
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ မိတ္ထီလာမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများပြည့်စုံစွာပါရှိရေး၊ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင် အမှန်တကယ် အသုံးပြုစေရေးအတွက် MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းမှ MSME လုပ်ငန်းများအတွက် အသုံးပြုရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှရောင်းချထုတ်ပေးခဲ့ကြောင်း၊ ယခုလည်းဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများတွင် အမှန်တကယ် အသုံး ပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည်အရေးကြီးကုန်စည်အမျိုးအစားတွင်ပါဝင်သဖြင့် သတ်မှတ် လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့်ပြန်လည်သယ်ယူရောင်းချခွင့်မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်များကို လစဉ်လိုအပ်ချက် စားအုန်းဆီများကိုလည်း ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏ အလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများ ထိခိုက် နစ်နာမှုမဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာ စေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်ပညာများ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင် ပါ ဝင်ပြသနိုင်ရေး စသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေး နွေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
DOCA(မန္တလေး)
