Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းအင်းကျေးရွာ (အ.မ.က)ကျောင်းတွင် ကျောင်းမုန့်ဈေးဆိုင်များ ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၀၈;၃၀)နာရီ အချိန်တွင်  ကျွန်းလှမြို့နယ်၊ ကျောင်းအင်းကျေးရွာ မူလတန်းကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ကျောင်းကော်အတီအဖွဲ့ဝင် ဆရာ/ဆရာများ နှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်တွင် ရောင်းချ လျက်ရှိသော အစားအသောက် ကုန်စည်များတွင် ကုန်အညွန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များအတိုင်း ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန်မုန့်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ  ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောမုန့်များနှင့် မိမိတို့ ဒေသထွက် ဘေးအန္တရာယ်ကင်း လွတ်သည့် သဘာဝ အစားအစာများကို သန့်ရှင်းသပ်ရပ်စွာရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး  မိမိတို့ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် မည်သည့်ကုန်စည်များတွင်မဆို စားသုံးသူကာကွယ် ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များ အတိုင်း ဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် နှင့် ကျောင်းသား/သူများသည် အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများဖြစ်ပြီး ငယ်ရွယ် နုနယ်သေးသည့်အတွက် မိမိတို့စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကလေးငယ်များ ဘေးအန္တရာယ် ကျ ရောက်ပြီး ထိခိုက်နစ်နာစေမည့်  မည်သည့်ကုန်ပစ္စည်းများကိုမှ မရောင်းချရန် အသိပညာပေးခဲ့ပြီး  အမိန့် ကြော်ငြာစာအမှတ်(/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရန်ကင်းမြို့နယ်ရှိ ဆန်အရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍(၁၉.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၃:၁၀)နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊  (၁၃)ရပ်ကွက်ရှိ ဆန်အရောင်းဆိုင်များတွင် ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က  လက််လီ/ လက္ကား ရောင်းချနေသောဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကိုဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအားဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစား ဖြင့်ရေးသားဖော်ပြ၍ရောင်းချကြရန်၊ ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပ ဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ 

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ (၁၉.၁၁.၂၀၂၅) ရက်နေ့တွင် (၁၁)ရပ်ကွက်၊ ကန့်ဘဲ့လမ်း၊ ရန်ကင်းမြို့နယ်သို့သွားရောက်၍ အွန်လိုင်း(Myro)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် န်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က ဈေးကွက်အတွင်းရှိ စားသုံးဆန်များအားပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးပြောကြားခဲ့ပြီး ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက်သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကိုပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mm တွင်ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကင်းမြို့နယ်၊ (၆) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများသို့ စားအုန်းဆီရောင်းချမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           ၁၉.၁၁.၂၀၂၅ ရက်နေ့၊ နံနက် (၁၂း၂၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က ဖြန့်ဖြူးသည့်ကုမ္မဏီ များမှတဆင့်လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့်သတ်မှတ်ရည်ညွှန်း ဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့်တစ်လလျှင် (၁) အိမ်ထောင်စုစားအုန်းဆီရရှိမှုပိဿာတို့ကိုကွင်း ဆင်းစစ်ဆေးခဲ့ရာရန်ကင်းမြို့နယ်၊ (၆)ရပ်ကွက်အတွင်းရှိအိမ်ထောင်စု (၁၁)စုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  THAN THAR Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကင်းမြို့နယ်၊ (၁၃) ရပ်ကွက်နှင့် (၁၄) ရပ်ကွက်အား စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၁၉.၁၁.၂၀၅ ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများနှင့်၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်က ဖြန့်ဖြူးသည့်ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စုစားအုန်းဆီရရှိမှု ပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ရန်ကင်းမြို့နယ်၊ (၁၃)ရပ်ကွက်နှင့် (၁၄)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၂၁)စုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  GD GOOD GOLDEN Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

  မိတ္ထီလာမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီး မှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေးနှင့်အဖွဲ့သည် (၁၉ . ၁၁ . ၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြည်တွင်း MSMEs ကဏ္ဍလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးရည်ရွယ်၍ မိတ္ထီလာမြို့၊ မြင်းကန်အုပ်စု၊ ဆည်ကုန်း ကျေးရွာရှိ “အောင်ဟိန်းဝင်း” ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ထုတ်လုပ်မှုအဆင့်ဆင့်နှင့်ဈေးနှုန်း၊ ဈေးကွက်များအား ကွင်းဆင်း မေးမြန်းခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းမေးမြန်းရာတွင် ပဲကြော်လုပ်ငန်းရှင်မှ ယခုလက်ရှိအချိန်တွင် ပဲကြီးခြမ်းကြော် များ ရောင်းအားသွက်လျက်ရှိပါကြောင်း၊ ကျောက်ပန်းတောင်း၊ မကွေး၊ မှုံရွာမြို့များမှ ပဲကြီးများ ဝယ်ယူကြောင်း၊ ပဲကြီး တစ်ပိဿာ (၈၉၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်နေ့လျှင် ပျမ်းမျှပိဿာ အချိန် (၁၂၀) ပိဿာ ကြော်ရကြောင်း၊ မိသာစုလုပ်အားကိုသာ အဓိကထားလုပ်ကိုင်ကြပြီး၊ ပြင်ပ လုပ်သားအနည်းငယ်ဖြင့်သာ လုပ်ကိုင်လျက်ရှိပြီး ၊ မိသားစုစားဝတ်နေရေးအဆင်ပြေ၍ တွက်ချေကိုက်ကြောင်း သိရှိရပါသည်။

          ပဲကြီးခြမ်းကြော်ကို လက်ဘက်နှင့်တွဲ၍ စားသုံးလေ့ရှိရာဒေသတွင်း စားသုံးမှုသာမက မိတ္ထီလာ မြို့၊ သာစည်၊ မလှိုင်မြို့များသို့ လက်လီလက်ကားရောင်းချရန်လည်းကောင်း၊ နယ်မှမိတ်ဆွေများ အတွက်ဒေသလက်ဆောင်အနေနှင့်ဝယ်ယူသူများကြောင့် ဝယ်လိုအားကောင်းကြောင်းသိရပါသည်။ ပဲကြီးခြမ်းကြော်ကိုဈေးကွက်၌ ဒေသအခေါ် ပဲဖူးကြော်ဟူ၍ခေါ်တွင်ကာ တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဈေးရှိကြောင်းသိရှိရပါသည်။

DOCA(မန္တ‌လေး)

“ရမည်းသင်းခရိုင်အတွင်းရှိ တို့ဟူးလုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံခြင်း’’

  မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ၊ ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် (၁၀၀၀) နာရီချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ နှင့်အဖွဲ့သည် ရမည်းသင်းမြို့တို့ဟူးလုပ်ငန်းလုပ်ကိုင်သော ဦးစိုး+ဒေါ်ရွှေအိ တို့ဟူးလုပ်ငန်းတို့ သွားရောက်လေ့လာဆွေးနွေး ခဲ့ပါသည်။

          တို့ဟူးလုပ်ငန်းသည် မိရိုးဖလာလုပ်ငန်းဖြစ်ပြီး မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း ဖြစ်ကြောင်း၊ တို့ဟူးကျိုရာတွင် ကုလားပဲကို (၄) နာရီကြာ‌ ရေစိမ်၍ ကြိတ်ရကြောင်း၊ ကြိတ်၍ ကျလာသော အရည်အားပိတ်စနှင့်စစ်၍ ကျရည်ကိုသွန်၍ အနစ်ထုတ်ယူရကြောင်း၊ ၎င်းကျရည် ကိုလည်း တိရစ္ဆာန်စာအဖြစ်လာရောက် ဝယ်ယူကြ‌ကြောင်း၊ ရရှိလာသော အနှစ်ကို မိနစ် (၄၀) ကြာ ကျိုရပြီး အအေးခံပုံစံခွက်သို့ ထည့်၍ အအေးခံရ ‌ကြောင်းသိရှိရပါသည်။

          တို့ဟူးကျိုရာတွင် အသုံးပြုသော ကုန်ကြမ်းကုလားပဲကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ကုလားပဲ တစ်အိတ်လျှင် အချိန် (၃၀) ရှိပြီး (၁၉၀၀၀၀) ကျပ်ပေးရကြောင်း၊ တစ်နေ့လျှင် ကုန်ကြမ်းတစ်အိတ်ခွဲခန့် ပုံမှန်ပြုလုပ်ရကြောင်း၊ ကုလားပဲ ၁ ပိဿာကျိုလျှင် တို့ဟူးအချိန် (၂.၅) ပိဿာထွက်ရှိပြီး ကုန်ကြမ်းတစ်အိတ်ခွဲကျိုလျှင် ပိဿာ(၁၀၀) ခန့်ရရှိကြောင်း သိရှိရပါသည်။ လုပ်သား (၃) ဦးအသုံးပြု၍ လုပ်ငန်းဆောင်ရွက်လျှက်ရှိပြီး လုပ်သားတစ်ဦးလျှင် (၁၀၀၀၀) နှုန်းဖြင့် (၃၀၀၀၀) ကျပ် ကုန်ကျကြောင်း သိရှိရပါသည်။ ကုန်ချောတို့ဟူးများ ကို တစ်ပိဿာ (၆၀၀၀) ကျပ်ဖြင့် ရောင်းချပြီးအဆိုပါ တို့ဟူးများသည် (၁၀) ရက်ခန့်အထားခံသဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား မြို့များအထိ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

 

 

 

မိတ္ထီလာပေါ်မြို့ရှိ ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

                   စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  ဒုခရိုင်ဦးစီးမှူး ဒေါ်မြို့ရီနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃  ရက်နေ့တွင်တို့နှင့်ပူးပေါင်း၍   ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်ဈေးနှုန်းမြှင့်တက်စေမှု မရှိစေရေးအတွက် မိတ္ထီလာမြို့ပေါ်ရှိ စန်းသီရိ၊ ဘကြီးဆန်ပွဲရုံ၊ မမျိုးဆန်ဆိုင်၊ ရွှေထိုက်ဆန်ဆိုင်၊ ယွန်းရွှေရည်ဆန်ပွဲရုံ၊ စိန်ရတနာဆန်ဆိုင်၊ တက်နေဝန်းဆန်ဆိုင်၊ ရွှင်ပြုံးပွဲရုံ၊ ကောင်းကောင်းဆန်ပွဲရုံ၊ နန်းမြင့်မိုရ်ဆန်ပွဲရုံများသို့ ဆန်ကုန်သည်အသင်း၊ သက်ဆိုင်ရာကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များ၌ ပေါ်ဆန်းဆန်များအား ရောင်းချနေမှုအား စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၁၁/၂၀၂၅) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှိ ရွှေဘိုခရိုင်ဦးစီးမှူး၏ တိုက်ခန်း၌ (၂၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၁၁/၂၀၂၅) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၈)ဦး တက်ရောက်ခဲ့ပါသည်။

     အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် ဒု-ဦးစီးမှူး ဦးသန့်ဇော်လင်းက စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို  အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်ခရိုင်ဦးစီးမှူးရုံး၌ Thursday Talk အခမ်းအနားကျင်းပ

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား ပြည်တွင်းဌာနခွဲ၏ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအကြောင်းအား အသိပညာ ဗဟုသုတများတိုးပွားစေရန်နှင့် လိုက်နာဆောင်ရွက်နိုင်ရန် Thursday Talk အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်လွင်လွင်ဆန်း (ဒုဦးစီးမှူး)က ပြည်တွင်းဌာနခွဲ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲသို့ ဝန်ထမ်း (၂၀)ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် ဆွေးနွေးပွဲအား နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ