Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောက်ပန်းတောင်းမြို့တွင် စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များသို့ (၂၈.၈.၂၀၂၆)ရက်နေ့၊ နံနက် ၀၈:၃၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၂၈.၈.၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၃၈၆၅)ကျပ်၊ 95 Octance(၃၉၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၄၃၈၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၅၂၉၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၁၃၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၂၀)ကျပ်၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် (၁၄၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၂၁၅) ကျပ် ဈေးနှုန်းများတက်ခဲ့ကြောင်း သိရှိရသည်။မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြော ကြားခဲ့ကြသည်။

DOCA(မန္တလေး)  

ကချင်ပြည်နယ်စားသုံးသူ‌ရေးရာကော်မတီ၏(၃/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကျင်းပ

   ၂၀၂၆ခုနှစ် ၊ စက်တင်ဘာလ ၁၀ ရက်နေ့ ၁၀း၀၀နာရီအချိန်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်စာသုံးသူရေးရာကော်မတီ၏ (၃/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ (စီမံကိန်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး) ဦးဆောင်၍ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များ ဖြစ်သည့် ကချင်ပြည်နယ်ဥပ‌ဒေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကချင်ပြည်နယ် စားသုံးသူ ရေးရာကော်မတီ အတွင်းရေးမှူး ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန (ပြည်နယ်ဦးစီးမှူး)တို့က အစည်းအဝေးသို့ တက်ရောက်ကြပါသည်။

          ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ (စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး) က အဖွင့်အမှာစကားပြောကြားရာတွင် ကချင်ပြည်နယ်အနေဖြင့် ကော်မရှင်၊ ကော်မတီအဖွဲ့များ ဖွဲ့စည်း ထားရှိပြီး အဆိုပါကော်မတီများအနေဖြင့် သက်ဝင်လှုပ်ရှားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရသဖြင့် ထိထိ‌ရောက်ရောက် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ (၂/၂၀၂၆) ကြိမ်မြောက် ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ချက် (၉)ချက် ချမှတ်ခဲ့ပြီး စားသုံးသူရေးရာ ကော်မတီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဟူသည့် ဆောင်ပုဒ် နှင့်အညီ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း သောက်ရေသန့်ဘူး ဝယ်ယူခြင်းနှင့် ပတ်သက်၍ တိုင်ကြားမှုကို တိုင်ကြားသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား စေ့စပ်ညှိနှိုင်းဖြေရှင်း ခြင်းနည်းလမ်းဖြင့် ဖြေရှင်း ဆောင်ရွက်ခဲ့သည့် အတွက် ဂုဏ်ယူပါကြောင်း၊ စားသုံးသူရေးရာ ကော်မတီဝင်များအနေဖြင့် စားသုံးသူရေးရာကဏ္ဍနှင့် ပတ်သက်၍ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် ကြိုးစားဆောင်ရွက်စေလို ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့အပြင် ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက ၂၀၂၆ ခုနှစ် မေလမှ ဩဂုတ်လအထိ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး ကချင်ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားခဲ့ပြီး အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာဈေးရှိ အစားအသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ (၂၅.၈.၂၀၂၆) ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာ ဈေးအတွင်းအပြင်ရှိ အစားအသောက်ရောင်းချသော ဈေးဆိုင်များအား လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဝမ်းပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရေးတို့အတွက် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

      ပူးပေါင်းအဖွဲ့သည် ဈေးအတွင်းအပြင်တွင်ရောင်းချလျက်ရှိသော အစားအစာများ၌ သက်ဆိုင်ရာဌာန ထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သန့်ရှင်းလတ်ဆတ်သော အစားအစားများနှင့်စနစ်တကျထားသိုသိမ်းဆည်းမှုရှိ/မရှိ၊ ယင်နားစာများ၊ မသန့်ရှင်းသော၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ ရောင်းချမှုမရှိစေရေး၊ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့်အညီရောင်းချစေရေး၊ လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ လတ်တလော ဒေသအချို့၌ ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားလျက်ရှိရာ မိမိတို့ဒေသ၌ မဖြစ်ပွားစေရေးတို့အတွက် သက်ဆိုင်ရာဌာနဖြင့် ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)  

   

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍  အသိပညာပေးဟောပြောခြင်း

    ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍  အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ခရိုင်တာဝန်ခံ) သည် ၈-၉-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ စားသုံးသူပြည်သူ(၇)ဦးနှင့်တွေ့ဆုံ၍  အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦး‌ဝင်းသိန်းဦး (ခရိုင်တာဝန်ခံ)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သိထားသင့်သောအချက်များအကြောင်း၊ စားသုံးသူအခွင့်အရေး နှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူ ခြင်း၏ အားသာချက်၊ အားနည်းချက်၊ အွန်လိုင်းမှလိမ်လည်မှုပုံစံအမျိုးမျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများ နှင့်စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း ၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာဆောင်ရွက် ရန်၊ ကုန်သွယ်ရေး ဦးစီးဌာန၏ eComReg System ၏ Report နှင့်ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများအကြောင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူ ရောင်းချခြင်းပြုရန်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း တို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တွင် အိမ်ထောင်စုအလိုက် ဆီစာအုပ်အသစ်များကွင်းဆင်းပြုလုပ်ပေးခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးရှိဝန်ထမ်းများမှ မန္တလေးမြို့၊ ခရိုင်/မြို့နယ်အသီးသီးတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် အိမ်ထောင်စုအလိုက် (၁)လလျှင် စားအုန်းဆီ(၂.၅ပိသာ) နှုန်းကို သတ်မှတ် ရည်ညွှန်းစျေးနှုန်းများဖြင့် ဝယ်ယူခွင့်ရရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနက သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများ၊ မြို့နယ်/ရပ်ကွက်တာဝန်ခံများ၊ မန္တလေးတိုင်းဒေသကြီး ဆီလုပ်ငန်းရှင်များ အသင်းမှ မြို့နယ်အလိုက်တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အတွင်း ဆီရောင်းချခွင့်ရရှိသည့် လက်လီ/လက်ကား ကိုယ်စားလှယ်လုပ်ငန်းရှင်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ပြည်သူများအတွက် One stop service ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

       ၂၅.၈.၂၀၂၆ ရက်နေ့မှစတင်ကာ စားသုံးသူရေးရာဦးစီးဌာန၊ မဟာအောင်မြေမြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ရွှေနှင့်ဝန်ထမ်းများမှ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တာဝန်ခံနှင့်ရာအိမ်မှူးများ၊ ဆီအသင်းတာဝန်ခံများနှင့်ဆီလုပ်ငန်းရှင်တို့က ၃၈လမ်း၊ လမ်း၉၀x၉၁ကြားရှိ စိမ်ပန်းအားကစားရုံ ခန်းမ၌ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်(အသစ်) ပြုလုပ်ပေးခြင်း၊ အဟောင်းဆီစာအုပ် လဲလှယ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အိမ်ထောင်စုများအနေဖြင့် ဆီဝယ်ယူခွင့် ရရှိစေရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းအထောက်အထားများဖြစ်သည့် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စု ဇယားမိတ္တူ၊ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိပ်စာတို့ လိုအပ်မည်ဖြစ်ကြောင်း၊ ပူးပေါင်း အဖွဲ့မှ ဆီဝယ်ယူခွင့် စာအုပ်များတွင် အိမ်ထောင်စုအလိုက် လိုအပ်သည့်အချက်အလက်များ ထည့် သွင်း၍ အိမ်ထောင်စုများမှ တင်ပြလာသည့် မှတ်ပုံတင်/အိမ်ထောင်စု မူရင်းများနှင့် တိုက်ဆိုင် စစ်ဆေးပြီးမှသာ ပြည်သူများအနေဖြင့် မိမိတို့ဝယ်ယူရမည့်ဆီဆိုင် အမည်၊ ဖုန်းနံပါတ်၊ ဝယ်ယူရမည့် ရက်စွဲနှင့် ဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ တစ်စုံတစ်ရာကျေနပ်မှုမရှိပါက တိုင်ကြားရမည့် ဖုန်းနံပါတ်တို့ပါဝင်သည့်ဆီဝယ်ယူခွင့် စာအုပ်များရရှိမည်ဖြစ်ပါသည်။ မဟာအောင်မြေ မြို့နယ်အတွင်း နေထိုင်သည့်ဆီဝယ်ယူခွင့်စာအုပ် မရရှိသေးသည့် ပြည်သူများအတွက် ဆီဝယ်ယူခွင့် စာအုပ်များ ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၈-၉-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၁) ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက် ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူ အသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ် ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းများဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန် ပြော ဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း စသည့်အချက်များအကြောင်း အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်အကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း နှင့် အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊  ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့အား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်၊၊  

DOCA(ကချင်)                   

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၈-၉-၂၀၂၆ ရက်နေ့တွင် နားခါရပ်ကွက်ရှိ ရောင်နီ (ဆေးဆိုင်) သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “CEELIN” အမှတ်တံဆိပ်ပါ Vitamin-C အားဆေးရည် တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်တို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ၈-၉-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ  မမဲတူ (ကုန်စုံဆိုင်)သို့ သွား ရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသောကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “BRAVO” အမှတ်တံဆိပ်ပါ ကြက်သွန်ဖြူငရုပ်ဆီ တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး သည့်ရက်စွဲတို့ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

လူသုံးကုန် ထုတ်လုပ်မှုသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား အသိပညာပေးဟောပြောဆွေးနွေး

         ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး ကျင်းပပြုလုပ်သည့် လူသုံးကုန် ထုတ်လုပ်မှုသင်တန်းဖွင့်ပွဲအား ၂၅-၈-၂၀၂၆ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင်  ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် ညောင်ဦးခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က သင်တန်းတက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အသိပညာ‌ပေးဆွေးနွေးရာတွင် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်များ၊ နစ်နာ ဆုံးရှုံးမှု၏အဓိပ္ပာယ်နှင့် ကုန်စည်အမျိုးအစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများကို ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြနိုင်ရေးအတွက် လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်း များပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်လို အပ်ပါကြောင်း၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့် ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာမှ ဝန်ထမ်း(၁၂)ဦးနှင့် သင်တန်းသား/သင်တန်းသူ(၂၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

                                                                                                                  

 အများပြည်သူသို့ စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

   မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆီအသင်းတာဝန်ခံတို့သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၃)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြင်းခြံမြိုနယ့်ရှိ အများပြည်သူသို့ သက်သာသောဈေးနှုန်း ဖြင့် စားအုန်းဆီများရောင်းချပေးနေသော လက်လီဆီကိုယ်စားလှယ် အရောင်းဆိုင်များသို့ ကွင်းဆင်း ကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ပါသည်။

          နိုင်ငံတော်မှ စားသုံးသူပြည်သူများသို့ သက်သာသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူ စားသုံးနိုင်ရန်ထုတ်ပေးသော စားအုန်းဆီများကို စားအုန်းဆီလက်လီအရောင်းဆိုင်များမှ ရောင်းချ ရာတွင် ဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ အလေးချိန်ပြည့်ဝစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ နိုင်ငံတော်မှ သတ်မှတ်ထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်းရောင်းချမှုရှိစေရေး၊ စားအုန်း ဆီများဖြန့်ဖြူးရောင်းချရာတွင် အများပြည်သူမြင်သာစေရန် ရောင်းချသည့်နေ့ရက်နှင့် ဈေးနှုန်းများကို ဗီနိုင်းတွင်ရေးသား၍  ချိတ်ဆွဲရောင်းချစေရေး၊ ခွဲတမ်းရရှိထားသော ပမာဏများအလိုက် ပြည့်ဝစွာ ရောင်းချစေနိုင်ရေး၊ ဖြန့်ဝေထုတ်ထားပေးသော ဆီများကိုသာရောင်းချမှုရှိစေရေးနှင့် အဆိုပါစားအုန်း ဆီများအား စားသုံးသူပြည်သူများထံသို့ အပြည့်အဝရောက်ရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေး၊ ဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့ အတွက် ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စားအုန်းဆီရောင်းချပေးနေမှုများအား ဆက်လက်၍လည်း အစဉ်တစိုက် ကြီးကြပ်စိစစ်ဆောင်ရွက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ