Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုမြို့၌ သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၁၁.၃.၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ထူထောင်ရေးရပ်ရှိ အောင်ကမ္ဘာသောက်ရေသန့် စက်ရုံမှ ထုတ်လုပ်သည့် သောက်ရေသန့်များတွင် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အောင်ကမ္ဘာသောက်ရေသန့်စက်ရုံမှ ၁လီတာ၊ ၀.၃လီတာနှင့် ၂၀လီတာဗူးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို သိရှိလိုပါက Consumer Call Center 1535သို့ ဆက်သွယ်နိုင်သည့်အကြောင်းများ၊ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းအကြောင်းများနှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေး များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

ရွှေဘိုမြို့၌ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုလစဉ်ဆောင်ရွက်လျက်ရှိရာရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် (၁၁.၃.၂၀၂၆)ရက်နေ့၊ နံနက် (၁၂:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဈေးတန်းရပ်ရှိ Bright Baby Storeဆိုင်ရှိ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

                  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆိုင်၌ ရောင်းချသည့် ကလေးကစားစရာ အရုပ်များတွင် ကုန်စည်၏အမျိုးအမည်ကို အင်္ဂလိပ်စာသားဖြင့်ဖော်ပြထားပြီး ကျန်အချက်အလက်များမှာ တရုတ်စာသားများဖြင့်သာ ဖော်ပြထားသည့်အတွက် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ ကလေးကစားစရာအရုပ်များတွင်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ကလေးငယ်များကို အန္တရာယ်ဖြစ်စေနိုင် ကြောင်း၊ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ကြိုတင် သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပါရှိသည့် ရမည့် အကြောင်းများ၊  စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါကConsumer Call Center 1535သို့ ဆက်သွယ်နိုင်သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

Online Sale လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ (၉.၃.၂၀၂၆)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ A That’s Beauty House (အသက်အလှကုန်) အလှကုန်ပစ္စည်းများရောင်းဝယ်ရေး Online Sale လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူးက Online Sale မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက်များ၏ မြေပြင်စစ်ဆေးရာ ကိုက်ညီမှုရှိသဖြင့် တွေ့ရှိချက်များကို Online Sale  Application တွင်ဖြည့်သွင်းခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါမြေပြင် စစ်ဆေးတွေ့ရှိချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပြီးပါက လုပ်ငန်းမှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း(သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် Online Saleမှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက် နံနက် ၀၉:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီး တန်းစာရေး)တို့သည့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ“ဒေါ်ပါကြည်”ကုန်စုံဆိုင်တွင်ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့စစ်ဆေးရာတွင် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထား ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

“လားရှိုးမြို့ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး”

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၃.၃.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်၌ မြို့နယ်အထွေထေွ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ FDA ၊ မှုခင်းရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ လားရှိုးမြို့၊ မြို့မဈေးရှိ ဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ကျန်းမာရေးဦးစီးဌာနမှ ထိန်းချုပ်ထားသော တားမြစ်ဆေးဝါးများ၊ သက်တမ်းလွန် ဆေးများနှင့် ဆေးဝါးအတုများ ရောင်းချမှု ရှိ/ မရှိစစ်ဆေးခြင်း၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက်ထည့်သွင်းဖော်ပြရမည့်  ကုန်အညွှန်းအမှတ် အသားများဖြစ်သည့် ကုန်စည်၏ တံဆိပ်အမှတ်အသား၊  အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း ကုန်စည်ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊  ထုတ်လုပ်မှုအမှတ်စဉ် နှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များ ပြည့်စုံ မှန်ကန်စွာ ဖော်ပြခြင်း ရှိ/မရှိတို့ ကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရရှိ စေရေးနှင့်သတ်မှတ်အရည်အသွေးနှင့် ပြည့်မီသော ဆေးဝါးနှင့်ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

“ လားရှိုးမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ”

             ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၂.၃.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ လားရှိုးမြို့၊ သိန္နီလမ်းမပေါ်ရှိ ကုန်စုံနှင့်စတိုးဆိုင်များသို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေး ဆိုင်ရာဘေးထွက် ဆိုးကျိုး ဖော်ပြခြင်းရှိ/ မရှိတို့တို စစ်ဆေးခဲ့ပြီး၊ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း ပြောကြားပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသော ကုန်စည်များကို ရောင်းဝယ်ခြင်းမပြုလုပ်ရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

Online Sale လျှောက်ထားမှုနှင့်ပတ်သက်၍မြေပြင်ကွင်းဆင်းဆောင်ရွက်

                ၅-၃-၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးနှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့နယ်ရှိ အွန်လိုင်း ရောင်းဝယ်ရေးလုပ်ငန်းများဖြစ်သော ရွှေယသော် ကိုယ်ဝန်ဆောင်အဝတ်အထည်နှင့် ကလေးအသုံး အဆောင်လုပ်ငန်း နှင့်  ရွှေသဝဏ် ဆန်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်း များသို့ အွန်လိုင်း မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာ၌ လျှောက်လွှာ ပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ်တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင် လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ရှမ်း)

၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကိုကြိုဆိုခြင်း

        စားသုံးသူအခွင့်အရေးများနေ့သည် ၁၉၆၂ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် နိုင်ငံတကာ စားသုံးသူများ၏လှုပ်ရှားဆောင်ရွက်မှုများနှင့် စည်းလုံးညီညွတ်မှုကိုအကြောင်းပြု၍ အမေရိကန်နိုင်ငံသမ္မတ  ဂျွန်အက်ဖ်ကနေဒီမှ စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသမ္မတ  ဂျွန်အက်ဖ်ကနေဒီသည် စားသုံးသူများ၏အခွင့်အရေးနှင့်အခြေခံမူအဖြစ် ဘေးဥပဒ်အန္တရာယ် ကင်းစွာစားသုံးနိုင်ခွင့်၊ မိမိစိတ်ကြိုက်ရွေးချယ်နိုင်ခွင့်၊ သတင်းအချက်အလတ်ပြည့်စုံစွာရရှိနိုင်ခွင့် တိုးတက်နေသည့်ဝန်ဆောင်မှုများအား ကြားနာသိရှိနိုင်ခွင့် စတဲ့(၄)အချက်ကိုကြေညာပြီးနောက် နောက်တိုး(၄)ချက်အား ဆက်လက်ကြေညာခဲ့ကြောင်းနှင့် ၁၉၈၅ခုနှစ်တွင် ကမ္ဘာ့ကုလသမ္မဂ အထွေထွေညီလာခံ၌ စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ အခြေခံလမ်းညွှန်မှုများ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

        မြန်မာနိုင်ငံတွင်လည်း စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာဗဟုသုတတိုးစေရန် ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံရှိ (၅၁)သန်းကျော်သော စားသုံးသူပြည်သူများ အတွက် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော စားသုံးသူအခွင့်အရေးများ အပြည့် အဝရရှိရေး ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော ကုန်စည် နှင့်ဝန်ဆောင်မှုများရယူသုံးစွဲနိုင်ရေး ၊ ဆုံးရှုံးနစ်နာမှုများကို ကုစားဖြေရှင်း‌ပေး နိုင်ရေးအတွက် ဆက်စပ်ဌာနများ ၊အသင်းအဖွဲ့များ၊လုပ်ငန်းရှင်များ၊ စားသုံးသူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။

          ကမ္ဘာ့အထိမ်းအမှတ်နေ့များအနက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင် ရွက်ရခြင်းမှာ ကမ္ဘာသူကမ္ဘာသားများ နေ့စဉ်ဖြတ်သန်း လျက်ရှိကြသည့် စားရေး၊ ဝတ်ရေး၊ နေရေး ဟူသည့် အရေး(၃)ပါးနှင့်ပတ်သက်၍ စားသုံးသူ များကိုကာကွယ်ပေးရန် မျှတသည့် စီးပွားရေးစနစ်ကိုဖော်ဆောင်ရန် စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သည့် လုပ်ငန်းများကို အားပေးရန်အတွက် ကမ္ဘာ့နိုင်ငံတိုင်းတွင် အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြပါတယ်။

       ၁၉၆၂ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက စားသုံးသူ အခွင့်အရေးများနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့သည့် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူ အခွင့်အ‌ရေးများနေ့အဖြစ် သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုနေ့ကျရောက်တိုင်း   ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ကြပါတယ်။ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကျရောက်တိုင်း ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အခမ်းအနားများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်၍ စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများတိုးတက်စေရေးအတွက် နှစ်စဉ်ဆောင်ရွက်လျက်ရှိပါတယ်။

           ၂၀၂၆ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကို ကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ အသိပညာပေးစတစ်ကာများဖြန့်ဝေအသိပညာပေးခြင်းများ ဖြင့်ကြိုဆို ဆောင်ရွက်ခဲ့ပါကြောင်း တင်ပြလိုက်ပါတယ်။

DOCA(ရှမ်း)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည် လသာမြို့နယ် အတွင်းရှိ ဦးမြင့်အောင် (ဆီဆိုင်) နှင့် ဒေါ်မြသန်း(ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၅.၃.၂၀၂၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိ ပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ဦးတင်မောင်ထွန်း(ရုံးအုပ်)နှင့် ဒေါ်စန်းရုန်(အကြီးတန်းစာရေး)တို့ ပါဝင်သောအဖွဲ့သည် ၁၆-၃-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်ရှိ  အောင်သုခ ဆန်မျိုးစုံဖြန့်ဖြူး ရောင်းချသည့်  လုပ်ငန်းရှင်(၁)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုများကိုရရှိသုံးစွဲနိုင်စေရန်၊ စားသုံးသူနစ်နာဆုံရှုံးမှုမရှိစေရန်၊ စားသုံးသူများအတွက် ရေရှည် တည်တံ့ပြီးဖွံ့ဖြိုးတိုးတက်သော လူနေမှုပတ်ဝန်းကျင်ကိုရရှိစေရန်အတွက် အသိပညာပေးဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းစသည့်အချက်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးချက်ပေး ရမည့်အချက်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်း ဆိုနိုင်သည့်အခွင့်အရေးများအကြောင်း၊ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုအသုံးပြုခြင်းကြောင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှု အခြေအနေများအကြောင်း၊ ဥပဒေပါတားမြစ်ချက်များ၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စံချိန်စံညွှန်းပြည့်မီပြီး အရည်အသွေးကောင်းမွန်သည့် ကုန်စည် ကိုသာရောင်းချရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ