Main menu

မအူပင် ခရိုင် မအူပင်မြို့ပေါ်ရှိ ဆေးဆိုင်မျာအား FDA ဌာနနှင့်အတူ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မအူပင်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ဆေးဝါးဌာနခွဲ)သည် မအူပင်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန နှင့်ပူးပေါင်း၍ (၉.၁၂.၂၀၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန် တွင် မအူပင်မြို့ပေါ်ရှိ ဆေးဆိုင် (၁၀)ဆိုင် အား ဈေးဝေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

   ဆေးဆိုင်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ တရားမ၀င်ဆေးဝါး၊ စံမညီဆေးဝါး၊ သက်တမ်းလွန်ဆေးဝါး၊ဆေးဝါးအတုများ နှင့် ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဥ်(GPP)နှင့် အညီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ စံမညီဆေးဝါးများရောင်းချမှု ရှိမရှိစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ချက်သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးခြင်း၊ ဆေးဝါးဈေးနှုန်းများ၊ ဆေးဆိုင်များမှ ရောင်းချနေသော ဆီချိုဆေး၊ သွေးကျဆေး၊ သွေးကျဲဆေး၊ နှလုံးဆေး၊ ကျောက်ကပ်ဆေး စသည့် ဆေးများ၏ ဈေးနှုန်းများကို ဆေးဆိုင်တစ်ဆိုင်ခြင်းအား မေးမြန်းစာရင်းကောက်ယူခြင်း၊ အချို့ဆိုင်များမှာ ဈေးနှုန်းမတူညီမှုကို ဆွေ့ရှိရပြီး၊ ဆေးအမျိုးအစားဈေးနှုန်း မတူညီရခြင်းမှာ ကုမ္ပဏီတိုက်ရိုက်ဝယ်ယူရောင်းချသူနှင့်၊ တဆင့်ခံပြန်လည်ဝယ်ယူရောင်းချသူ ဆိုင်များမတူညီ၍ ကွဲပြားခြင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး၊ ဆေးဈေးနှုန်းများကို ကြီးမြင့်ရောင်းချခြင်းမပြုရန်၊ ဆေးဝါးများ ဈေးကွက်အတွင်း ပြတ်လပ်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ဆေးဆိုင်များမှ သက်တမ်းလွန်ဆေး များရောင်းချခြင်း၊ ဈေးမြှင့်ရောင်းချခြင်း၊ တရားမဝင်ဆေးများ ရောင်းချကြောင်း ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သုံးစွဲရန်မသင့်ကြော်ငြာထားသော အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် စားသောက်ကုန်များကို တွေ့ရှိစစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်  အမျိုးသားဆေးဝါးအစားအသောက်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဆိုင်ရှင်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)