
၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာ ဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူး နှင့် မြို့နယ်တာဝန်ခံများသည် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏ သီရိဈေး၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေး၊ ပျဉ်းမနားမြို့နယ်၊ မြို့မဈေး၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေး၊ တပ်ကုန်းမြို့နယ်၊ မြို့မဈေးနှင့် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ဈေး အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ အသီးသီးသို့ အုပ်စုခွဲ၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
စစ်ဆေးခဲ့သောဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ အထူး ထိန်းချုပ်ထားသောဆေးဝါးများ လက်လီရောင်းချခွင့်လိုင်စင်ရှိပြီးသော ဆေးဆိုင်များဖြစ်ကြောင်း သိရပါသည်။ စစ်ဆေးရာ၌ ဆေးများပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြင့်တက်ခြင်းရှိ/ မရှိ၊ ဆေးဆိုင်အတွင်း အထူးထိန်းချုပ်ဆေးဝါးများ ရောင်းချမှုမှတ်တမ်းများ၊ ဆေးဝါးများထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/ မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (နေပြည်တော်)
