Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့မှ မြိတ်မြို့သို့ တင်ဆောင်ထွက်ခွာမည့်စက်လှေအား စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခြင်း

 

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ထားဝယ်မြို့ဆိပ်ကမ်းရှိ ဝင်းဖူးခိုင်တံတားမှ မြိတ်မြို့ သို့တင်ဆောင်ထွက်ခွာမည့် (အောင်သိန်းမင်း-၁) စက်လှေအား တရားမဝင်ကုန်စည်များ တင်ပို့မှုမရှိ စေရေး သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်‌‌ရေးအကြောင်း ဟောပြောခြင်း

 ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊မြောင်းပုလဲရပ်၊ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်‌ရေးဥပဒေများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ လိုက် နာရမည့် အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော် ပြခြင်းဆိုင်ရာများအကြောင်းများ‌ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်း

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ ညနေ (၄း၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    တွေ့ဆုံရာတွင် လုပ်ငန်းရှင်များမှ လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပန်းတနော်မြို့နယ် အတွင်းရှိ စက်သုံးဆီဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်း ပြည့်မီခြင်းရှိ/မရှိ၊ MSMEနှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များ ဝယ်ယူရာတွင် အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ  ၁-၁၂-၂၀၂၅  ရက်နေ့က ပန်းတနော်မြို့နယ်၊ ပေါ်ရှိ စက်သုံးဆီဆိုင် (၇) ဆိုင်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင်ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ၊  အရည်အသွေးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ ချောဆီများကိုသာတင်သွင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး စီပွားရေးလုပ်ငန်းရှင်များနေဖြင့် ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  ဆီဆိုင်များမှ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများ အတိုင်းသာ ရောင်းချမှုရှိကြောင်း သိရသည်။

Doca (ဧရာဝတီ)

ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ပန်းတနော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး

    မအူပင်ခရိုင်၊ ပန်းတနော်မြို့အတွင်း ရောင်းချနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် မအူပင်ခရိုင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ သည် ၁-၁၂-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက် အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်း ဆိုင်များအားကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
          အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မှ ဦးဆောင်သည့် အဖွဲ့တို့သည် အိမ်သုံးဆေးဝါး ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ မြို့နယ်တွင်း ပြတ်လပ်မှုမရှိစေရေး ၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး ၊ ဆေးဆိုင်များအားလုံး နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချရေး နှင့် ရောင်းချသော ဆေ’အမျိုးမျိူးတွင် ကုန်အညှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါရှိစော ကုန်စည်ကိုရောင်းချစေရေး၊ ဆေးဝါးနှင့် ဆေးပစ္စည်းများကုမ္ပဏီ နှင့် ဆေးဆိုင် များမှ ဈေးနှုန်းမှန်ကန်တည်ငြိမ်စွာရောင်းချစေရေး၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိနှင့် အလှ ကုန်ဆိုင်များတွင် သက်တမ်းလွန်အလှကုန်များ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော အလှကုန်များ ရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့်ခြင်း၊ အသိပညာပေးခြင်းများနှင့် ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်များ ဈေးကွက်နမူနာ (PMS) ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ ခြင်းဖြစ် ကြောင်း  လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ 

Doca (ဧရာဝတီ)

စကုမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ဆန်လုပ်ငန်းရှင်များနှင့် ကြားပွဲစားများ လိုက်နာရမည့်တာဝန်များကို အသိပညာပေးဆွေးနွေးခြင်း

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူး ရုံး အစည်းအဝေးခန်းမ၌ (.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ခရိုင်တာဝန်ခံအပါအဝင် မင်းဘူးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၃)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆန်စက်အသင်းဥက္ကဌတို့သည် စကုမြို့ပေါ်ရှိ ဆန်လုပ်ငန်းရှင်များနှင့် ကြားပွဲစား(၁၂)ဦးတို့အား တွေ့ဆုံကာ ဆန်လုပ်ငန်းရှင်များနှင့် ကြားပွဲစားများ လိုက်နာရမည့်တာဝန်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ခရိုင်တာဝန်ခံက ကြားပွဲစား၊ စက်ပိုင်၊ အုပ်ချုပ်ရေးမှူးတို့အား စပါးဝယ်ယူရေးအတွက် အလေး ချိန်သတ်မှတ်ချက်များ၊ ကြားပွဲစားများပွဲစားစိစစ်ရေးကဒ်များ ကိုင်ဆောင်ဝယ်ယူရေး၊ သက်တမ်းတိုး ဆောင်ရွက်ရေး၊ ဆန်စက်ပိုင်ရှင်များ(MyRo)တွင် သိုလှောင်ခွင့် မှတ်ပုံတင်နိုင်ရေးနှင့် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်များ လစဉ်စာရင်းရေးသွင်းနိုင်ရေး၊ ကြားပွဲစားများ စပါးအရောင်းအဝယ်ပြုလုပ်ပါက သတ် မှတ်အလေးချိန်အတိုင်း ဝယ်ယူကြရန်နှင့် ကြားပွဲစားစိစစ်ရေးကဒ်များမရှိဘဲ စပါးများအရောင်း အဝယ် ပြုလုပ်ပါက လုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိ ပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဓနုဖြူမြို့နယ်တွင် အစားအသောက်ရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် အစားအသောက်ရောင်းချသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဈေးကွက်စစ်ဆေးခြင်းကို ၁-၁၂-၂၀၂၅ နံနက်ပိုင်းမှ  လစဉ် ကွင်းဆင်းစစ်ဆေးခဲ့လုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

     ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာမှ အထက်ဌာန လမ်းညွှန်ချက်များအတိုင်း လစဉ် ဝန်ဆောင်မှုလုပ်ငန်းများကို စစ်ဆေးကြရာ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းစွာရှိရေး၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အစားအသောက်များ  လတ်ဆတ်သန့်ရှင်းရေး၊ ပေးအပ်သည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက် အလက်များကို ကြိုတင်အသိပေးဖော်ပြပေးနိုင်ရေး၊ ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစား အရွယ်အလိုက် ဈေးနှုန်းများ ပွင့်လင်းမြင်သာစွာ ရောင်းချပေးနိုင်ရေး၊ အချိန်နှင့်တပြေညီ စားသုံးသူ စိတ်ကျေနပ်စွာ ဝယ်ယူသုံးစွဲခွင့် နှင့် အခွန်ဆောင် ငွေရပါက ကိုတင်အသိပေး သတင်းအချက် အလက်ဖြန့် ဝေထားနိုင်ရေး၊ ချက်ပြုတ်ရာနေရာများ သန့်ရှင့်သပ်ရပ်စွာကိုင်ကွယ်ရေး  စသည့်အချက်များကို ကွင်းဆင်းစစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး စားသောက်ဆိုင်များမှ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရောင်းချခြင်းမရှိပါက စားသုံးသူရေးရာဦးစီးဌာန စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဓနုဖြူမြို့နယ် စားသောက်ဆိုင်လုပ်ငန်းရှငါအသင်းတစ်ခု ဖွဲ့စည်းပေါ်ပေါက်နိုင်ရေးကို  မှာကြားပြောကြား ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

     အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ဈေးကွက် စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

Doca (ဧရာဝတီ)

စားသောက်ကုန်ပစ္စည်းများ အရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ မြို့မဈေး၌ စားသောက်ကုန်ပစ္စည်းအရောင်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၁-၁၁-၂၀၂၅ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့က စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် စားသောက်ကုန် ပစ္စည်းအရောင်ဆိုင်များအား ကုန်ပစ္စည်းအမျိုးအမည်၊ ကုန်စည်အမှတ်တံဆိပ်၊ ကုန်ပစ္စည်း အရွယ်အစားနှင့်အရေအတွက်၊ ထုတ်လုပ်သည့်နိုင်ငံ၊ တင်သွင်းသူအမည်၊ ထုတ်လုပ်သည့် ရက်စွဲနှင့်သက်တမ်း ကုန်ဆုံးမည့်ရက်စွဲများပါရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခြင်း၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှု ရှိမရှိစစ်ဆေးခြင်း၊ သက်ဆိုင်ရာခွင့်ပြုချက် အမှတ်ပါရှိမှု ရှိမရှိစစ်ဆေးခြင်း၊ သတ်မှတ်ချက်များနှင့် မညီသော ကုန်စည်ကိုရောင်းချပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Doca (ဧရာဝတီ)

ဒဂုံဆိပ်ကမ်းမြို့နယ်  ပြည့်လျံ (ဆန်ရောင်းဝယ်ရေး)အရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)နှင့်  ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိ ပညာပေးမှုများဆောင်ရွက်လျက်ရှိရာ (၃.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် သိရိကျော်တင်လမ်း၊ (၁၆၈)ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ပြည့်လျံ ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။

           ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည်      ရက်(၉၀)၊‌ ဆင်းသွယ်၊ ရွှေဘိုပေါ်ဆန်း၊ ဖျားပုံကြာပျံ၊ ပုသိမ်ပေါ်ဆန်း၊ ပေါ်ဆန်း(ခွန်နီ) ၊တောင်ပျံစသည့်ဆန်များရောင်းချလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆန်များကို ဈေးနှုန်း အဆမတန်ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်း ကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဒဂုံဆိပ်ကမ်းမြို့နယ်၊  (၈၉)ရပ်ကွက်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ၊  လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ၃.၁၂.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်ခန့်တွင် စားအုန်းဆီဖြန့်ဖြူးသည့်အိမ် ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင်  ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က   ဖြန့်ဖြူးသည့်ကုမ္မ ဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့်တစ်လလျှင်(၁)အိမ်ထောင်စ စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဒဂုံဆိပ်ကမ်းမြို့နယ်(၈၉)ရက်ကွက်ရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ