Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၀.၂.၂၀၂၆)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မြို့ပေါ်ရှိ စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော မုန့်မျိုးစုံထုပ်များနှင့် အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်  ပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်ဦးစီးမှူးမှမြို့ပေါ်ရှိ စတိုးဆိုင်များတွင်ရောင်းချနေသော မုန့်မျိုးစုံထုပ်များနင့်  အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှစားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ဥပဒေ အခန်း (၂၄)ပါ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့ပတ်လမ်းရှိ  ကောင်းထက်စက်သုံးဆီအရောင်းဆိုင် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စက်သုံးဆီစစ်ဆေးကြီးကြပ်ရေးကော်မတီအဖွဲ့ဖြင့် (၁၁.၂.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် မြို့ပတ်လမ်းရှိ ကောင်းထက်စက်သုံးဆီအရောင်းဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင်   မြို့နယ်တာဝန်ခံမှ စက်သုံးဆီတင်သွင်းရောင်းချဖြန့် ဖြူးနေသည့် လုပ်ငန်းရှင်များအား စက်သုံးဆီ၊ ချောဆီများ မြို့နယ်အလိုက်စက်သုံးဆီအရောင်းဆိုင် အရေအတွက်နှင့် လက္ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများ ကောက်ယူနေကြောင်း လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေခြင်း စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPRD မှ နေ့စဉ် ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးထက်ပိုမိုရောင်းချခြင်းရှိ/ မရှိနှင့် ပြည်သူများအဆင်ပြေစွာ ဝယ်ယူ နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ် မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် စက်သုံးဆီလုပ်ငန်းရှင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၁.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ဆန်ကုန်သည်နှင့်ဆန်စက် လုပ်ငန််းရှင်များ အားဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးကွက်အတွင်း ဈေးနှုန်းကြီးမြင့်မှုအပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသော ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ကန်စွာဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးရေး ကိစ္စများအား  အသေးစိတ်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန််းရှင်(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် အောင်သာယာဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီအား သတ်မှတ်ရည်ညွှန်းဈေးထက်  ပိုမိုရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံဦးမင်းဇော်လတ်သည်(၁၁.၂.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍မြို့ပေါ်ရှိ ကုန်မျိုးစုံ ရောင်းချနေသောဆိုင်များတွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော စားအုန်းဆီများသတ်မှတ် ရည်ညွှန်းဈေးထက်ပိုမိုရောင်းချနေခြင်းမရှိပါကြောင်း ပဲလတ်ဆီ၊ နှမ်းအရောဆီများရောင်းချခြင်းမတွေ့ရပဲ ပိဿာချိန်ဖြင့် ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိသော ပြည်သူများအား Goody , Maizan , Louts ပုဇွန်နှစ်ကောင်စားအုန်းဆီ (၅)ပိဿာဝင် (၁၀)ပိဿာဝင် ပုံးများမှ ခွဲဝေရောင်းချပေးနေကြောင်း တွေ့ရှိရပါသည်၊ ဆိုင်ရှင်များအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချပါက အရေးကြီးကုန်စည်များဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၂၃)ပါ တားမြစ်ချက်များမှ ပုဒ်မ(၆၅)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို (၆)လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၅၀)ထက် မပိုသောငွေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအထက်အဆင့်ဆင့်မှ ညွှန်ကြားချက်များအား ဆိုင်ရှင်များအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၀.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော   လုပ်ငန်းတာဝန်များ၊   ရှေ့ဆက်လက်ဆောင်ရွက်ရမည့်   လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားပြီးစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ဆိုင်ပိုင်ရှင်များမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်အား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံရုံးခန်းတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြော 

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည်     (၁၀-၂-၂၀၂၆)ရက်နေ့ နေ့လယ်(၁၃း၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် တာဝန်ခံရုံးတွင် ကုန်စုံဆိုင်လုပ်ငန်းရှင် (၁၀)ဦးအား Online SaIe ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော လုပ်ငန်းရှင်များအား  Online SaIe ဖြင့်ရောင်းချနေသူများအနေဖြင့်      မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online   Sale  Owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online   Sale  Logo များပြင်ဆင်ထားရန်လိုအပ်ကြောင်း Online   Sale  လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone  Number ဖြင့် Sign Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်   www. eComreg.gov.mm မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online  Shopping   မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online   မှ ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော/ဆွေးနွေးပွဲဆောင်ရွက်ခြင်း

                  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဦးမြင့်နောင် (ဦးစီးမှူး)သည် ၂၀၂၆ခုနှစ်၊ မတ်လ(၄)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်းတန်း အမှတ်စဉ် (၁/၂၀၂၆)သင်တန်းသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော/ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အသိပညာပေးဟောပြောရာတွင် ဦးမြင့်နောင်(ဦးစီးမှူး)သည် စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍အသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူ ထိခိုက်နစ်နာမှုများအား တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ဌာနမှဖြေရှင်းဆောင်ရွက်ပေးခဲ့သော တိုင်ကြာမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ထိုနောက်သင်တန်းသားများမှ စားသုံးသူကာကွယ်ရေး နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်ကြပြီး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို နံနက်(၁၀:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ စခန်းအခြေပြုပြန်လည် ထူထောင်ရေးသင်းတန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းမှ သင်တန်းသား (၂၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိခဲ့သည်ဟု သိရှိရပါသည်။

DOCA(ရှမ်း)

အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေး ရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊မတ်လ ၅ ရက်နေ့ တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ကလောမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နန်လေး အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများရောင်းချသည့် လုပ်ငန်းကို မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

                    ထိုသို့ကွင်းဆင်းရာတွင် စစ်ဆေးရေးအရာရှိ ဦးမြင့်နိုင်က Online စနစ်ဖြင့်ရောင်းချ နေသော နန်းလေး အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်သို့ မှတ်ပုံတင် လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်းကိုက်ညီမှု ရှိခြင်း စသည်တို့ကိုတွေ့ရှိရပြီး၊ လုပ်ငန်းရှင် မနန်းစန္ဒာအောင်နှင့် တွေ့ဆုံ၍ မှတ်ပုံတင်လက်မှတ် ရရှိ သူ၏တာဝန်များအကြောင်း၊ တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်း မပြုရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

 

 

ကျိုင်းတုံ- မိုင်းခတ် လမ်းမပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

             ၂၀၂ ခုနှစ်၊ မတ်လ (၅)ရက်နေ့၊ နံနက် (၁:၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေး‌ရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) သည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံ-မိုင်းခတ် လမ်းမ ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီအချင်အတွယ်ပြည့်မှု ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချနေမှု ရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

                ထိုသို့ စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ကျိုင်းတုံ-မိုင်းခတ် လမ်းမပေါ်ရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် စက်သုံးဆီလက်ကျန်အနေဖြင့် စက်သုံးဆီများလုံလောက်စွာ သိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချကာ စက်သုံးဆီအချင်အတွယ် ပြည့်ဝမှန်ကန်မှုရှိသည် ကို စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်ဈေးအတွင်းသာ ရောင်းချရန်မှာကြား၍ စက်သုံးဆီလက်ကျန်အခြေအနေတို့အား စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

အသင့်စား မုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌  မြို့ပေါ်ရပ်ကွက်များရှိ မုန့်ဆိုင်နှင့် စတိုးကုန်စုံဆိုင်များမှ အသင့်စားမုန့်အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်းအဖွဲ့သည် (၁၀-၂-၂၀၂၆) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

       စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက မြို့ပေါ်ရပ်ကွက် မုန့်မျိုးစုံဆိုင်များမှ ရောင်းချနေသော ဈေးကွက်အတွင်း အသင့်စားမုန့်အမျိုးမျိုး ကုန်စည်များအား ကုန်အညွှန်းပြည့်စုံမှု ရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ သက်တမ်းလွန်မုန့်များ ဈေးကွက်အတွင်း ရောနှောရောင်းချခြင်းမျိုးရှိ/ မရှိ၊ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များ၊ သက်တမ်းလွန် အသင့်စားအစားအစာများ ရောင်းချမှုရှိ/ မရှိ လိုက်လံစစ်ဆေးခြင်း၊ ဆိုင်ရှင်များကို ပြည်တွင်းနှင့် ပြည်ပမှ ထုတ်လုပ်တင်သွင်း ရောင်းချသည့် မုန့်မျိုးစုံနှင့် စားသုံးရန် မသင့်သည့်မုန့်များ မရောင်းချရန်တားမြစ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ရမည့် အချက်အလက်များနှင့် ကိုက်ညီသောမုန့်များနှင့် စီးပွားရေးလုပ်ငန်းရှင် လိုက်နာရန်အချက်များအကြောင်းတို့ကို ဆိုင်ရှင်များအား ရှင်းလင်းအသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ