Main menu

ပျော်ဘွယ်မြို့နယ်အတွင်း စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံ ဦးစန်းအောင်(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ပျော်ဘွယ်မြို့နယ်ရှိ မြို့မစျေးနှင့်ရပ်ကွက်များ အတွင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါ သည်။

                ပျော်ဘွယ်မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသောအရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေးရာတွင် (Packing) ဖြင့် ‌‌ရောင်းချသော Meizan ၊ အမေထွား၊ စိန်စီ၊ ရွှေတောင်နှင့် ရွှေပြည်စိုးကုန်အမှတ်တံဆိပ်ပါဆီများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ၂/၂၀၁၉ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထား သည့် အလေးချိန်နှင့်ကိုက်ညီမှုရှိခြင်း ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များလည်းပါရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)