Main menu

မြင်းခြံမြို့မွန်မွန်ဆန်ဆိုင်သို့သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ဆန်ရောင်းချမှုရှိ/မရှိကွင်းဆင်းခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်ရုံးမှဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)  ဦးဆောင်၍ အမှတ် (၇-ရပ်ကွက်)ရှိ ဆန်လက်လီလက်ကားရောင်းချသော မွန်မွန်ဆန်ဆိုင်သို့ ၅-၁၂-၂၀၂၅ ရက်နေ့နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

          ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ မွန်မွန်ဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ဧရာပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၆၅၀၀၀) ကျပ်၊ ဧရာပဒေသာ(စလင်း) (၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ မနောသုခဆန်(၂၄) ပြည်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်နှင့် ဖန်သီး (၂၄) ပြည်တစ်အိတ်လျှင်(၈၅၀၀၀)ကျပ်နှင့် ရက်(၉၀) ဆန်(၂၄)ပြည်တစ်အိတ်လျှင်(၇၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် သင့်တင့်မျှတသောနှုန်းထားများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မွန်မွန်ဆန်ဆိုင်ပိုင်ရှင်ဒေါ်မြတ်စုမွန် အားဈေးကွက် အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းပြည့်ပါက MyRO တွင် ဆက်လက် မှတ်ပုံတင် သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကို ဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)