
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ၊ပြည်ထောင်စုဝန်ကြီး၏(၂-၂-၂၀၂၅)ရက်နေ့လမ်းညွှန်ချက်တွင် “မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ လမ်းညွှန်ချက်အရ ဦးစားပေးရွှေးချယ်ထားသည့် ကုန်စည်၊ဝန်ဆောင်မှု များအား ဈေကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပုံမှန်ဆောင်ရွက်ရန်နှင့် ၃လ အလိုက်အမျိုးအစားများ (အမယ်များ) အား ပြန်လည်ဆန်းစစ်သုံးသပ်ရန်” လမ်းညွှန်အရ ဦးစားပေးရွှေးချယ်ထားသည့် ကုန်စည်၊ ဝန် ဆောင်မှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအနေဖြင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုဖြစ်သော အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူပေါင်း၍ မိတ္ထီလာမြို့နယ်အတွင်း ယာဉ်လိုင်း (၂)လိုင်းအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရီးသည်နှင့်ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီလုံခြုံချောမွေ့စွာဖြင့်ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရးကဏ္ဍကိုစစ်ဆေးရာတွင် ပို့ ဆောင်ရေးကဏ္ဍသည် အထူးအရေးပါသည့်အတွက်ခရီးသည် ပို့ဆောင်မှုအခြေအနေများ၊ ကုန်စည် တန်ဆာပေးပို့မှုအခြေအနေများစစ်ဆေးခဲ့ပြီး၊ အများသုံးသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များကို စစ်ဆေးရာတွင် ယာဉ်မတော်တဆကိစ္စရပ်များအား အတိုင်းအတာတစ်ခုထိလျော့ချနိုင်စေရန် သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်းရှိ/မရှိ၊ ယာဉ်မောင်းအရက်သေစာ သောက်စားထားခြင်း ရှိ/မရှိ၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိနှင့် ၎င်းတို့ ဝန်ဆောင်မှုကိုအသုံးပြုသောစားသုံးသူ များအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်ဖွယ်ရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ်ပါက ဖြစ်သင့်ဖြစ်ထိုက်သော ကုစားခွင့်များရရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
DOCA(မန္တလေး)
