Main menu

စစ်ကိုင်းမြို့တွင် သယ်ယူပိုဆောင်ရေးဝန်ဆောင်မှုကဏ္ဍအား စောင့်ကြည့်စစ်ဆေး

Powered by Drupal

                        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ခရီးသည် ပိုဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှု အခြေအ‌နေများနှင့်စပ်လျဉ်း၍ အဝေးပြေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးရန်၊ အများသုံး သယ်ယူပိုဆောင်ရေးမော်တော်ယာဉ်များကို သက်ဆိုင်ရာဌာနများ၏စည်းကမ်းချက်များနှင့်အညီလိုက်နာဆောင်ရွက်ထားခြင်းရှိ၊မရှိစစ်ဆေးရန်၊ခရီးသည်ပို့ဆောင်မှုနှင့်ကုန်စည်တန်ဆာပေးပို့ရေး ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေး ‌ဆောင်ရွက်ထားမှု အခြေအနေနှင့် နစ်နာဆုံးရှုံးမှု ဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား သတ်မှတ်ကာလအတွင်း စောင့်ကြည့်စစ်ဆေးရန်လမ်းညွှန်မှုအရ ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၉)ရက်နေ့ တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၂)ဦးသည် ခရိုင်ကုန်းလမ်းပိုဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ခရိုင်ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီတို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ “တက်နေဝန်း အောင်ကျော်မိုး အဆင့်မြင့်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းအားစောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

                ထိုသို့ စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ယာဉ်လိုင်းတာဝန်ခံ အား ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာ ဖြင့် ပို့ဆောင်ပေးရန်၊ ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံ လိုအပ်ချက် များအပေါ် စိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ပေးရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါက စားသုံးသူစိတ်ကျေနပ် သည်အထိညှိနှိုင်းဆောင်ရွက်ပေးရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပြီးမှသာမော်တော်ယာဉ်အားစေလွှတ်ခြင်းများဆောင်ရွက်ရန် ရှင်းလင်ပြောကြားပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)