Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆက်သွယ်ရေး ဝန်ဆောင်မှူ လုပ်ငန်းတာဝန်ခံများ အား အသိပညာပေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို ၃၀-၁၀-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ဓနုဖြူမြို့နယ် ပြန်ဆပ်ရုံးတွင် ဆောင်ရွက်ခဲ့သည်။

        အသိပညာပေး ဆွေးနွေးရာတွင် ရှေ့ဦးစွာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးက ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး၊ ဝန်ဆောင်မှု ပေးသုံးစွဲရန် ကြေငြာချက် သတင်းအချက် အလက်များကို သုံးစွဲသူသိရှိအောင် ကြိုတင်အသုံးပေးပြီး ထုတ်ပြန်ထားသည့် ဝန်ဆောင်မှုနှင့်အညီ အပြည့်အဝသုံးစွဲခွင့်ရှိရန်၊ Data Plan, Data Package ဝန်ဆောင်ခ လစဉ် ပလန်၊ ၇ရက်သုံး Plan ပက်ကေ့ချ်များကို မှန်ကန်တိကျစွာ စားသုံးသူအခွင့်အရေး ပြည်ဝစွာသုံးစွဲနိုင်ရန်တို့ကို ဆွေးနွေးခြင်း၊ သုံးစွဲမှုလိုင်းပြတ်တောက်ခြင်း၊ လိုင်းကျခြင်းများရှိပါက ကြိုတင်အသိပေးနိုင်ရန်နှင့်  Online လိမ်လည်မှု လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ဆက်သွယ်ရေးကြိုးများ သွယ်တန်းခြင်းနှင့် ဆက်သွယ်ရေး တိုင်များစိုက် ထူခြင်းများ ဆောင်ရွက်ရာ တွင်  မြို့နယ်စည်ပင်သာယာရေး အဖွဲ့သို့ ဆက်သွယ်ဆောင် ရွက်သွားရန်နှင့် လိုအပ်သည်များကို ပူးပေါင်းပံ့ပိုးကူညီဆောင်ရွက်ပေး သွာမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆက်သွယ်ရေး ရုံးတာဝန်ခံ  စုစုပေါင်း(၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း စိစစ်ရေး အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမြို့များတွင် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်း များဆောင်ရွက်လျက်ရာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး DICA အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် လူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီများအား စစ်ဆေးနိုင်ရန် စိစစ်ရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။

     အစည်းအဝေးကို ကနဦးစိစစ်ရေးအဖွဲ့ဥက္ကဌ၊စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ ဝန်ကြီးက အဖွင့်အမှာ စကားပြောကြားပြီး စိစစ်ရေးအဖွဲ့၊အဖွဲ့ခေါင်းဆောင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက စစ်ကိုင်းတိုင်းဒေသကြီး၊ကနဦးစိစစ်ရေးအဖွဲ့အနေဖြင့် လျှောက်လွှာ လက်ခံရရှိမှုမှာ ပုံစံ (၁) ၈စောင်နှင့် ပုံစံ(၂) ၂၁၃ စောင်၊စုစုပေါင်း ၂၂၁ စောင် လက်ခံရရှိထားပါ ကြောင်း၊ လုပ်ငန်းလိုင်စင်စိစစ်ရေးအဖွဲ့၊နေပြည်တော်သို့ ပုံစံ(၁) ၅ စောင်နှင့်ပုံစံ(၂) ၂၀၃ စောင်၊ စုစုပေါင်း ၂၀၈ စောင်ပေးပို့တင်ပြခဲ့ပြီး စိစစ်ဆောင်ရွက်ဆဲ ပုံစံ(၁)၃ စောင်နှင့်ပုံစံ(၂) ၁၀ စောင်၊ စုစုပေါင်း ၁၃ စောင်ဖြစ်ပြီး လုပ်ငန်းလိုင်စင် ရရှိပြီး ပုံစံ (၂) ၁၁ စောင်ရှိကြောင်း၊ စိစစ်ရေးအဖွဲ့က မြေပြင် ကွင်းဆင်းစစ်ဆေးသည့်အခါ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ဖွင့်လှစ် လုပ်ကိုင်လျက်ရှိသည့် လူပုဂ္ဂိုလ်စာရင်းများ၊ကုမ္ပဏီများနှင့်အရောင်းဆိုင်များအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်လိုကြောင်းပြောကြားခဲ့ပြီး အဆိုပါ စိစစ်ရေးအဖွဲ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးက အဖွဲ့ဝင်အနေဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဖျာပုံမြို့နယ်၊ “MEC”ကိုယ်ပိုင်မူလတန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

         ဖျာပုံမြို့နယ်၊ “MEC”ကိုယ်ပိုင်မူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးအသိ ပညာပေး ဟောပြောပွဲတွင် စားသုံးရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၃၀)ရက်နေ့၊ နံနက်(၁၀ : ၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်မှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းများ ဖြစ်သည့် အစားအသောက်များတွင် မူလသဘာဝအားဖြင့် ပါဝင်သော ဓါတုပစ္စည်းများ ပါဝင်လာနိုင်ကြောင်း၊ စားသုံးသင့်သော မူလအစားအစာပုံစံများကို ကျော်လွန်ပြီး အရောင်အဆင်း အနံ့အရသာ ပိုမိုကောင်းမွန်ရန်အတွက်လည်း ဓာတုအရောင်ဆိုးဆေး များ ထည့်သွင်းလာမှုနှင့် အစားအစာများ တာရှည်ခံရန်ဘေးအန္တရာယ်ရှိသည့် ဖော်မလင်ဆေးများ ထည့်သွင်းသုံးစွဲလာမှုနှင့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့်ရက်စွဲ၊သက်တမ်းကုန်ဆုံးရက်စွဲများကြည့်ဝယ်ရန်တို့အား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“သမိန်ထော သိမ်ကုန်း”ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေး အတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

         ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “သမိတ်ထော သိမ်ကုန်း”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

         အဆိုပါတွေ့ဆုံပြောကြားရာတွင် “သမိန်ထော သိမ်ကုန်း” ကျေးရွာရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စု ဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊ သတ်မှတ်ညွှန်ကြား ပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အားဓာတ်ပုံမှတ်တမ်းများပေးပို့ရန်ပြောကြားခဲ့ပြီး“သမိန်ထော သိမ်ကုန်း”ကျေးရွာရှိစားသုံးဆီ ကော်မတီအဖွဲ့ဝင်များအားလိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

“မှော်ဘီ”ကျေးရွာအုပ်စုရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေး အတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

       ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့၊ နေ့လည် (၂:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “မှော်ဘီ”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

        အဆိုပါတွေ့ဆုံပြောကြားရာတွင် “မှော်ဘီ” ကျေးရွာရှိ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေး အတွက်   ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊ သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အားဓာတ်ပုံမှတ်တမ်းများပေးပို့ရန်ပြောကြားခဲ့ပြီး“မှော်ဘီ”ကျေးရွာအုပ်စုရှိကျေးရွာရှိစားသုံးဆီ ကော်မတီအဖွဲ့ဝင်များအားလိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် သက်သာသော ဈေးနှုန်းဖြင့် စားသောက်ကုန်များ ရောင်းချပေး

      (၃၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် သက်သာသော ဈေးနှုန်းဖြင့် ဆန်၊ဆီ၊ ကြက်ဥ၊ အသား၊ငါး တို့ကို ကျိုက်လတ်မြို့ (၇) လမ်းတွင် ပြည်သူများထံသို့သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးကြောင်းသိရသည်။

          အဆိုပါရောင်းချရာတွင် ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၇၁၅၀) ကျပ်(ဘူးခွံမပါ) ၊ ကြက်ဥ တစ်လုံးလျှင် (၃၇၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ဆီ(၅၀) သား၊ ကြက်ဥ (၁၀) လုံးရောင်းချပေးလျက်ရှိကြောင်းသိရသည်။ဆန်စုစုပေါင်း(၃)အိတ်၊ ဆီ(၅၀) သားဘူး(၂၀၀) ဘူး၊ ကြက်ဥအလုံးရေ (၆၀၀) တို့အား အများပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

 

ကျိုက်လတ်မြို့ ဆန်/စပါး ကုန်သည်လုပ်ငန်းရှင်အသင်းအား စားသုံးသူကာကွယ်ရေး အသိပညာပေး

       ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၃၀) ရက်နေ့၊နေ့လည် (၁၁:၃၀) နာရီအချိန်တွင် ဆန်/စပါး ကုန်သည်လုပ်ငန်းရှင်အသင်းအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ စားသုံးသူ ကာကွယ်ရေး နှင့် ပက်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူများ ရွေးချယ်ဝယ်ယူခွင့်နှင့်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍ ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကို ရွေးချယ် ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိ ကြောင်း၊ Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များသို့ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာ၊ မီးသတ်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၃၀-၁၀-၂၀၂၅) ရက်နေ့တွင် ကျိုက်လတ်မြို့နယ် ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့ပေါ် ရပ်ကွက်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးပေါ်ဆန်း၊ ဧည့်မထသိုလှောင်ထားရှိမှုအခြေအနေ၊ဈေးနှုန်းဈေးကွက်အခြေအနေ၊ လက်ကျန်စာရင်း ကောက်ယူခြင်း ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

 (DOCA ဧရာဝတီ)

အမှတ်(၂) ရပ်ကွက်၊ ရပ်တော်မူ မြတ်စွာဘုရားကြီး တန်ဆောင်းတွင် စားအုန်းဆီဘူးများ ရောင်းချပေး

        ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၃၀.၁၀.၂၀၂၅) နေ့၊ နံနက် (၇:၀၀)နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်၊ ရပ်တော်မူ မြတ်စွာဘုရားကြီး တန်ဆောင်းတွင် စားအုန်းဆီဘူးများ ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချရာတွင် အစိုးရအဖွဲ့မှ ထုတ်ပေးသော စားအုန်းဆီ တစ်ပိဿာလျှင် (၆၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ဒေသခံပြည်သူများ ဝယ်ယူအားပေးနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးမင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး အခြေခံစားသောက်ကုန်များ လုံလောက်စွာရောင်းချပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခဲ့သည်ဟု သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

Talk Show အစီအစဉ် ပြောကြားခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် (၃၀.၁၀.၂၀၂၅) နေ့၊ နေ့လည်(၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ (ဒု-ကြီးကြပ်ရေးမှူး) ဦးတင်စိန်သည် Talk Show အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show တွင် (ဒု-ကြီးကြပ်ရေးမှူး) ဦးတင်စိန်က စားသုံးသူကာကွယ်ရေး ဥပဒေအခန်းများမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပက်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ၊ ပုဒ်မ ၄၁ ၊ ၄၂ ၊ ၄၃  တို့နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း၊ ဖော်ပြရမည့်အချက်(၈) ချက်ရှိကြောင်း၊ ကုန်စည်တံဆိပ်၊အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ သုံးစွဲပုံနည်းလမ်း၊ ကြိုတင်သတိပေးချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့် ရက်စွဲ၊ စသည်တို့ပါဝင်ရမည်ဖြစ်ကြောင်း၊ “စားသုံးသူရေးရာဦးစီးဌာန” အနေဖြင့် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိတို့ကိုပူးပေါင်းအဖွဲ့များဖြင့်ကွင်းဆင်းစစ်ဆေးလျက် ရှိကြောင်းအသိပညာပေးဟော ပြောခဲ့ပြီး ပြစ်မှု၊ပြစ်ဒဏ် များ အကြောင်းကိုလည်း ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ