Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆီထုတ်ကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဆီကိုယ်စားလှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီ(L.M.M)မှ ခွဲတမ်းရစားသုံးဆီ(၆၀)ပေပါ(သို့) (၆၆၀၀)ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီထုတ်ကိုယ်စားလှယ်က ခွဲတမ်းရရှိ လာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီအရောင်း ဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီလက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (Thusday Talk)အခမ်းအနားသို့ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ(Virtual)စနစ်ဖြင့် တက်ရောက်ခြင်း

     ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့၊  မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်သည့် ဝန်ထမ်းစွမ်း ဆောင် ရည်မြှင့်တင်ရေးသင်တန်း(Thusday Talk)အခမ်းအနားသို့ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီး ဌာန အမှုထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (Thusday Talk)ဖွင့်ပွဲ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်မာဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စားသုံးသူရေးရာ ဦးစီးဌာနခွဲမှ ဦးစီးမှူး ဒေါ်အေးမင်းလတ် က  စားသုံးသူကာကွယ်ရေး ဥပဒေနှင့်နည်း ဥပဒေများ အကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉)ပါ ညှိနှိုင်းဖြေရှင်းပေးခြင်းမပြုမီ ကြိုတင် ရှင်းပြ သင့်သည့်အချက်()ချက်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(-က) ပုဒ်မ(၄၆-) ပုဒ်မ(၅၀) ပုဒ်မ(၆၂) နှင့် ပုဒ်မ(၆၉)တို့ကို  အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး တိုင်း/ခရိုင်/ မြို့နယ်များ၏ မေးမြန်းချက်များရှိပါက မေးမြန်းနိုင်ပါကြောင်း နှင့် နိဂုံးချုပ်အမှာစကား အနေဖြင့် ဝန်ထမ်းများအနေဖြင့် လုပ်ခွင်ပျော်၍ လုပ်ငန်းတော်သော ဝန်ထမ်းကောင်းများ ဖြစ်နိုင်ကြ ပါစေလို့ ဆုတောင်းအမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(Thusday Talk) အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ပျော်ဘွယ်မြို့နယ်၊ပြတိုက်ကံကြီးအ.ထ.က(ခွဲ)တွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးခြင်း

     မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်၊ ပြတိုက်ကံကြီး အ.ထ.က(ခွဲ)တွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ၂၀၂၅ ခုနှစ်၊ ‌‌‌နိုဝင်ဘာလ(၁၈)ရက်နေ့ ၊နေ့လည်(၁၃၀၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ် မြို့နယ် တာဝန်ခံ ဦးစန်းအောင်၊ ဒု-ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံး မှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ် ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့််တာဝန်များအကြောင်း၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းများအားလည်းကောင်း စားသုံးသူ အခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်း ပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူ အခွင့်အရေးနစ်နာ ဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင် ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျောင်းသား/သူ (၁၄၁)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို (၁၃း၄၅)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တ‌လေး)                                                       

                                                                                               

ပျော်ဘွယ်မြို့နယ်၊ငှက်သိုက်အ.ထ.က(ခွဲ)တွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးခြင်း

           မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်၊ ပြတိုက်ကံကြီး အ.ထ.က(ခွဲ)တွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ၂၀၂၅ ခုနှစ်၊ ‌‌‌နိုဝင်ဘာလ(၁၇)ရက်နေ့ ၊နေ့လည်(၁၃၀၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

             ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ် မြို့နယ် တာဝန်ခံ ဦးစန်းအောင်၊ ဒု-ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံး မှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ် ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့််တာဝန်များအကြောင်း၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းများအားလည်းကောင်း စားသုံးသူ အခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်း ပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာ ဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများတွင်တိုင်ကြားနိုင်ပါကြောင်း၊DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေး ပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျောင်းသား/သူ (၃၁၅)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို (၁၃း၄၅)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တ‌လေး)                                            

                                                                                     

ကျွန်းလှမြို့ သောက်ရေသန့် စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန် စည်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေ‌ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ လုံခြုံစိတ်ချရမှု မရှိသော ကုန်စည်များ ‌ဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် စသည့်ရည်ရွယ်ချင်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ အင်ကြင်းမြိုင်ရပ်ကွက်ရှိပေါ်ဦးသောက်ရေသန့်စက်ရုံလုပ်ငန်းသို့  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍  သွားရောက်ကွင်းဆင်း စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ရေထဲတွင် Oxygen Level ၊ PH Level၊ အစိုင်အခဲပါဝင်မှုအခြေအနေ၊ နောက်ကျိမှုအခြေအနေ နှင့် ဆားပါဝင်မှုအခြေအနေတို့ကို စစ်ဆေးခဲ့ရာ အားလုံးကောင်မွန်ကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ စားသုံးသူရေးရာဉီးစီးဌာနအနေဖြင့်  ပေါ်ဦးသောက်ရေသန့်စက်ရုံလုပ်ငန်းမှ  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစား၊ အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင် ကိုက်ညီမှု ရှိ/မရှိ အခြေအနေတို့ကို စစ်ဆေးရာတွင် မိမိတို့ စားသုံးသူ‌‌ရေးရာဦးစီးဌာနအတွင် ကုန်အညွှန်း အမှတ်အသား လျှောက်ထားသည့်  သောက် ရေသန့်(၂၀)လီတာဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ အသေးစိတ်စိစစ်ချက်များအတိုင်း မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသည်ကို စိစစ်တွေ့ ရှိခဲ့ရပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂) ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည်  ကျောက်တံတားမြို့နယ်အတွင်းရှိ ဒေါ်လှသန်း (ဆီဆိုင်) နှင့် ဦးရွှေလင်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၁၉.၁၁.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှု များအားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသောဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြိုု့နယ်ရှိ ဆန်သိုလှောင်ရုံးများအား  (My RO) မှတ်ပုံတင်ထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ (၂၀.၁၁.၂၀၂၅) ရက်နေ့တွင် သာကေတမြို့နယ်ရှိ ဆန်သိုလှောင်ရုံများသို့သွားရောက်၍ အွန်လိုင်း(Myro)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဆန်အိတ်များစနစ်တကျ သိုလှောင်ထားရှိမှုများဆောင်ရွက်ထားခြင်းနှင့် အရည်အသွေးပြည့်မှီခြင်းရှိ/ မရှိ၊ မြန်မာနိုင်ငံဆန်စပါးသိုလှောင်မှတ်ပုံတင်ဆောင်ရွက်ထားရှိခြင်းရှိ/ မရှိ၊ စစ်ဆေးခဲ့ပြီး  ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက်သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက်သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www .myro.Com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 (My RO) မှတ်ပုံတင်ထားခြင်းနှင့်စပ်လျဉ်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း 

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ (၂၀.၁၁.၂၀၂၅) ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဆန်သိုလှောင်ရုံများသို့သွားရောက်၍ အွန်လိုင်း(Myro) တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က ဆန်ဆိုင်ပိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ မြန်မာနိုင်ငံဆန်စပါးသိုလှောင်မှတ်ပုံတင် ဆောင်ရွက်ထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆန်စပါးသိုလှောင်မှုအနေဖြင့် မြန်မာ့ဆန်စပါးအွန်လိုင်း Myanmar Rice Online (My RO)တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ကွင်းဆင်းအသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးအတွင်းရှိ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့် ဦးသိန်းထွန်း (စစ်ဆေးရေးအရာရှိ) (၂)ဦးသည် မြို့နယ်စည်ပင်သာယာရေးကော် မတီဈေးများဌာနတို့နှင့် ပူးပေါင်း၍ ၂၀.၁၁.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၁:၃၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးအတွင်းရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိများက  ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ပြီး  လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပ ဒေအခန်း(၁၈)ပါ   စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များစားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊  တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးရှိ ကုန်စုံဆိုင်များသို့ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) နှင့်ဝန်ထမ်းများသည် (၂၀.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကုန်စုံဆိုင်တွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့် အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို သိသာထင်ရှားစွာဖော်ပြထားခြင်းရှိ/ မရှိဈေး ကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ