
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဓနုဖြူမြို့၊ ၇ရပ်ကွက် ရှိ ဂွတ်ချွိုက်(စ်) စတိုးဆိုင် တွင် ရောင်းချလျက်ရှိသော အသင့်စားမုန့် အမျိုးမျိုး တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ၉-၁၂-၂၀၂၅ ရက်နေ့နံနက်ပိုင်း က ဆောင်ရွက်သည်။
အဆိုပါပူးပေါင်းအဖွဲ့သည် စျေးကွက်အတွင်းရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထားသည့် မုန့်များ ရောင်းချခြင်းရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ် ဖြစ်စေနိုင်သောမုန့်များ ရောင်းချနေမှုရှိ/မရှိ စားသောက်ကုန် ပစ္စည်းများရောင်းချရာ၌ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်နှင့် ကျန်းမာရေးထိခိုက်စေနိုင်သည့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များအား စျေးကွက်အတွင်း ရောင်းချကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် မုန့်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ဦးခိုင်လွမ်းမိုး က မြို့နယ်အတွင်း ရှိ ဒေသခံပြည်သူ များ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော စားသောက်ကုန် ပစ္စည်းနှင့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်း မရှိကြောင်း နှင့် သတ်မှတ် ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိသော ကုန်စည်များကိုသာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
