Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၀၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။ ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။ ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၀၃၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါသည်။ ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

လေးမျက်နှာမြို့ အမှတ်(၂)ရပ်ကွက်ရှိ စတိုးဆိုင်များတွင် ရောင်းချသော သွားတိုက်ဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍(၂၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် လေးမျက်နှာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စတိုးဆိုင်များတွင် သွားတိုက်ဆေးအမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက် ဖော်ပြထားမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ Unilever EAC Myanmar Co.,Ltd အမှတ်တံဆိပ်ပုံစံတူ “ Signal သွားတိုက်ဆေးဗူးအတုများ” ရောင်းချမှုမရှိကြောင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြား ခဲ့ပြီး၊ ကုန်စုံဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။ DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန ၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၂၃-၆-၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၁:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ မြန်အောင်မြို့ နေခြည်ဈေးရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်အား စစ်ဆေးခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ အိမ်သုံးဆေးဝါးများ၊ ဆီးချို၊ သွေးချိုကျဆေးများ၊ သွေးကျဆေး၊ သွေးတိုးဆေးများ ပြတ်လပ်ခြင်းမရှိဘဲ၊ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိခြင်း၊ အချို့အာနိသင်တူ ကုမ္ပဏီကွဲဆေးဈေးများ၊ သွေးကျဆေး၊ အကိုက်အခဲပျောက်ဆေးများ၊ အားဆေးအမျိုးမျိုးမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး အပြောင်းအလဲမရှိခြင်း၊ သုံးစွဲသူများမှာလည်း မိမိတို့ဝယ်ယူသုံးစွဲ နေကြသောဆေးဆိုင်များမှ ဝယ်ယူသုံးစွဲနေကျ ကုမ္ပဏီဆေးဝါးများကို ဦးစားပေးရောင်းချပေးခြင်း၊ အာနိသင်တူဆေးဝါးများကိုလည်း သင့်တင့်သောဈေးနှုန်းဖြင့် လိုအပ်သလို ဝယ်ယူရရှိလျက်ရှိခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချခြင်းမရှိဘဲ ကုမ္ပဏီ များမှ ဝယ်ရင်းဈေးများအပေါ် သင့်တင့်သော အမြတ်ဖြင့်သာရောင်းချပေးနေခြင်း၊ အိမ်သုံးဆေးဝါး များဝယ်ယူရာတွင် ကာလတန်ကြေးဈေးနှုန်းအရ ဝယ်ယူရရှိပြီး အဓိကပစ္စည်းပြတ်လပ်မှုမရှိ ကြောင်းနှင့် ဈေးနှုန်းများမှာလည်း တည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဖြင့် သိရှိရပါသည်။ DOCA(ဧရာဝတီ)

မြန်အောင်မြို့မနေခြည်ဈေးအတွင်းထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူး ပေါင်း၍(၂၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ စတိုး ဆိုင်နှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ကုန်စည်အမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန် စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ သက်တမ်း လွန် အလှကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိ၊ Unilever EAC Myanmar Co.,Ltd အမှတ်တံဆိပ်ပုံစံ တူ “ Signal သွားတိုက်ဆေးဗူးအတုများ” ရောင်းချမှုရှိ/မရှိ ကွာခြားမှု ဖော်ပြချက်များနှင့် ကိုက်ညှိ စစ်ဆေးကာ ဈေးကွက်အတွင်း တုပရာင်းချသော ကုန်စည်များရောင်းချမှုမရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြ ထားသော ကုန်စည် များကို သာရောင်းချ ရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေ ရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ် ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်စုံဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၂၃-၆-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဟင်္သာတမြို့နယ်အတွင်းရှိ ဘိလပ်မြေ အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ တို့အား ကွင်း ဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ဟင်္သာတမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်(၃)ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ စစ်ဆေးတွေ့ရှိ ချက်များအရ အိမ်ဆောက်ရာတွင်အသုံးပြုသော ဘိလပ်မြေ၊သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများ အား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍ သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးဖြင့်သာ ရောင်းချလျက်ရှိပါသည်။ ဟင်္သာတမြို့နယ်တွင် ဘိလပ်မြေအဝင်ရှိသော်လည်း ခွဲတမ်း အရ အနည်းငယ်သာကျန်ရှိပြီး ပြည်သူများအား အချိုးကျရောင်းချပေးနေကြောင်းနှင့် ပစ္စည်း များလို သလောက် ရောင်းချမပေးနိုင်သော်လည်း မိမိတို့၏အစီအစဉ် အဆက်အသွယ်များမှတစ်ဆင့် မှာယူ ပြီး လုပ်ငန်းများတွင် သုံးစွဲနေကြောင်း၊ ဈေးနှုန်းအနေဖြင့် ကြံနှစ်ကောင် တစ်အိတ်လျှင် (၃၀၀၀ဝိ/-) ကျပ်၊ ထိုင်းဆင် တစ်အိတ်လျှင်(၃၀၀၀ဝိ/-)ကျပ်၊ Alphaတစ်အိတ်လျှင်(၃၁၀၀ဝိ/-)ကျပ်၊ Crown တစ်အိတ်လျှင်(၂၉၀၀ဝိ/-)ကျပ်၊ အုတ်တစ်လုံးလျှင်(၃၀ဝိ/-)ကျပ်၊ ၄မူးသံတစ်တန်လျှင်(၂၅၀၀၀၀ဝိ/) ကျပ် ၊ မြစ်ကျောက် တစ်ကျင်းလျှင် (၁၅၀၀၀ဝိ/-)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ အဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန ၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၃-၆-၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၁:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့မဈေးအတွင်းရှိ အခြေခံစား သောက်ကုန် အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဟင်္သာတခရိုင် ဇလွန်မြို့နယ်ရှိ အခြေခံစားသောက်ကုန်စည်များအား ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့်သာ ရောင်းချစေရေး စိစစ်ခဲ့ ပြီး၊ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဒုတိယပတ်နှင့် နှိုင်းယှဉ် ပါက စားအုန်းဆီဈေးနှုန်းသာ အနည်းငယ်ကျဆင်းသွားပြီး အခြားစားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။ DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် Signal သွားတိုက်ဆေးထုတ်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူး ပေါင်း၍ (၂၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဇလွန်မြို့မဈေးအတွင်း‌ရှိ စတိုးဆိုင်များ၊ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆစ်ဂနယ် သွားတိုက်ဆေးထုတ်ကုန်များ အား တုပရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဆစ်ဂနယ် သွားတိုက်ဆေး ထုတ်ကုန်နှင့် တုပထုတ် လုပ်သော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆစ်ဂနယ် ထုတ်ကုန်အစစ်နှင့် အတုအပ ကွားခြားမှု ဖော်ပြချက်ဖြစ်သော အမှတ်တံဆိပ်အရောင်၊ သွားတိုက်ဆေးဘူး အောက်ဖက်အပိတ် နေရာ၊ ဘူးအပေါ် တွင် ရိုက်နှိပ်ထားသော လူမျက်နှာအရောင်၊ သွားတိုက် ဆေးအနှစ်အရောင် နှင့် ဂျပ်ဖာပုံစံ တို့ကို အသေးစိတ်စစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်း အတုအပ ကုန်စည်များ ရောင်းချမှု မရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြ ထားသော ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍ တွဲလျက် ဖြစ်စေ၊ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပညာ ပေးပြောကြားခဲ့ပြီး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့ နေ့လည် (၁၅:၀၀) အချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရုံးလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာန ၏လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအား ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က မိမိတို့ဌာန၏ လက်ရှိဆောင်ရွက်လျက် ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Onlineမှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကိုဆွေးနွေးခဲ့ပြီး၊ညနေ(၁၇:၀၀) နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခြင်းကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။ DOCA (ဧရာဝတီ)

တရားမဝင်အေးခဲ့သားများ ရောင်းချခြင်း ရှိ/မရှိ မအူပင်မြို့နယ် ဈေးများအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌ ဈေးနှင့် ဈေးတန်းကြီး ၄ခုတွင် ဈေးများအတွင်းရှိ တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချခြင်း ရှိ/မရှိ ကို ကွင်းဆင်း စစ်ဆေးခြင်းကို (၂၃-၆-၂၀၂၅) ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ စစ်ဆေးရေးမှူးဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ဓနုဖြူမြို့ မြို့မဈေး၊ ၇ရပ်ကွက်ဈေး၊ ဇကာကြီးဈေး၊ အကျော်တာလေးဈေး၊ ရေကျော် ဈေးအတွင်း ရှိ ကြက်သား ရောင်းချသည့် စုစုပေါင်း ဆိုင်(၁၂)ဆိုင်အား စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် ဓနုဖြူမြို့တွင် တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာ များ ရောင်းချခြင်း မရှိဘဲ စည်ပင်မှ တရားဝင်လိုင်စင် C ထုတ်ပေးထားသော‌ အသားများ သာ ရောင်းချ ကြောင်းနှင့် မြို့နေပြည်သူများ စားသုံးမှုအတွက် တစ်ဖက်ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ကာ အေးခဲသားများ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥများ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ နေ့စဉ်တင်သွင်းရောင်းချလျက်ရှိရာ ဒေသပြည်သူများ ဘေးဥပါတ်အန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့် ပြည်ပမှ သယ်ယူရောင်းချခြင်းအား တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေနှင့်အညီ တရားမဝင် ရောင်းချမှုမရှိစေရေး၊ ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် တင်သွင်းသည့် ကူးတို့ဆိပ်နှင့် ဈေးအတွင်း အေးခဲသား များ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥများ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ ရောင်းချသူ များအား ဥပဒေဆိုင်ရာ သိကောင်းစရာများအား အသိပေးရှင်းလင်းပညာ ပေးခြင်း၊ အေးခဲသား ရောင်းချမှုများ စစ်ဆေးတွေ့ရှိပါက ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showကို (၂၃.၆.၂၀၂၅) နေ့ မွန်းလွဲ ၂နာရီ က ကျင်းပ ပြုလုပ်ခဲ့သည်။ ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်း ဆွေးနွေးပြီး မြို့နယ်စာသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးအတွက် ပြဌာန်းထားသည့် ဥပဒေများ၊ ညွှန်ကြားချက်များ၊ စားသုံးသူပြည်သူများ သတိပြုလိုက်တာရမည့်အချက်များ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းထားရှိမှု၊ ဥပဒေပါစားသုံးသူအခွင့် အရေး(၈)ချက်နှင့် စားသုံးသူတို့၏တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီးပြည်နယ်များ ၊ ခရိုင်ဦးစီးမှူးရုံးများရှိ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ(CICC)ရုံးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်းနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ