Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Burma New Antique အား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန် မှု ရှိ/မရှိကို(၁၁.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် Burma New Antique အား အမှတ် (၁၇၂ /၃)၊ ဘုရင့်နောင်လမ်း၊ ၄၈ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း ၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက် လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်း ဟာလဝါလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ၁၂.၉.၂၅ ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပုသိမ်မြို့၊ မုံရွာ-ရေဦး လမ်းမကြီးရှိ ရွှေမြင်း ပုသိမ်ဟာလဝါ လုပ်ငန်းအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တစ်နေ့ ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေ၊ ရင်းနှီးမြှပ်နှံမှု ပမာဏ၊  ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

AZAY COMPANY LIMITEDသို့ Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည်(၁၁.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင်  အမှတ်(၃၉)/A၊ ဘုရင့်နောင်လမ်း၊ ရွှေပင်လုံအိမ်ရာ၊ (၂၇)ရပ်ကွက်၊ မြောက်ဒဂုံမြို့၊ AZAY COMPANY LIMITED သို့သွားရောက်၍ လူသုံးကုန်ပစ္စည်းများ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/မရှိ ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချ ရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/မရှိကိုစစ်ဆေးပြီးမှသာOnline Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေလမင်း ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ၁၂.၉.၂၅ ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပုသိမ်မြို့၊ မဥ္ဇူလမ်းရှိ ရွှေလမင်း ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တစ်နေ့ ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေ၊ ပေါင်မုန့် ပြုလုပ်ရာတွင် သန့်ရှင်းမှု ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ တုတ်တုတ် ဂျုံခေါက်ဆွဲလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ၁၂.၉.၂၅ ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပုသိမ်မြို့၊ ဘွက်ကြီးတန်းလမ်းရှိ တုတ်တုတ်ဂျုံခေါက်ဆွဲလုပ်ငန်းအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တစ်နေ့ ထုတ်လုပ်နိုင်မှု အခြေအနေများ၊ တနေ့ရောင်းချရမှုအခြေအနေများ၊ ရင်းနှီးမြှပ်မှု ပမာဏနှင့် ခေါက်ဆွဲ ပြုလုပ်ပုံအဆင့်ဆင့်တွင် သန့်ရှင်းမှု ရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

 

စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်တွင် “နိုင်ငံတကာစာတက်မြောက်ရေးနေ့”အခမ်းအနားကျင်းပ

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ်ရှိ မိုးလုံ၊ လေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်သော နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် “ဒစ်ဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတက်မြောက်ရေးမြှင့်တင်စို့” အခမ်းအနားကို ကျင်းပဆောင်ရွက် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်၊   လူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာညွှန်ကြားရေးမှူးများ စစ်ကိုင်း ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်ပါမောက္ခချုပ်၊ စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

      အဆိုပါအခမ်းအနားတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ဝထကလသ သီချင်းသီဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တက်‌ရောက်လာသူများနှင့်အတူ  နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clipဖြင့် ပြသမှုကို ကြည့်ရှုအား‌ပေးခဲ့ကြပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လူမှုရေးရာဝန်ကြီးနှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက (၂၀၂၅ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲနှင့်ဆောင်းပါးပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး ကျောင်းသား၊ကျောင်းသူများက စေတနာပန်းတို့ လမ်းရာမြေ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများအား အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသော နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများနှင့် ဆုရစာစီစာကုံးများ၊ ပန်းချီများ ပြသထားမှုနှင့် လက်မှုပညာ ပစ္စည်းများကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဒေါ်ကျင်မြ ဝက်အူချောင်းလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ၁၂.၉.၂၅ ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပုသိမ်မြို့၊ ဘွက်ကြီးတန်းလမ်းရှိ ဒေါ်ကျင်မြ ဝက်အူချောင်းလုပ်ငန်းအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်မရောက်မီ ဝက်အူချောင်း ထုတ်လုပ်ရာ တွင် သန့်ရှင်းမှုရှိ/မရှိ၊ ဝက်အူချောင်းပြုလုပ်ရာတွင် ပလပ်စတစ်အူ အသုံးပြုမှု ရှိ/မရှိ နှင့် ဈေးနှုန်း ဈေးကွက်အခြေအနေများ၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေများနှင့် တစ်နေ့ ထုတ်လုပ်နိုင်မှုများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ရတနာပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကျင်းပ

      (၇.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာ-တရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်း၍ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး အသင်းမှ ကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ရတနာ ပန္နက်‌တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်အဖွဲ့များ၊ စစ်ကိုင်းခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဌ၊ စစ်ကိုင်းခရိုင် / မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့  တက်ရောက်ခဲ့ပါသည်။

     အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယာယီတာဝန်ခံ မစ္စချောင်းကျင့် (Ms Cao Ping)မှ အမှာစကား ပြောကြားခြင်း၊ မြန်မာတရုတ်ကုမ္ပဏီများ အသင်းဥက္ကဌမစ္စတာ လျိုမင်း(Mr Liu Ming)မှ လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မှတ်တမ်းဓာတ်ပုံရိုကူးခြင်းနှင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အခြခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ထူပါရုံကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခြင်း

     (၁၀.၉.၂၀၂၅)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ထူပါရုံကျောင်းဆောင်သစ်ဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့များ၊ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပညာရေး၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လ.ဝ.ကဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ ကျောင်းသူများ နောင်လာမည့်အနာဂတ်အတွက် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်စေရန် စာကိုကြိုးကြိုးစားစား သင်ယူလိုကြောင်း အကျယ်တဝင့် ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁း၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စမ်းချောင်းစဉ်းအိုးဘိုအုပ်စု မန်းခမုတ်ကုန်းကျေးရွာတွင် ကျေးရွာရှိစားသုံးသူပြည်သူများအား ဆီစာအုပ်ဖြန့်ဝေပေးခြင်းပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၆.၉.၂၀၂၅)ရက်နေ့ နံနက်(၈:၀၀)အချိန်တွင် ငပုတောမြို့နယ်၊ စမ်းချောင်းစဉ်းအိုးဘိုအုပ်စု မန်းခမုတ်ကုန်းကျေးရွာတွင် ကျေးရွာရှိစားသုံးသူပြည်သူများအား ဆီဝယ်ယူရန် အတွက် ဆီစာအုပ်များဖြန့်ဝေပေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ထို့သို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက် စကားပြောကြားပြီး ဆီစာအုပ်ဖြန့်ဝေရာတွင် ဆီဝယ်ယူခွင့်ပြုထားသည့်ကာလအတွင်း သတ်မှတ် ပမာဏ ကိုသာဝယ်ယူရရှိရန်၊ ဝယ်ယူရရှိသည့်ဆီကို မိမိ မိသားစုစားသုံးရန်အတွက်သာ သုံးစွဲရမည် ဖြစ်ပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းမပြုကြရန်၊ စာအုပ် ပျက်စီး/ပျောက်ဆုံးပါက စာအုပ်ထုတ် ပေးထား သည့်နေရာသို့သတင်းပို့တင်ပြရန်၊ ဆီဝယ်ယူခွင့်စာအုပ်အား ဝယ်ယူသည့်ဆိုင်တွင် အပ်နှံ ထားခြင်းမပြုကြရန် မိမိလက်ဝယ်တွင်သာထားရှိကြရန် ရှင်းလင်းပြောကြားပြီး မန်းခမုတ်ကုန်း ကျေးရွာတွင် စုစုပေါင်းဆီစာအုပ်(၉၁)အုပ် ဖြန့်ဝေပြီးဖြစ်ပါသည်။

(DOCA)ဧရာဝတီ

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ