Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် ကျိုက်လတ်မြို့နယ် ၊ အမှတ်(၃) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီး ဌာနရုံးတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၅) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် စားအုန်းဆီ လုပ်ငန်းရှင်များ အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို‌ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက် ရန် အချက်များကို ဆွေးနွေးခဲ့ပြီး ၊ စားသုံးသူရေးရာဦးစီးဌာန၏  ညွှန်ကြားချက်များတွင် စားအုန်းဆီ ရောင်းချနေသော လုပ်ငန်းရှင်များ အနေဖြင့် ကုန်စုံဆိုင်များတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေး များနှင့် ရက်စွဲများချိတ်ဆွဲရောင်းချပေးရန် ၊ စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံ လိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင် ရွက်ကြရန် ၊ ဌာနအနေ ဖြင့်လည်း ကွင်းဆင်းစိစစ်ကြပ်မတ်သွားမည် ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး စားအုန်းဆီ လုပ်ငန်းရှင် (၃၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပို့ကုန်လိုင်စင်ဝင်ရောက်ရန် လျောက်ထားသော ဆန်စက်အား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

  ၁၅-၉-၂၀၂၅ ရက်နေ့ နေ့လယ်  (၁၃:၀၀)နာရီအချိန်က ပို့ကုန်လိုင်စင် လျှောက်ထားရန် ကျန်ရှိသော ညောင်တုန်း မြို့နယ် ရှိ စိမ်းလဲ့မြေ ဆန်စက် ၊ ဧရာဝတီဆန်စက်ရန်ကုန်-ပုသိမ်ကားလမ်းဘေး၊ မဲဇလီကျေးရွာ၊ ဆန်စက်ရှိ ဆန်/ဆန်ကွဲသိုလှောင်ရုံအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဖြစ်သော MITS, MRF, DOCA & DOTအဖွဲ့များ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

     စစ်ဆေးဆောင်ရွက်ရာတွင် ITS, MRF, DOCA & DOTအဖွဲ့ များပူးပေါင်း ပါဝင်စစ်ဆေးခဲ့ပြီး ဧရာဝတီဆန်စက်၊ စိမ်းလဲ့မြေဆန်စက် တွင် ဆန်/ ဆန်ကွဲ အရည်အသွေးများ ကြည်ရှုစစ်ဆေးခြင်း, သိုလှောင်ရုံပမာဏ သတ်မှတ်ချက် များကိုက်ညီမှု ရှိမရှိစစ်ဆေးခြင်း၊ ဆန်ကွဲ သိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း၊ ဆန်/ဆန်ကွဲ သိုလှောင်ရုံလုပ်ငန်းခွင်များကို ကြည်ရှု့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလ ပို့ကုန် လိုင်စင်သစ်ရှောက်ထားရန် သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်မှု ကိုက်ညီမှုရှိစေရေးနှင့် Myro တွင် မှတ်ပုံတင်ထားရှိုမှု အခြေအနေများ၊ သက်တမ်းတိုး ဆောင်ရွက်ရန် လုပ်ငန်းအခြေအနေများကိုပါ စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်အတွင်း ဆန်ဆိုင်များအား ကွင်းဆင်း စစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဆန်အရောင်း ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ၁၅-၉-၂၀၂၅ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်တုန်းမြို့နယ်အတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆိုင်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအ​ခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ စစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းစျေးများအား လစဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ၎င်းစျေးနှုန်းထက်စျေးနှုန်းမြှင့်တင် ရောင်းချမှုဖြန့်ဖြူးခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန် အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင်မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် အရွဲကျောင်းတွင် စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

  စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအား စားသုံးသူအခွင့်အရေး အပြည့်အဝ ရရှိရန်နှင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တောင်းဆိုရယူတတ်စေရန် ရည်ရွယ်၍ အခြေခံအထက် တန်းကျောင်းများ၌ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိရာ ၁၅-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ညောင်တုန်းမြို့၊ အရွဲကျေးရွာရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

   ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဦးအောင်လွင်(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းကိုလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန်၊ နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်ရန်အတွက် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကိုလည်းကောင်း၊ TV များတွင် ကလေးများ အတုယူမမှားသင့်သော အလွန်အကြူးချဲ့ ကားကြော်ငြာနေသော ကြော်ငြာများနှင့် ပတ်သက်၍လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT၊ Ooredoo ၊ Telenor ၊ Mytel ဆင်းကဒ်များဖြင့်လည်းကောင်း ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ၊ ဗွီနိုင်းများကို ကျောင်းအုပ် ဆရာကြီးထံသို့ပေးအပ်ခဲ့သည်။
          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၅၄) ဦး တက်ရောက်ခဲ့ကြပြီး ယခုလို အသိပညာပေး ဟောပြောသောကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စားသုံးသူ အခွင့်အရေး အပြည့်အဝရရှိရန်နှင့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တောင်းဆိုရယူတက်စေရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်တွင် ဓါတ်မြေဩဇာများ သက်သာသော ဈေးဖြင့် တောင်သူများအား ရောင်းချ

  မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ (၁၆-၉-၂၀၂၅) ရက်နေ့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓါတ်မြေဩဇာများ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးခြင်း လုပ်ငန်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

   ပေးအပ်ပွဲကို ဓနုဖြူမြို့နယ် မှ ကျေးရွာအုပ်စု ၆၂အုပ်စုမှ ကျေးရွာ တောင်သူ (၈၉၂) ဦးအား ကွန်ပေါင်း ၁၅ ပတ်လည် (၁) အိတ်နှင့် ယူရီးယား (၁) အိတ်၊ တစ်ဧက (၂) အိတ်နှုန်းဖြင့် ဧက (၈၉၀) ဧကအတွက် (၁၇၈၀) အိတ်အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာ ကော်မတီတို့ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ကွန်ပေါင်း (၁၅) ပတ်လည် (၁) အိတ် (၁၁၅၀၀၀) ကျပ်ဖြင့် ယူရီးယား (၁) အိတ် (၈၉၅၀၀) ကျပ်ဖြင့် ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်နှင့် ကုန်စည်အမျိုးမျိုးရောင်းချသူ လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားအကြောင်း အသိပညာပေးဟောပြောခြင်း

       ဈေးကွက်အတွင်း ဈေးကွက်‌ရောက်ပြီး အလှကုန်နှင့် ကုန်စည်အျမိုးမျိုးအား  တရားဝင်ဖြန့်ဖြူး ရောင်းချနေသော လုပ်ငန်းရှင်များကို ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို (၁၅-၉-၂၀၂၅ ရက်နေ့ နေ့လည် ၃နာရီအချိန်က ပန်းတနော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အသိပညာပေး ဟောပြောခဲ့ကြသည်။

    ဟောပြောပွဲတွင် ပန်းတနော် မြို့နယ် တာဝန်ခံ ဦးအောင်ကျော်သက်က ဌာနသမိုင်းကြောင်းကို မိတ်ဆက်၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊  စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများနှင့် အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ကုန်စည် ရောင်းချသူများအနေဖြင့် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ဖော်ပြခြင်းကသာ စားသုံးသူများအတွက် ပိုမိုလွယ်ကူရှင်းလင်းစွာသိမြင်နိုင်မည်ဖြစ်သဖြင့် လုပ်ငန်းရှင် အတွက်လည်း အကျိုးပိုမိုဖြစ်ထွန်းနိုင်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များက သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်နှင့် ညီမျှသော ကုန်စည်များကို သာ ဈေးကွက်အတွင်းရောင်းချရန် မှာကြားပြီး ကုန်မျိးစုံရောင်းချသူလုပ်ငန်းရှင် (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် ရောင်းချနေသော အရသာဟင်းခတ်မှုန်နှင့် ခရုဆီ၊ တရုတ်ငံပြာရည် ၊ လျာလကာရည် အသင့်ခတ် အသုံးပြုသော ကုန်စည်များအား ကုန်အညွှန်း စစ်ဆေး

   ဈေးကွက်အတွင်း ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများက လစဉ် ဦးစားပေးကုန်စည် ၁၀မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ၁၅-၉-၂၀၂၅ ရက်နေ့ နေလည် ၁နာရီအချိန်က ပန်းတနော်မြို့နယ်ရှိ ကုန်စုံဆိုင် ၅ဆိုင်တွင် ရောင်းချနေသော အရသာဟင်းခတ်မှုန်နှင့် ခရုဆီ၊ တရုတ်ငံပြာရည် ၊ လျာလကာရည် အသင့်ခတ်အရသာကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများက ဟင်းခတ်မှုန် ကုန်စည်အမျိုးမျိုးတွင်ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည် များ ရောင်းချ နေခြင်း ရှိ/မရှိ ကို စစ်ဆေးခြင်း၊  ဈေးကွက်အတွင်း ကုန်စည်များ ကုန်အညွှန်းအမှတ်အသား အခန်း(၁၈)ပါ (ခ)(ဆ)ပါ အချက်အလက်များ ပြည်စုံစွာပါဝင်ပြီး ကျန်သော အချက်အလက်များလည်း မြန်မာဘာသာ အခြားဘာသာဖြင့် ဖော်ပြကုန်စည်များ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်း ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို ရှင်းလင်းခြင်း အသိပညာ ပေးခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကလေးအသုံးအဆောင် ကုန်ပစ္စည်းအမျိုးမျိုးအား သုံးမှု ဘေးအန္တရာယ်ကင်းရှင်းမှု ရှိမရှိ ကွင်းဆင်း စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည်  (၁၅-၉-၂၀၂၅)ရက်နေ့၊ နေ့လယ်  (၁၃:၃၀)နာရီအချိန်တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ပူးပေါင်း၍ ပန်းတနော်အလယ်ပိုင်းရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုး ရောင်းချသည့် ဆိုင်း ၄ဆိုင်သို့  ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ စစ်ဆေးရေား တာဝန်ရှိသူများ က  ကလေးအသုံး အဆောင်ပစ္စည်းအမျိုးမျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းကောင်းမွန်သော ကုန်စည်ကို ရောင်းချရန်၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊  သက်ဆိုင်ရာဌာန၏ ထောက်ခံချက် မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှု ပြုလုပ်ရန်၊ တရားမဝင်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပိတောက်မြိုင်ရပ်ကွက်ရှိ “သိဒ္ဓိအောင်” ဆီစက် လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန် သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂ ခုနှစ် ၊ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၀:၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “သိဒ္ဓိအောင်” မြေပဲဆီသန့်စက်လုပ်ငန်းရှင် နှင့် သွားရောက် တွေ့ဆုံဆွေးနွေး အသိပညာ ပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ဆီများထုတ်လုပ် ရောင်းချခြင်း နှင့် ပတ်သက်၍   ကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ကြိတ်ခွဲနိုင်မှုအခြေအနေ၊  ထွက်ရှိသည့် ဆီများ/မြေပဲပတ်များကို ပို့ဆောင်ရောင်းချမှုအခြေအနေ ဈေးနှုန်း/ဈေးကွက်အခြေအနေ တို့ကိုမေးမြန်းပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ၊ စီးပွားရေးလုပ်ငန်းရှင်တိုင်း သိရှိ လိုက်နာဆောင်ရွက်ရမည့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းရှင်များကို Online စနစ်ဖြင့် ရောင်းချနေခြင်းရှိပါက Online မှတ်ပုံတင် ခြင်းလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ထားပြီး  အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး(၆)လပြည့်မြောက်သည့် နေ့မှစ၍ မှတ်ပုံတင်အသက်ဝင်လာပြီး မှတ်ပုံတင် မရှိဘဲ Online Sales ရောင်းချပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ(၅)အရ အရေးယူ ခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့တွင် စတင်အသုံးပြုခဲ့တာဖြစ်ကြောင်း၊ မှတ်ပုံတင်ရာမှာ ပူးတွဲ တင်ပြရမည့် အချက်များအကြောင်း နှင့် မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                                                  

ကသာခရိုင်ရှိ သကြားလုပ်ငန်းအား Zoomဖြင့် စစ်ဆေး

     ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၂) ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်  တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာနတို့ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ WILMAR သကြာလုပ်ငန်း(သက်တမ်းတိုး) အား  Zoom ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် “WILMAR SUGAR (MYANMAR) LIMITED” သကြား လုပ်ငန်းစက်ရုံ၏ အစားအသောက်ထုတ်လုပ်မှုအခြေအနေအား  ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ် (GMP)နှင့်အညီ ထုတ်လုပ်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ