Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ (Talk Show) ကျင်းပပြုလုပ်

          ၁၂.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျိုက်ထိုမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် မှ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူက စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူအသုံး ပြုရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ စားသုံးသူနစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတ များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          DOCA (မွန်)

သထုံမြို့နယ်ရှိ အခွန်လွတ်ဈေး၌ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

          ၁၄..၂၀၂ ရက် တနင်္ဂနွေနေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်း ထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Lwin Maung Maung CO.Ltd” မှ စားအုန်းဆီ လက်လီကိုယ်စားလှယ် ဦးကျော်နိုင်၏ စားအုန်းဆီ ရောင်းချနေ မှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချစေရေးဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ထားသော ဗီနိုင်းချိတ်ဆွဲ ရောင်းချစေရေး၊ အဆိုပါစားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း သယ်ယူပို့ဆောင်စရိတ် (၂%) ၊ စားသုံးသူပြည်သူများထံသို့ အမြတ် (၂%) တို့ဖြင့် ရောင်းချပေးခြင်း၊ မှန်(၆)မှန်ဖြင့် ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ရာ ဈေးနှုန်း (၈၁၀၅) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၄၄၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သံဖြူဇရပ်မြို့နယ်၊ အ.ထ.က (၁) နှင့် အ.ထ.က (၂) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

          ၁၂.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မှူးနှင့် ဝန်ထမ်းများသည် သံဖြူဇရပ်မြို့နယ်၊ အ.ထ.က (၁) နှင့် အ.ထ.က (၂) ကျောင်းတို့၌ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွား စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မော်လမြိုင်ခရိုင်မှူး ဒေါ်ဝါဝါမြိုင် က ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် မဝယ်မီ ကုန်အညွှန်းအမှတ်အသားများကို သေချာစိစစ်ဖတ်ရှုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် နစ်နာ ဆုံးရှုံးမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က (၁) မှ ဆရာ/ဆရာမ (၉) ဦး၊ ကျောင်းသား/ကျောင်းသူ (၂၀၅) ဦး၊ အ.ထ.က (၂) မှ ဆရာ/ဆရာမ (၇) ဦး၊ ကျောင်းသူ/ ကျောင်းသူ (၂၅၉) ဦး စုစုပေါင်း (၄၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သံဖြူဇရပ်မြို့နယ်၌ ဦးစားပေးကုန်စည်ဖြစ်သော စည်သွပ်အစားအစာ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

          ၁၂.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ သံဖြူဇရပ်မြို့နယ်၊ အမှတ် (၁) မြို့မဈေးအတွင်း၌ ဦးစားပေးကုန်စည်ဖြစ်သော စည်သွပ်အစားအစာ အမျိုးမျိုး တို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဦးစားပေးကုန်စည်ဖြစ်သော စည်သွပ်အစားအစာ အမျိုးမျိုးတို့တွင် ကုန်စည်အမည်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင် ပစ္စည်းများ၊ အသုံးပြုနည်းနှင့်သတိပြုရန်အချက်များ စသည့် ကုန်အညွှန်းအမှတ်အသား များကို ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိအား စိစစ်စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာ ဖော်ပြရောင်းချကြရန် အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သံဖြူဇရပ်မြို့နယ်ရှိ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ၁၂.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ သံဖြူဇရပ်မြို့နယ် အတွင်းရှိ အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသည့် ဆိုင် (၃) ဆိုင်သို့ သွားရောက်၍ အစားအသောက်များရောင်းချခြင်းနှင့် ဝန်ဆောင်မှုများပြုလုပ်ရာတွင် ဆောင်ရွက်စီမံနေသည်များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၌ သင့်လျော်သောဝတ်စုံ၊ ဦးထုပ်၊ လက်အိတ် ဝတ်ဆင်ထားခြင်း ရှိ/မရှိ၊ အစားအသောက်ပြင်ဆင်သည့်နေရာနှင့် ချက်ပြုတ်သည့်နေရာ၊ ပန်းကန်များအား သီးခြားစီ ထားရှိခြင်း ရှိ/မရှိ၊ ဝန်ဆောင်မှုပေးသူ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား သတင်းအချက်အလက် ကြိုတင် အသိပေးဖော်ပြထားခြင်း ရှိ/မရှိ၊ ရောင်းချသည့်အစားအသောက်များ၏ အမျိုးအစား အလိုက် ဈေးနှုန်းအား စားသုံးသူများသိရှိစေရန် ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြထားခြင်း ရှိ/မရှိ၊ ဝန်ဆောင်မှုပေးသည့် အဖိုးအခကောက်ခံမည်ကို ကြိုတင်အသိပေး ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ထို့ပြင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို ရောင်းချပေးကြရန်နှင့် စားသုံးသူအခွင့်အရေးကို အလေးထား ဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ၁၅.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ စက်သုံးဆီများ ရောင်းချရာတွင် QR Code စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ တရားဝင်လိုင်စင်ရှိသော ယာဉ်များအား ဝှီးတက်ပြသောစနစ်ဖြင့် ဆီရောင်းချခြင်း ရှိ/မရှိ၊ စုံ၊ မ ရက်အလိုက် ရောင်းချပေးခြင်း ရှိ/မရှိ၊ ပုံး၊ ပေပါများဖြင့် ရောင်းချပေးခြင်း ရှိ/မရှိ နှင့် စက်သုံးဆီရောင်းဆိုင်များအနေဖြင့် နေ့စဉ်သတ်မှတ် အချိန်အတိုင်း ရောင်းချပေးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     DOCA (မွန်)

မုဒုံမြို့နယ်တာဝန်ခံသည် “ဟင်္သာမင်း” အမှတ်တံဆိပ် ကြက်ဥခေါက်ဆွဲလုပ်ငန်းအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

             ၁၂.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ ကျောင်းသစ်ရပ်ရှိ “ဟင်္သာမင်း” အမှတ်တံဆိပ် ကြက်ဥခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းအား ဈေးကွက် မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

             ထိုသို့ တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်  “ဟင်္သာမင်း” ကြက်ဥခေါက်ဆွဲထုပ်များပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့် ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်များကို မြန်မာဘာသာ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်တွဲလျက် ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။                                                                

  DOCA (မွန်)

“သပေါ့ဖျာလုပ်ငန်းအားကွင်းဆင်းလေ့လာ”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အသေးစားအလတ်စားလုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက်ကျောက်ဆည်မြို့နယ်၊ အင်ရောင်း ကျေးရွာအုပ်စု ၊ ဆင်ဦးကျေးရွာရှိ သပေါ့ဖျာလုပ်ငန်းအား ကွင်းဆင်းလေ့လာခဲ့ပါသည် ။ ၄င်းလုပ်ငန်း အား မိသားစုတစ်နိုင်တစ်ပိုင်ဖြင့် အိမ်တိုင်းလိုလိုယက်လုပ်၍ မိသားစုအပိုဝင်ငွေ ရရှိအောင် ယက်လုပ်ရောင်းချလျှက်ရှိပါသည်။ သပေါ့ဖျာ (သို့) ဆက်သွားဖူးဖျာများအား ယက်လုပ်ရာတွင် ပထမဦးစွာ ဆက်သွားပင်မှ ဆက်သွားများကို ခုတ်ယူ၍ ဘေးဆူးများသင်ကာ နေလှန်းရပါကြောင်း ၊ ခြောက်လာသော ဆက်သွားပင်များကိုထုံးပြီး အရွယ်တူဆိုက်တူသော ဆက်သွားပင်များကိုရွေးချယ် ပြီး ဖျာတစ်ချပ်စာ(၁)ထုံးအား ရေစိမ်၍အခွေလေးများ ခွေရပါကြောင်း၊ ခွေပြီးသား အခွေများကို ဖျာယက်လုပ်ရန်အတွက် သင့်တော်သောဆိုဒ်များရရှိအောင် ခွဲခြမ်းစိပ်ဖြာပေးရပါသည်။ အရောင်လှ ရန်အတွက် ဆိုးဆေးများအသုံးပြု၍ မိမိလိုချင်သော အရောင်များထည့်ကာ ဆက်သွားပင်များကို ရေနွေးပွတ်ပွတ်ဆူထဲတွင် ထည့်၍ပြုတ်ရပါကြောင်း၊ သို့မှသာမိမိလိုချင်သော အရောင်အသွေးစုံလင် ဒီဇိုင်းလှသော သပေါ့ဖျာများရရှိမည်ဖြစ်ပါသည် ။ သပေါ့ဖျာ တစ်ချပ်လျှင် ဆက်သွားပင် (၁၀၄) ပင် ဖြင့်ယက်လုပ်ရပြီး တစ်ယောက်အိပ်ဖျာ တစ်ချပ်လျှင် အလျား ၅ပေ ၊ အနံ၃ပေရှိပြီး နှစ်ယောက်အိပ် ဖျာတစ်ချပ်လျှင် အလျား ၆ပေ ၊ အနံ ၄ပေဖြင့် ဆက်သွားပင်ပေါ်မူတည်၍ ဖျာအတို၊ အရှည်ခွဲ၍ ယက်လုပ်ကြကြောင်း၊ အပင်ပေါ်မူတည်၍ ဖျာအမျိုးမျိုး ယက်လုပ်ရောင်းချကြပြီး အော်ဒါများမှာယူ ပါကလည်း ယက်လုပ်ပေးလျှက်ရှိပါကြောင်း၊ ဖျာစျေးနှုန်းများအနေဖြင့် နှစ်ယောက်အိပ်ဖျာတစ်ချပ် လျှင်(၂၀၀၀၀/-)ကျပ်၊တစ်ယောက်အိပ်ဖျာတစ်ချပ်လျှင်(၇၀၀၀/)ကျပ်နှုန်းဖြင့်ရောင်းချပေးကြောင်း၊ ဆက်သွားဖူးဖျာ (သို့) သပေါ့ဖျာများကို နှစ်ယောက်ယက်လုပ်လျှင် တစ်ရက်(၅)ချပ်နှုန်း ယက်လုပ် နိုင်ပြီး မိသားစုတစ်နိုင်တစ်ပိုင် ဆယ့်နှစ်ရာသီ ယက်လုပ်ရသော လုပ်ငန်းဖြစ်သည့်အတွက် အခြေခံ လူတန်းစားများအတွက် အပိုဝင်ငွေရရှိသော  လုပ်ငန်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။  DOCA(မန္တလေး)

 

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်ကွင်းဆင်း

                 စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ သည် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက်(၈.၆.၂၀၂၆) ရက်နေ့၊ နံနက်  ၀၉:၀၀ နာရီအချိန် တွင် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်ရှိ “ကောင်းကောင်း” မြေပဲပွကြော်လုပ်ငန်းသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား နိုင်ငံတော်မှသင့်တင့် မျှတသောနှုန်းထားဖြင့် ရောင်းချပေးနေသော လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲမှုရှိစေရေး၊ လုပ်ငန်းခွင်များတွင် သုံးစွဲမှုပမာဏနှင့်လျှောက်ထားသည့်ပမာဏများ မှန်ကန်မှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ မိမိရောင်းချလျက်ရှိသည့် ကုန်ပစ္စည်း နှင့် စပ်လျဉ်းပြီး အာမခံချက်၊ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီထုတ်ပြန်စေရေး၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ ပါရှိစေရေးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်များမှလည်း ဥပဒေပါပြဌာန်းချက်များနှင့်အညီလိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

                                                                                                           

                                                                            

အိမ်သုံးဆေးဝါး အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          မြင်းခြံမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ဆေးဝါးအမျိုးမျိုးရောင်းချသော ဆေးဆိုင်များအား ၁၁.၆.၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့်စစ်ဆေးရေးမှူးများသည် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များကို ဆောင်ရွက်ခဲ့ပါသည်။

          ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်းသုံးဆေးဝါးအမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုး ကျိုးနှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်း ဖော်ပြရမည်ဖြစ်၍ အဆိုပါအချက်အလက်များပါဝင်မှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ပါဝင်မှုရှိ/မရှိ တို့အား စစ်ဆေးခဲ့ကြပြီး စားသုံးသူပြည်သူများ လွယ်ကူလျင်မြန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် သင့်တင့် မျှတသော ဈေးနှုန်းများဖြင့်ရောင်းချမှုရှိစေရေးအတွက် ဆေးဝါးလက်ကျန်အခြေအနေများ၊ ဈေးနှုန်း ဈေးကွက်များအား စိစစ်မေးမြန်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်နေသည့်အတွက် လုပ်ငန်းရှင်များမှလည်း ဥပဒေပါပြဌာန်းချက်များနှင့်အညီ လိုက်နာမှုရှိလာကြောင်းသိရသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ