ဓနုဖြူမြို့နယ်၌ စားသောက်ကုန်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌ ၃လမ်းဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်များ၊ ဆေးဆိုင်များ၊ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာ၌ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ၊ မရှိနှင့် စားသောက်ကုန်ဆိုင်များ၊ အလှကုန်ဆိုင်များတွင် သက်တမ်းလွန်စားသောက်ကုန်နှင့် အလှကုန်များ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော ပစ္စည်းများရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့်ခြင်း၊ အသိပညာပေးဆွေးနွေးခြင်းနှင့် ဆေးဝါး၊ ဆေးပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်များ ဈေးကွက်နမူနာကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ထားသည့် (၂/၂၀၂၉) ညွှန်ကြားချက် ကုန်စည်အုပ်စု (စ) အလှကုန်ပစ္စည်းများ (၁၀ဂရမ်) အထက်နှင့် အောက် ကုန်စည်အမျိုးမျိုးအား ဖော်ရမည့်အချက်များပါဝင်မှု ပြည်စုံစေရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ အလှကုန်အရောင်းဆိုင်များတွင် တားမြစ်အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၊ တားမြစ်ပစ္စည်းများကို ရောင်းချမှုမရှိစေရေးအတွက် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)









