
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းတို့သည် ၉-၁၀-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်ဦးစီးမှူးရုံး၌ လုပ်ငန်းရှင် (၁၂ ) ဦးအား Online Sale စနစ်ရောင်းချခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ အသိပညာပေးရာတွင် ဦးအောင်လွင် ဦးစီးအရာရှိက အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အွန်လိုင်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့် အမိန့်ကြော်ငြာ စာအမှတ် ၅၀/၂၀၂၃ ထုတ်ပြန် သတ်မှတ်ပြီး မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျောက်ထား ရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အမိန်ထုတ်ပြန်ပြီး ခြော်ကလပြည်မြောက်ပါက စတင်၍ မှတ်ပုံတင်မရှိပဲ ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆော်ငမှု ဥပဒေ ပုဒ်မ ၅အရ အရေးယူခံရမည်ဖြစ်ကြောင်းကို သုံးစွဲသူ ပြည်သူများပါ သိရှိထားရန်လိုအပ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရှိသော အွန်လိုင်းရောင်းချသူများထံမှ ကုန်စည်များကို ဝယ်ယူအားပေးရန်၊ အွန်လိုင်းစနစ်မှတ်ပုံတင်ခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်၇ာ အမိန့်ဖြစ်သည့် (၅၁/၂၀၂၃) ကို ဇူလိုင်လ ၂၁ရက်နေ့က အခန်း(၈)ခန်းဖြင့် ထုတ်ပြန်ထားပြီး ပြင်ဆင်ချက်၊ လျောက်ထားချက်၊ လက်မှတ်ရရှိသူ တာဝန်နှင့်အခွင့်အရေးများ စသည်တို့ကို တက်ရောက်လာသူများ သိရှိစေရန် ရှင်းလင်းဆွေးနွေးပြီး Online မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အားသာချက်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့မှုအပေါ် တက်ရောက်လာသူများက မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
