Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေး အပြည့်အဝ ရရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရေးအတွက် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်ဘက်မှလည်း စီးပွားရေးကျင့်ဝတ်များနှင့် အညီ ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်နိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ  CICC ရုံးခန်းများဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မှ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် (၁၉.၁၁.၂၀၂၅)နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ ပေါက်နွယ်ခြုံကျေးရွာအုပ်စု၊ ပေါက်နွယ်ခြုံကျေးရွာရှိ တောင်သူနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များထဲမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့်နေရာများ၊ 1535 Call Center များတွင် ဖုန်းခေါ်ဆိုတိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရှမ်းပြည်နယ်ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေး

      ရှမ်းပြည်နယ်ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ရုံးမှ ဒေါ်သီသီထွေး (ဦးစီးမှူး)က ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေး (၉/၂၀၂၅-၂၀၂၆) သို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်အတွင်း ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင်ခွင့်ပြုသင့်သော ပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်များဖြစ်သည့် အကြီးစားလုပ်ငန်း(၃)ခု၊ အလတ်စား လုပ်ငန်း(၂၁)ခုနှင့် အငယ်စားလုပ်ငန်း (၁၄)ခုတို့အား သက်ဆိုင်ရာအဖွဲ့ဝင်များ၏ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိသဖြင့် လုပ်ငန်းမှတ်ပုံတင်ခွင့်အား ခွင့်ပြုပေးခဲ့ပြီ ရှမ်းပြည်နယ် ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရှမ်း)

ညောင်လေးပင်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စများ ကွင်းဆင်းဆောင်ရွက်

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ ၁၉.၁၁. ၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စရပ်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ညောင်လေးပင်မြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအား သိုလှောင်ရုံ သက်တမ်းတိုးပေးခြင်း၊ MyRo ရှိ သိုလှောင်ရုံ လုပ်ငန်းစဉ်များထဲတွင် ဆန်စပါး ရ၊ ထုတ်၊ ကျန်စာရင်းများ ကူညီဖြည့်သွင်း သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

မိတ္ထီလာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ များအားကွင်းဆင်းခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်  ၊ နိုဝင်ဘာလ ၊ ၁၇ ရက်နေ့ နံနက်(၉.၃၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိပုဂ္ဂလိက ဆေးရုံများအား ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါ ရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်မကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိစသည့်တို့ကိုစစ်ဆေးခဲ့ပြီး၊စပ်ဆေးအသုံးပြုမှုလျော့ပါးစေရေး၊အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီ၏ ထောက်ခံချက်မရှိသော အရည်အသွေးနှင့်စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက် မရှိသော တရားမဝင်ဆေးဝါးများရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ပုဂ္ဂလိကဆေးရုံ (၅)ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တ‌လေး)

အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း

                စားသုံးသူရေးရာဦးစီးဌာန၊ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မိတ္ထီလာမြို့ပေါ်ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ၊ ကုန်အညွှန်း အမှတ်အသားများပြည့်စုံဖော်ပြထားမှုရှိ/မရှိနှင့် သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့ပေါ်ရှိ အလှကုန်ပစ္စည်း ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းများတွင် ကုန်စည် အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်နှင့်အညီဖော်ပြထားကြောင်း၊သုံစွဲရန်မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများအား ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့၊ ကျောက်တံခါးမြို့နယ်သို့ လာရောက်၍ စားအုန်း ဆီလက်လီလက်ကားရောင်းချမှုနှင့် စားသုံးသူလက်ဝယ်ရောက်ရှိမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

               စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ လမ်းညွှန်မှု၊ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်ထိန်းကျောင်းမှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအချင်းချင်း စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေမှုများ၊ စားအုန်းဆီများ စားသုံးသူလက်ဝယ်သို့ ရောက်ရှိခြင်း ရှိ/ မရှိ ကိစ္စရပ်များကို ၁၆.၁၁.၂၀၂၅ ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူခရိုင်ဦးစီးမှူး၊ ဒုခရိုင် ဦးစီးမှူးနှင့် ပြည်တွင်းဌာနခွဲတာဝန်ခံတို့မှ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်သို့ လာရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးနှင့် အဖွဲ့သည် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ကျောက်တံခါးမြို့နယ်တာဝန်ခံတို့နှင့်အတူ ကျောက်တံခါးမြို့ပေါ်ရှိ စားအုန်းဆီ ခွဲတမ်းရရှိသော လက်ကား၊ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်း ရာတွင် လက်လီ၊ လက်ကား အရောင်းဆိုင်များအား မှန် (၆)မှန်ဖြင့် ရောင်းချရန်၊ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ်မှန်ကန်စွာ ရောင်းချပေးရန်နှင့် စားသုံးသူလက်ဝယ်သို့ စားအုန်းဆီများ ရောက်ရှိခြင်း ရှိ/ မရှိတို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် ကျောက်တံခါးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ၊ လက်ကား အရောင်းဆိုင်များအားလုံး သတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့၊ ဒိုက်ဦးမြို့နယ်သို့ လာရောက်၍ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချမှုနှင့် စားသုံးသူလက်ဝယ်ရောက်ရှိမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

               စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ လမ်းညွှန်မှု၊ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်ထိန်းကျောင်းမှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအချင်းချင်း စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေမှုများ၊ စားအုန်းဆီများ စားသုံးသူလက်ဝယ်သို့ ရောက်ရှိခြင်းရှိ/ မရှိ ကိစ္စရပ်များကို ၁၅.၁၁.၂၀၂၅ ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူခရိုင်ဦးစီးမှူး၊ ဒုခရိုင် ဦးစီးမှူးနှင့် ပြည်တွင်းဌာနခွဲတာဝန်ခံတို့မှ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်သို့ လာရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးနှင့် အဖွဲ့သည် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံတို့နှင့်အတူ ဒိုက်ဦးမြို့ပေါ်ရှိ စားအုန်းဆီ ခွဲတမ်းရရှိသော လက် ကား၊ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းရာတွင် လက်လီ၊ လက်ကား အရောင်းဆိုင်များအား မှန် (၆)မှန်ဖြင့် ရောင်းချရန်၊ သတ်မှတ်ထားသော သတ်မှတ်ရည် ညွှန်းဈေး အတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရန်နှင့် စား သုံးသူ လက်ဝယ်သို့ စားအုန်းဆီများ ရောက်ရှိခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် ဒိုက်ဦးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များအားလုံး သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်မှ ညောင်လေးပင်ခရိုင်သို့ လာရောက်၍ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချမှုနှင့် စားသုံးသူ လက်ဝယ်ရောက်ရှိမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ လမ်းညွှန်မှု၊ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်ထိန်းကျောင်းမှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအချင်းချင်း စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေမှုများ၊ စားအုန်းဆီများ စားသုံးသူလက်ဝယ်သို့ ရောက်ရှိခြင်းရှိ/ မရှိ ကိစ္စရပ်များကို ၁၅.၁၁.၂၀၂၅ ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့် ပြည်တွင်းဌာနခွဲတာဝန်ခံတို့မှ ညောင်လေးပင်ခရိုင်သို့ လာရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးနှင့် အဖွဲ့သည် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးနှင့် အဖွဲ့တို့နှင့်အတူ ညောင်လေးပင်မြို့ပေါ်ရှိ စားအုန်းဆီ ခွဲတမ်းရရှိသော လက်ကား၊ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းရာတွင် လက်လီ၊ လက်ကား အရောင်းဆိုင်များအား မှန် (၆)မှန်ဖြင့် ရောင်းချရန်၊ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်းဈေး အတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရန်နှင့် စားသုံးသူ လက်ဝယ်သို့ စားအုန်းဆီများ ရောက်ရှိခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် ညောင်လေးပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များအားလုံး သတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၆ - ၂၀၃၀) မူကြမ်းအား ပြင်ဆင်ဖြည့်စွက် အကြံ ပြုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲအား ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက် 

                  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ရေးဆွဲထားသော အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၆ - ၂၀၃၀) မူကြမ်းအား ပြင်ဆင် ဖြည့်စွက်နိုင်ရန်အတွက် ဆွေးနွေးအကြံပြုပေးပါရန် ရုံးချုပ်မှလမ်းညွှန်မှုအရ ၁၇.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများ၊ ခရိုင်ဦးစီးမှူးများနှင့် အလုပ်ရုံဆွေးနွေးပွဲအား Online (Zoom Meeting) ဖြင့် ကျင်းပခဲ့ရာ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

               အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၆ - ၂၀၃၀) မူကြမ်း ရေးဆွဲထားပြီးဖြစ်ရာ အတည်ပြုရေးဆွဲနိုင်ရန်အတွက် သက်ဆိုင်ရာဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူးများမှ အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၆ - ၂၀၃၀) မူကြမ်း၏ အားနည်းချက်၊ လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအကြံပြုပေးကြပါရန် ပြောကြားပါသည်။ ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ ဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူးများမှ ဆွေးနွေးအကြံပြုကြရာ တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းပေးပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးများ မှ ဝန်ထမ်းများက Online (Zoom Meeting)ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ်ရှိ ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စများ ကွင်းဆင်းဆောင်ရွက်

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ ၁၁.၁၁. ၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ဒိုက်ဦးမြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စရပ်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ဒိုက်ဦးမြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအား သိုလှောင်ရုံ သက်တမ်းတိုးပေးခြင်း၊ My Ro ရှိ သိုလှောင်ရုံ လုပ်ငန်းစဉ်များထဲတွင် ဆန်စပါး ရ၊ ထုတ်၊ ကျန်စာရင်းများ ကူညီဖြည့်သွင်း သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ