Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုဒုံမြို့တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းဆင်းပွဲသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်

      ၂၅.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းဆင်းပွဲ အခမ်းအနားသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်ခဲ့ပါသည်။

     အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်လှိုင်က ယခုသင်တန်းသည် (၁၇)ကြိမ်မြောက် သင်တန်းဖြစ်ပြီး သင်တန်းသား (၅၄၁)ဦးကို မွေးထုတ် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အစေးခြစ် လုပ်သားများကိုလည်း ဆင့်ပွားနည်းပညာများ ဖြန့်ပေး စေလိုကြောင်း၊ ပြည်နယ်အတွက် ရော်ဘာသီးနှံကို ပန်းတိုင်သီးနှံအဖြစ် အဆိုပြုတင်ပြထားပြီး ဖြစ်ရာ project အနေဖြင့် ရော်ဘာသီးနှံကို မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သွားမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် အငြိမ်းစားပညာရှင်ဆရာကြီး ဦးဝင်းတင်မှ သင်တန်းတွင် အစေးခြစ်ပညာနှင့် အစေးစုသိမ်းပုံများကို သင်ကြားပေးခဲ့ပြီး စနစ်တကျ ပေါက်ခြစ်စနစ်နှင့် အစေးခြစ်ခြင်းကြောင့် အခေါက်ကျနှုန်း သက်သာ၍ စီးပွားရေး သက်တမ်းပိုရှည်မှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

    ဆက်လက်၍ သင်တန်းဆင်းအောင်လက်မှတ်နှင့် သင်တန်းတွင် ဆုရရှိသောသင်တန်း သား/သူများကို တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)

 

 

ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (Online) သင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

    ၂၄.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (Online) သင်တန်း (၁/ ၂၀၂၅) ကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့်မော်လမြိုင်ခရိုင်ရုံးဝန်ထမ်းများမှ လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး သထုံခရိုင်၊ ကျိုက်ထိုခရိုင်၊ ရေးခရိုင်မှ ဝန်ထမ်းများမှ အွန်လိုင်းဖြင့် တက်ရောက်ခဲ့ပြီး စုစုပေါင်းဝန်ထမ်း (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ သင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်မှ လက်ထောက် ညွှန်ကြား‌ရေးမှူး ဦးကျော်ဌေးက အငြိမ်းစားယူခြင်း အကြောင်းသိကောင်းစရာများ၊ ဝန်ထမ်း ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းသိကောင်းစရာများအား ဆွေးနွေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ‌ဒေါ်ခင်ဖုန်းမြင့်က Civil Service Personnel Rules အကြောင်းသိ ကောင်းစရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပွဲသို့ ပေါင်မြို့နယ်တာဝန်ခံတက်ရောက်

       ၂၄.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံမှ တက်ရောက်ခဲ့ပါသည်။

      ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့်ပတ်သက်၍ ဌာနဆိုင်ရာဝန်ထမ်းအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ လူဦးရေစာရင်းမှန်ကန်မှုရှိစေရန် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ကော်မရှင် တို့ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပန်းခင်းစီမံချက်ပြုလုပ်၍ မဲပေးစနစ် မှန်ကန်မှုရှိစေရေး ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

    ၂၄.၉.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

   ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းစျေး (၇၂၃၆) ကျပ်၊ ကြက်ဥ (၄) လုံး (၁၅၀၀) ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

      အဆိုပါ စျေးရောင်းချခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

မန္တလေးတိုင်းဒေသကြီးမှ စက်တင်ဘာလတွင် ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှု Myanmar Country Co.,Ltd (Mahar NET) အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက် နိုင်ရေးအတွက် စစ်ဆေးရေးအရာရှိများအား ခန့်အပ်တာဝန်ပေးအပ်လျက်ရှိပြီး ကုန်စည်၊ ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကိုလည်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)အား ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းအား စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၄) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ထွက်ရှိပြီးချိန်မှ စတင်ဆောင်ရွက်ခဲ့သော်လည်း ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ဆုံးဖြတ်ချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဝန်ဆောင်မှုကဏ္ဍ(၃)ရပ် ဖြစ်သည့် (၁) အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ လည်းကောင်း၊(၂) ဆက်သွယ်ရေး (အင်တာနက်)ဝန်ဆောင်မှု ကို ဩဂုတ်လမှ နိုဝင်ဘာလအထိ လည်းကောင်း၊ (၃)သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် မတ်လ အထိ လည်းကောင်းဆောင်ရွက်လျက်ရှိပါသည်။

      ၁၇-၉-၂၀၂၅ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ  Myanmar Country Co.,Ltd (Mahar NET)အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးထွန် ဦးဆောင်သော စစ်ဆေးရေးအရာရှိများနှင့် ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန(မန္တလေးရုံးခွဲ)တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် နည်းပညာခေတ် တွင် အင်တာနက်သည်ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍအားလုံးအတွက် အရေးကြီး ဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် "အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရန်" ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုင်စင်ရဆက်သွယ်ရေး အော်ပရေတာ(၁)ခုအား ဝန်ဆောင်မှုဈေးကွက်စောင့်ကြည့်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီ အလိုက် သတင်းအချက်အလက်များအား စားသုံးသူပြည်သူများ သိရှိရန်အတွက် ဆိုရှယ်မီဒီယာ များ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ ကြော်ငြာခြင်း၊ ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့်အချက်(၁၁)ချက်ကို အခြေခံ၍ စားသုံးသူများသို့ဆက်သွယ်ရေး(အင်တာနက်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင် သတိပေး ရန်နှင့် သတင်းအချက်အလက်ပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးစေရန် အဓိကထား စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း တင်ပြအပ်ပါ သည်။

DOCA(မန္တလေး)  

 

 

 

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများ၌ Global Good Pure Group Co.Ltd မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

     ၂၅.၉.၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် ဦးစီးမှူး ဦးအောင်မြင့်မြတ်နှင့် ဝန်ထမ်းများသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ မရမ်းကုန်းရပ်ကွက်၊ အောင်သုခ ရပ်ကွက်၊ ဇေယျာ(၁)ရပ်ကွက်၊ ရွှေပြည်စိုး ရပ်ကွက်၊ ဖက်တန်းရပ်ကွက်၊ လမုတန်းဈေး၊ မောင်ငံကွင်းရပ်၊ ဒိုင်းဝန်ကွင်းဈေးရှိ စားသုံးသူပြည်သူများသို့ စားအုန်းဆီ ရောင်းချပေး နေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်နေရာတွင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ၊ ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မန္တလေးတိုင်းဒေသကြီးမှ စက်တင်ဘာလတွင် ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှု Telecom International Myanmar Co.,Ltd(Mytel) အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက် နိုင်ရေးအတွက် စစ်ဆေးရေးအရာရှိများအား ခန့်အပ်တာဝန်ပေးအပ်လျက်ရှိပြီး ကုန်စည်၊ ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကိုလည်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)အား ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

        ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းအား စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၄) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ထွက်ရှိပြီးချိန်မှ စတင်ဆောင်ရွက်ခဲ့သော်လည်း ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ဆုံးဖြတ်ချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဝန်ဆောင်မှုကဏ္ဍ(၃)ရပ် ဖြစ်သည့် (၁) အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ လည်းကောင်း၊(၂) ဆက်သွယ်ရေး (အင်တာနက်)ဝန်ဆောင်မှု ကို ဩဂုတ်လမှ နိုဝင်ဘာလအထိ လည်းကောင်း၊ (၃)သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် မတ်လ အထိ လည်းကောင်းဆောင်ရွက်လျက်ရှိပါသည်။

        ၁၅-၉-၂၀၂၅ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်ရှိ  Telecom International Myanmar Co.,Ltd(Mytel) အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးထွန် ဦးဆောင်သော စစ်ဆေးရေးအရာရှိများနှင့် ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန(မန္တလေးရုံးခွဲ)တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် နည်းပညာခေတ် တွင် အင်တာနက်သည်ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍအားလုံးအတွက် အရေးကြီး ဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် "အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရန်" ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုင်စင်ရဆက်သွယ်ရေး အော်ပရေတာ(၁)ခုအား ဝန်ဆောင်မှုဈေးကွက်စောင့်ကြည့်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီ အလိုက် သတင်းအချက်အလက်များအား စားသုံးသူပြည်သူများ သိရှိရန်အတွက် ဆိုရှယ်မီဒီယာ များ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ ကြော်ငြာခြင်း၊ ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့်အချက်(၁၁)ချက်ကို အခြေခံ၍ စားသုံးသူများသို့ဆက်သွယ်ရေး(အင်တာနက်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင် သတိပေး ရန်နှင့် သတင်းအချက်အလက်ပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးစေရန် အဓိကထား စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း တင်ပြအပ်ပါသည်။

DOCA(မန္တလေး)  

 

 

မန္တလေးတိုင်းဒေသကြီးမှ စက်တင်ဘာလတွင် ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှု ATOM Myanmar Limited အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက် နိုင်ရေးအတွက် စစ်ဆေးရေးအရာရှိများအား ခန့်အပ်တာဝန်ပေးအပ်လျက်ရှိပြီး ကုန်စည်၊ ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကိုလည်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)အား ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

        ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းအား စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၄) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ထွက်ရှိပြီးချိန်မှ စတင်ဆောင်ရွက်ခဲ့သော်လည်း ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ဆုံးဖြတ်ချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဝန်ဆောင်မှုကဏ္ဍ(၃)ရပ် ဖြစ်သည့် (၁) အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ လည်းကောင်း၊(၂) ဆက်သွယ်ရေး (အင်တာနက်)ဝန်ဆောင်မှု ကို ဩဂုတ်လမှ နိုဝင်ဘာလအထိ လည်းကောင်း၊ (၃)သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် မတ်လ အထိ လည်းကောင်းဆောင်ရွက်လျက်ရှိပါသည်။

       ၂၂-၉-၂၀၂၅ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ချမ်းအေးသာစံမြို့နယ်ရှိ ATOM Myanmar Limited အားစားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှစစ်ဆေးရေး အရာရှိ ဦးမင်းလွင် ဦးဆောင်သောစစ်ဆေးရေးအရာရှိများနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ)တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍအားလုံးအတွက် အရေးကြီး ဆုံးအစိတ်အပိုင်းတစ်ရပ် အနေဖြင့် ပါဝင်သည့်အတွက် "အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်း ဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်" ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လိုင်စင်ရဆက်သွယ်ရေး အော်ပရေတာ(၁)ခုအား ဝန်ဆောင်မှုဈေးကွက် စောင့်ကြည့်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီအလိုက် သတင်း အချက်အလက်များအား စားသုံးသူပြည်သူများ သိရှိရန်အတွက် ဆိုရှယ်မီဒီယာ များ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ ကြော်ငြာခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှလိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များနှင့်မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထား သည့် အချက်(၁၁)ချက်ကို အခြေခံ၍ စားသုံးသူများသို့ဆက်သွယ်ရေး(အင်တာနက်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင်သတိပေးရန်နှင့် သတင်း အချက်အလက်ပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးစေရန် အဓိကထား စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အရေးယူသွား မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း တင်ပြအပ်ပါ သည်။

DOCA(မန္တလေး)  

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းရေကြည်မြို့နယ် အားကစား ခန်းမတွင်ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

           ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ် အားကစားခန်းမတွင် ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများအနေဖြင့် နှစ်ပတ်တစ်ကြိမ်ကွင်းဆင်း၍  မြေပြင်လူဉီးရေစာရင်း မှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အသက် (၁၈)နှစ်ပြည့်ပြီး လူဦးရေ ၃၆သိန်း ၆သောင်းကျော်ရှိပါကြောင်းနှင့် ၎င်းလူဦးရေစာရင်းကို အခြေခံ၍ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် ပြစ်မှုပြစ်ဒဏ်ခံနေရသူများ၊ သာသနာ့ဘောင်ဝင်ရောက် သူများကို တိုက်ဆိုင်စစ်ဆေးရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်များအနေဖြင့် မဲပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်များမရှိပါက မဲပေးနိုင်မည်မဟုတ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် သွင်းအားစုများပံ့ပိုးပေးအပ်ရာတွင် ဓါတ်မြေသြဇာများ အချိန်မီရောက်ရှိရန်နှင့် တောင်သူများလက်ဝယ်ရောက်ရှိရန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီ ပေါ်ဆန်းအရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်အတွင်းထိုက်သင့်သည့် ဈေးနှုန်းရရှိရေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိပြီး ပဲပုတ်၊ ပဲကြီး ရောနှော၍ ဧက(၁)သိန်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်း ဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်း ဖွင့်လှစ်မှု အများဆုံး တိုင်းဒေသကြီး ဖြစ်ပြီး အခြေခံပညာကျောင်း (၇)ထောင်ကျော်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုပါကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိပြီး အကျိုးအမြတ်ရှိရန် စီမံဆောင်ရွက်ပေးနိုင်ရေးနှင့် Export Zoneများ ဖော်ဆောင်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း အမှာစကားပြောကြားသည်။

            ထို့နောက် တာဝန်ရှိသူများက လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများအနေဖြင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားတစ်ဦးတွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ် များအား ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးမှုများ၊ အကြမ်းဖက်ဖြစ်စဉ် များကြောင့် ယာယီ နေရပ်စွန့်ခွာပြည်သူများအား  နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂)သောင်းနှုန်းဖြင့်ထောက်ပံ့ပေးအပ်မှုများနှင့် မသန်စွမ်း အသက်(၁၈)နှစ်ပြည့်ပြီးသူများကိုလည်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများက အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ သတ်မှတ်ကာလ အတွင်းပြီးစီးစေရေးနှင့် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက လေးမျက်နှာမြို့တွင် ‌ပြည်သူများအား ကျန်းမာရေးစောင့်‌ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး

            ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတဆေးရုံအုပ်ကြီး ဦးဆောင်သော ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ  အထွေထွေရောဂါကုသမားတော်၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အကြောအဆစ်နှင့်ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်း ရေးအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တို့က လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံတွင်  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။

            ဆက်လက်၍ ဆေးလာရောက်ကုသသည့် ဒေသခံပြည်သူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ အထူးကုဆရာဝန်ကြီးများမှ ထိုသို့ကုသပေးခဲ့ရာတွင် အထွေထွေရောဂါကုသလူနာ(၁၀၈) ဦး၊ မျက်စိရောဂါကုသလူနာ(၂၃) ဦး၊ ကလေး လူနာ(၃၅) ဦး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးလူနာ (၄၈) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာ (၁၈) ဦး စုစုပေါင်းလူနာ (၂၃၂) ဦးအား အခမဲ့ကုသပေးခဲ့ကြောင်း၊ ဆီးချိုစစ်ဆေးခြင်း (၁၉၇) ဦး၊ အီးစီဂျီ ရိုက်ခြင်း (၆၀) ဦး ပြုလုပ်ပေးခဲ့ပါကြောင်းနှင့် ဟင်္သာတပြည်သူဆေးရုံကြီးသို့ လူနာ (၈) ဦး ညွှန့်ပို့ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ