်ဆေး

     မအူပင်ခရိုင်၊ မအူပင်မြို့၌ စက်သုံးဆီအရောင်းဆိုင်များအတွင်း စက်သုံးဆီပြတ်လျက်မှုမရှိစေရေးနှင့် ဓာတ်ဆီ၊ စက်ဆီစျေးနှုန်းများ ပုံမှန်ရောင်းချနေမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ၂၀၂၆ခုနှစ် ဇန်နဝါရီ ၂၁ ရက် နံနက်(၁၀)နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မအူပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲနှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး မအူပင်မြို့အတွင်း စက်သုံးဆီများ ပြတ်လျက်မှုမရှိစေရေး၊ ဓာတ်ဆီ၊ စက်ဆီများပုံမှန်ရောင်းဝယ်မှုရှိစေရေး၊ စက်သုံးဆီသိုလှောင်ကန်များ စနစ်တကျထားရှိမှုရှိ၊ မရှိစစ်ဆေးခြင်း၊ မီးဘေးလုံခြုံမှုရှိစေရေး၊ မီးသတ်ဆေးဗူးများ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ရေလှောင်ကန်ထားရှိမှုစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

     မအူပင်မြို့အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ဆီများပြတ်လမှုမရှိကြောင်းနှင့် ဆီများကို ပုံမှန်စျေးနှုန်းအတိုင်း အကန့်အသတ်မရှိ‌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (၁/၂၀၂၆)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

                           ၂၁..၂၀၂၆ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၁)တွင်စစ်ကိုင်းတိုင်းဒေသကြီးအသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပပြုလုပ်ခဲ့ရာ အစည်း အဝေးသို့ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယကတိုင်းဒေသကြီးဝန်ကြီးချုပ်၊ဥက္ကဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

               ပထမဦးစွာအသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယကတိုင်းဒေသကြီးဝန်ကြီးချုပ်၊ဦးမြတ်ကျော်က အစည်းအဝေးကို အပိုင်း(၄)ပိုင်းဖြင့် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ပထမပိုင်းအနေဖြင့် နေပြည်တော်တွင် (၉.၂.၂၀၂၆ မှ ၁၃.၂.၂၀၂၆) ရက်နေ့အထိ (၅)ရက်ကြာကျင်းပမည့် (၇၉)နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဈေးရောင်း ပွဲတော်အား နှစ်စဉ်ကျင်းပသည့်အတိုင်း တိုင်းကိုယ်စားပြုအောင်မြင်စွာ ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း၊ဒုတိယပိုင်းမှာ မုံရွာမြို့ပြည်သူ့ဥယျာဉ်တွင်လည်း(၁၂.၂.၂၀၂၆ မှ ၁၇.၂.၂၀၂၆) ရက်နေ့ အထိဈေးရောင်းပွဲကို (၆)ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း၊ တတိယပိုင်းအနေဖြင့် ပြပွဲများ တွင်ပူးပေါင်းပါဝင်ကြ မည့်လုပ်ငန်းရှင်များက ၎င်းတို့၏စီးပွားရေးကိုဆောင်ရွက်နေခြင်းသာဖြစ်၍ စိတ်အားထက်သန်စွာ ဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်သွားရန် လိုကြောင်း၊ စတုတ္ထပိုင်းမှာအသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ(၅) ဘီလီယံကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးထားကြောင်း၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန် တင်ပို့နိုင်ရေးအတွက် ချေးယူသည့်ငွေများကိုလုပ်ငန်းများတွင် အကျိုး ရှိအောင် အသုံးချရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီးနောက်အေဂျင်စီအတွင်းရေးမှူးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခေတ္တတိုင်းဒေသကြီးဦးစီးမှူး နေပြည်တော် ပြည်ထောင်စု ပွဲတွင် ခင်းကျင်းပြသမည့်အပြင် အဆင်များ၊အသေးစားအငယ်စားထုတ်ကုန်များနှင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု(OROP)အမယ်များ နှင့်ချေးငွေရယူထားသည့် လုပ်ငန်းများ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေး နွေးခဲ့သည်။ဆက်လက်၍ စားသုံးသူရေးရာဌာနဒုတိယတိုင်းဒေသကြီးဦးစီးမှူးက နေပြည်တော်တွင် ကျင်းပမည့် ပြည်ထောင်စုနေ့ဈေးရောင်းပွဲအား ထုတ်ကုန်(၅)မျိုးဖြင့်လည်းကောင်း၊မုံရွာမြို့ပြည်သူ့ ရင်ပြင်တွင်ကျင်းပမည့် ဈေးရောင်းပွဲတွင် ဆိုင်ခန်း (၇) ခန်းတာဝန်ယူပြီး လုပ်ငန်းရှင်များနှင့် ပူးပေါင်းချိတ်ဆက်တာဝန်ခံယူဆောင်ရွက်သွာမည်ဖြစ်ကြောင်းဆွေးနွေးတင်ပြခဲ့ပြီး သက်ဆိုင်ရာ တိုင်း အဆင့်ဌာနဆိုင်ရာများနှင့်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌများကအသီးသီးဆွေးနွေးခဲ့ကြပြီးအစည်းအဝေးကို(၁၃:၃၀)နာရီအချိန်တွင်ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ဆီများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချပေး

                            စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၏ကြီးကြပ်မှုဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ မြန်မာ့စီးပွာရေးဘဏ်၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၊  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃)ဦးတို့ ပူးပေါင်း၍ စစ်ကိုင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၁.၁.၂၀၂၆)ရက်နေ့ နံနက် (၀၇:၀၀) အချိန်မှစ၍ စစ်ကိုင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် စစ်ကိုင်းခရိုင်အတွင်းရှိ အငြိမ်းစားဝန်ထမ်း ပင်စင်စားများအား စားအုန်းဆီများ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း  သိရှိရပါသည်။

                                      ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား (၁)ဗူးလျှင် (ဘူးခွံအပါ) ၃၈၀၀/- ကျပ်ဖြင့် ဗူး ၄၀၀၊ ရောင်းချခဲ့ပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် ပင်စင်လစာလာထုတ်သည့် အငြိမ်းစားပင်စင်စားများအား ဆန်ပြုတ်အဟာရများကုသိုလ်ပြုလုပ်ခဲ့ပြီးသက်ဆိုင်ရာဌာနများမှပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများကကျန်းမာရေး စောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

နတ်တလင်းမြို့တွင် အလှကုန်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ၂၀၂၆ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်အေးအေးသင်း၊ ထုတ်လုံတာဝန်ခံ ‌ဒေါ်အေးအေးမွန်နှင့် ဝန်ထမ်းများ(၂)ဦးတို့သည် နတ်တလင်းမြို့၊ တာပွန်လမ်းအတွင်းရှိ ထိပ်တန်းတော်ဝင်စတိုးသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စည်ရောင်းချသူ၊ ဝန်ဆောင်မှုပေးအပ်သူ၏ အချက်အလက် အမည်၊ အမျိုးအစား၊ ကုန်စည်အရွယ်အစား၊ အသားတင်ပမာဏ၊ ထုတ်လုပ်သည့် နိုင်ငံ၊ တင်သွင်းသူ၏ အမည်လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ MSMEsလုပ်ငန်းရှင်များသို့ ချေးငွေများထုတ်ချေးပြီးစီး

          MSMEs ထွက်ကုန်များအရည်အသွေးမြှင့်တင် ထုတ်လုပ်နိုင်ရေး၊ ခရိုင်အလိုက်၊ ဒေသအလိုက်၊ ထွက်ကုန်အရောင်းစင်တာများဖွင့်လှစ်၍ ဈေးကွက်ရှာဖွေနိုင်ရေး ပြည်တွင်းထုတ်ကုန်အဆင့်မှ ပြည်ပပို့ကုန်အဆင့်ထိ ရောက်ရှိစေရေးအတွက် အရင်းအနှီးထောက်ပံ့ငွေများကို ထုတ်ချေးပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စီးပွားရေးလုပ်ငန်းရှင် ၆၈ဦးအတွက် ငွေကျပ် သိန်း(၂၂၀၀၀၀၀၀၀)ကျပ်၊လက်ပံတန်းမြို့နယ် စီးပွားရေးလုပ်ငန်းရှင်(၁၁) ဦးအတွက် ငွေကျပ်သိန်း (၃၉၀၀၀၀၀၀)ကျပ်၊မင်းလှမြို့နယ်စီးပွားရေးလုပ်ငန်းရှင် (၂)ဦးအတွက် ငွေကျပ်သိန်း ၂၀၀၀၀၀၀၀ ကျပ်၊အုတ်ဖိုမြို့နယ်လုပ်ငန်းရှင်(၄)ဦးအတွက် ငွေကျပ်သိန်း ၈၀၀၀၀၀၀ ကျပ်၊ ကြို့ပင်ကောက်မြို့နယ်လုပ်ငန်းရှင်(၂)ဦးအတွက် ငွေကျပ်သိန်း ၈၀၀၀၀၀၀၀ ကျပ်၊ စုစုပေါင်း လုပ်ငန်းရှင် (၈၇)ဦးအတွက် ငွေကျပ် ၃၆၇၀၀၀၀၀၀ သိန်းကို ထုတ်ချေးပြီးစီးလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေးလူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့အတွင်းရှိ မြို့နယ်များ၌အင်္ဂါနေ့တိုင်း  ဆေးနှင့် ဆေးပစ္စည်းရောင်းချနေသော မြို့မဈေးရှေ့ရှိ ဒီလှိုင်းဆေးဆိုင်အား ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် ဆေးဆိုင်များသို့ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းနှင့် ဒေသအတွင်း ရောင်းဝယ်ဖောက်ကားခြင်းများရှိ/ မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/ မရှိ ဈေးကွက်အတွင်း၌ စပ်ဆေးများရောင်းချခြင်းရှိ/ မရှိတို့ကို စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ