Main menu

မုံရွာမြို့၊ မြဝတီရပ်ကွက်  ၊ ဝါးတောမ စတိုးဆိုင်ရှိ  အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်

Powered by Drupal

                    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မုံရွာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ရီလ (၁၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင်  မုံရွာမြို့နယ်၊ မြဝတီရပ်ကွက်အတွင်းရှိ ဝါးတောမစတိုးဆိုင်သို့ အလှကုန်ပစ္စည်းများ ရောင်းချလျှက်ရှိသောနေရာများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                        အဆိုပါစစ်ဆေးမှုတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍    ထုတ်လုပ် သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်သည့်စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်  ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)