Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးTalk Show ဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံသည် (၂၀.၈.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍သိကောင်းစရာများ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထု အခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ကုန်စည် ၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ် ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သောကုန်စည် အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက် များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာဖော်ပြရမည့် အချက်များအားအသိပညာပေး ဟောပြောဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိ တို့ကို (၁၀.၉.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် အမှတ် (၂/၇၉၄)၊ ဘူတာလမ်း၊ ကျည်တောင်ကန်ရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်ရှိ “Dear Skin” အလှကုန်ပစ္စည်းများလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                                             DOCA(ပြည်ထောင်စုနယ်မြေ)

ဓနုဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား ပူးပေါင်းကွင်းဆင်းစစ်ဆေး

       ဓနုဖြူမြို့နယ်အတွင်း စက်သုံးဆီရောင်းချမှုများ စနစ်တကျရှိစေရေးနှင့် စားသုံးသူများအနေဖြင့် သတ်မှတ်ပမာဏနှင့် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား (၁၇-၈-၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါ စစ်ဆေးမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီရောင်းချရာ၌ စားသုံးသူများအား သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာ ရောင်းချပေးနိုင်ရေးအတွက် ဆီပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ၊ ချိန်တွယ်တိုင်းတာသည့် ကိရိယာများ မှန်ကန်စွာ အသုံးပြုမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။ ထို့အပြင် စက်သုံးဆီဈေးနှုန်းများကို သတ်မှတ်ထားသည့် ဈေးနှုန်းများနှင့်အညီ ရောင်းချမှုရှိ/မရှိ၊ မသင့်လျော်ဘဲ ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိနှင့် အရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်မှုရှိ/မရှိ တို့ကို စိစစ်ခဲ့ကြောင်း သိရသည်။

       ဓနုဖြူမြို့နယ်အတွင်း စက်သုံးဆီဈေးကွက် တည်ငြိမ်စေရေးနှင့် စက်သုံးဆီပြတ်လပ်မှု မှိစေရေး၊  စားသုံးသူအခွင့်အရေးများ ကာကွယ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကြပ်မတ်ဆောင်ရွက်ခြင်းများကို ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်း

 

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ  ၈ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်၌ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ‌ဒေါ်မြင့်မြင့်အေး(စစ်ဆေးရေးအရာရှိ)  ဦးဆောင်၍ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာ (ဈေးများဌာန) တို့နှင့်ပူးပေါင်း၍  ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေကုန်းဈေးတွင် စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။   

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်နှင့် ဝန်ဆောင်မှုများတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာ ဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးပြောကြား၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

မအူပင်မြို့နယ်တွင် ဒေသတွင်းပဲမုန့်ထုတ်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

        မအူပင်ခရိုင်၊ မအူပင်မြို့နယ် မင်းလမ်းမပေါ်ရှိ ကျားပဲမုန့်လုပ်ငန်း သို့ (၁၇-၈-၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ ပဲမုန့်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို လေ့လာစစ်ဆေးခဲ့ပြီး ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ စားသုံးသူများအတွက် လိုအပ်သည့် အချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ ဖော်ပြထားမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။

         ထို့အပြင် ထုတ်လုပ်သည့် ပဲမုန့်များ၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်ကြမ်းများကို သန့်ရှင်းစွာ အသုံးပြုမှု၊ ထုတ်လုပ်မှုနှင့် ထုပ်ပိုးမှုအဆင့်များတွင် သန့်ရှင်းမှုရှိ စေရေးတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။ ဒေသတွင်းထုတ်လုပ်သည့် အစားအ သောက်ထုတ်ကုန်များ အရည်အသွေးပြည့်မီပြီး စားသုံးသူများ အတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ ရရှိနိုင်ရေး၊ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့် စားသုံး သူများ၏ အခွင့်အရေးများ မထိခိုက်စေရေးတို့အတွက် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထုတ်လုပ် ရောင်းချ ရန် လမ်းညွှန်အသိပညာပေးခဲ့သည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုသည် ဒေသတွင်း အသေး စားနှင့် အလတ်စား ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အရည်အသွေးကောင်းမွန်၍ ဘေးအန္တရာယ်ကင်းရှင်းသော ပြည်တွင်း ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် အထောက် အကူပြုကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခြင်း

          ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၈  ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူး နှင့် မြို့နယ်တာဝန်ခံများသည်  ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏ သီရိဈေး၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေး၊ ပျဉ်းမနားမြို့နယ်၊ မြို့မဈေး၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေး၊ တပ်ကုန်းမြို့နယ်၊ မြို့မဈေးနှင့်  ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ဈေး အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ အသီးသီးသို့ အုပ်စုခွဲ၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          စစ်ဆေးခဲ့သောဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ အထူး ထိန်းချုပ်ထားသောဆေးဝါးများ လက်လီရောင်းချခွင့်လိုင်စင်ရှိပြီးသော ဆေးဆိုင်များဖြစ်ကြောင်း သိရပါသည်။ စစ်ဆေးရာ၌ ဆေးများပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြင့်တက်ခြင်းရှိ/ မရှိ၊ ဆေးဆိုင်အတွင်း အထူးထိန်းချုပ်ဆေးဝါးများ ရောင်းချမှုမှတ်တမ်းများ၊ ဆေးဝါးများထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/ မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (နေပြည်တော်)

ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး(လက်ထောက်ညွှန်ကြား ရေးမှူး) ဦးဆောင်သောဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ( ၈ )ရက်၊ နံနက်( ၁၁:၀၀ ) အချိန်တွင် ဇမ္ဗူသီရိမြို့နယ်ရှိ 5BB Broadband သို့သွားရောက်၍ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) နှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စစ်ဆေးရာတွင် ဆက်သွယ်ရေး     လုပ်ငန်း (5BB Broadband) အနေဖြင့် အင်တာနက်ဝန်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား အသုံးပြုသည့် စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် အမှန်တကယ်အသုံးပြုသူများအား မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များအားသတ်မှတ်ပေးရန်၊ဝန်ဆောင်ခနှုန်းထားများနှင့် ဝန်ဆောင်မှုအရည်အသွေးတို့ပါဝင်သော ဝန်ဆောင်မှုအသုံးပြုခြင်းနှင့်စပ်လျဉ်း သည့် သတ်မှတ်ချက်များကိုထုတ်ပြန်ထားရန်၊ အမှန်တကယ်အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက် အလက်များနှင့်သတင်း အချက်အလက်လုံခြုံရေးတို့ကို ကာကွယ်ပေးမည့်အစီအစဉ်များအား စာဖြင့် ရေးသားဖော်ပြထားရန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဝယ်ယူအသုံးပြုကြသည့် စားသုံးသူ များ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆက်သွယ်ရေးဝန်ဆောင်မှု (Package/ Plan) များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေးဖော်ပြထားရန်၊ ဝန်ဆောင်ခ နှုန်းထားများ ပြောင်းလဲမှုများရှိပါကသုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခနှုန်းထား များအား မှားယွင်းစွာငွေကြေးဖြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာ အော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရန်၊ ဝန်ဆောင်မှုကို ကြော်ငြာရာတွင် ဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်း (Terms and Conditions)များအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားရှိရန်၊ စားသုံးသူများက ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ပိုမိုသေချာစေရေးအတွက် Double Confirmation ပြုလုပ်၍ ဝယ်ယူနိုင်စေရန်၊ ဝန်ဆောင်မှုများ အပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ် တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်ရန် စီစဉ်ထားရှိစေရေး အသိပညာပေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (နေပြည်တော်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား  online Sale နှင့် ပတ်သက်သည့် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊  မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ်တာဝန်ခံ  ဦးအောင်မိုးသည်  (၁၈-၈-၂၀၂၆)ရက်နေ့၊ ညနေ(၁၅;၀၀)အချိန်တွင် ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား online Saleနှင့် ပတ်သက်သည့်စားသုံးသူအသိပညာပေးဟောပြောခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ကုန်မျိုးစုံလုပ်ငန်းရှင်များအား မိတ်ဆက် စကားပြောကြားပြီး   online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီးတစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည့်ဆိုင်လိပ်စာ မှန်ကန်ကြောင်းရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်)Mobile phone Number ဖြင့်Sing Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg.gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထား နိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ onlineမှရောင်းဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည် ဖြစ်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ကုန်မျိုးစုံလုပ်ငန်းရှင်(၈)ဦး တက်ရောက်ခဲ့ပါသည်။

 DOCA(ဧရာဝတီ)                                                                                                                      

   

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk   Show   ပြုလုပ်  

           ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဒေါ်ရည်မွန်သန့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၁၇-၈-၂၀၂၆)ရက်နေ့၊ မွန်းလွှဲ(၁၄:၀၀)နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်တာဝန်ခံမှစားသုံးသူ အသိပညာ ပေးTalk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ရည်မှန်းချက်များ၊ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှစစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်(၁၁)ချက်အားအသေးစိတ်ပြောကြားခဲ့ပြီး၊အခန်း(၉)ပါ စားသုံးသူ ၏ အ ခွင့်အရေးနှင့်တာဝန်များ၊  အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၂၃)ပါ တားမြစ် ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး ၊ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်၊စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက် များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsite တွင်လည်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက  စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ချောင်းဆုံမြို့နယ်ရှိ (My RO) တွင် မှတ်ပုံတင်ထားသော ဆန်စပါးသိုလှောင်ရုံများအား ကွင်းဆင်းခြင်းဆောင်ရွက်

   ၇.၉.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်အတွင်း (My RO) တွင် မှတ်ပုံတင်ထားသော ဆန်စပါး သိုလှောင်ရုံများအား ကွင်းဆင်းခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်ရှိ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ၊ ဆန်စပါးလက်ကျန် အခြေအနေများအား မေးမြန်းစုံစမ်းခဲ့ပြီး MyRO တွင် ကုန်ရ၊ ကုန်ထုတ် နှင့် ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁) ရက်နေ့မှ (၁၀) ရက်နေ့အတွင်း အချိန် မီပြည့်စုံမှန်ကန်စွာ မပျက်မကွက် ရေးသွင်းကြရန် အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

   ထို့အပြင် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် MyRO ၌ လစဉ်စာရင်းများ စနစ်တကျ ရေးသွင်းခြင်းဖြင့် ဆန်စပါးသိုလှောင်မှုနှင့် ဖြန့်ဖြူးမှု အခြေအနေများကို တိကျ မှန်ကန်စွာ စောင့်ကြည့်နိုင်မည်ဖြစ်ကြေင်း ရှင်းလင်းပြောကြားခဲ့ပြီး ကွင်းဆင်းအသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ