Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိမှု ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူများ ဘေးကင်းလုံခြုံစွာဖြင့် ကုန်စည်များကို ရွေးချယ်ဝယ်ယူအသုံးပြုနိုင်ရေး နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိမှု ရှိ/မရှိကို (၂၈.၉.၂၀၂၆) ရက်နေ့ မွန်းလွဲပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်းရပ်ကွက်ရှိ သီရိချို စားသောက်ကုန် အရောင်းဆိုင်သို့ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံနှင့် မြို့နယ် တာဝန်ခံတို့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်၊ လူသုံးကုန်နှင့် အခြား ကုန်စည်များ၏ ထုတ်ပိုးမှုအပေါ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများအတွက် လိုအပ်သည့် သတင်းအချက်အလက်များ မှန်ကန်ရှင်းလင်းစွာ ဖော်ပြထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

စက်တင်ဘာလအတွင်း Thursday Talk ဟောပြောဆွေးနွေးပွဲ ကျင်းပခြင်း

                     လစဉ်ကျင်းပလျက်ရှိသည့် Thursday Talk ဟောပြောဆွေးနွေးပွဲအား  Virtual စနစ်ဖြင့် မန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ပူးပေါင်း၍ ၂၄.၉.၂၀၂၆ ရက် နေ့လည် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။အဆိုပါဟောပြောဆွေးနွေးပွဲတွင်စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးဦးမင်းမင်းမှအဖွင့် နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် အခမ်းအနားကျင်းပရသည့်အကြောင်းအရင်းမှာ ဝန်ထမ်း များစကားပြောအရည်အသွေးတိုးတက်ပြီးလုပ်ငန်းခွင်တွင် အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့ခတ်လူငယ်များနေရာအသီးသီးတွင်စကားပြောဆိုအရည်အသွေး နဲ့ ပတ်သက်ပြီး English ဘာသာဖြင့်လည်း ကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း၊ပညာရေး၊ စီးပွားရေး၊ ဖျော်ဖြေရေး ကဏ္ဍအသီးသီးတွင် Talk Show ကျင်းပတာတွေ့ရှိရပါကြောင်း၊ ယနေ့ခတ် လူငယ်များ  AI နှင့်ပတ်သက်၍ စိတ်ဝင်စားမှုမြင့်မားပြီး Internet မှတဆင့်  စကားပြောဆိုမှု များ ပြားလာတာတွေ့ရပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတွင်ကြာသာပတေးနေ့တိုင်းTalk Showကျင်းပသည့်အလေ့အထကောင်း တွေ့ရှိရပါ ကြောင်း၊  မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဝန်ထမ်းများအနေဖြင့် အငယ်တန်း စာရေးအဆင့်မှစပြီး Talk Show တွင် ပြောနိုင်တာတွေ့ ရှိရပါကြောင်း၊ ၊Presentation လုပ်ရာတွင် လေ့လာမှတ်သားမှုရှိမှသာ  လုပ်ငန်းနှင့်သော်လည်းကောင်း၊  စားသုံးသူရေးရာဦးစီးဌာန၏ဥပဒေ နည်းဥပဒေနှင့် သော်လည်းကောင်း၊ပြင်ပဗဟုသုတနှင့်သော်လည်းကောင်း၊ စာအရေးအသား မှတ် သားမှုအခြေခံကာ ခေါင်းစဉ်အလိုက်ပြောကြားနိုင်မှာဖြစ်ကြောင်း၊တိုးတက်တဲ့အနေအထား တွေ့ရ ပါကြောင်း၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဒါဘာမှာသော်လည်းကောင်း၊ ဌာနစိတ်အလိုက် ရှင်းလင်းပြောကြားရာတွင်လည်းကောင်း  ပါဝင်ပြောဆိုဆွေးနွေးတဲ့ အလေ့ကျင့်ကောင်းများ စွာ ရှိတဲ့အတွက် ဝန်ထမ်းများစွမ်းဆောင်ရည် တိုးတက်စေပါကြောင်း၊  အငယ်တန်း စာရေးအဆင့် မှ စပြီး စင်မြင့်ပေါ်မှာ ချပေးတဲ့ခေါင်းစဉ်အလိုက်  Talk  Show ဟောပြောနိုင်တာတွေ့ရပါကြောင်း၊ ကိုယ်လေ့လာထားတဲ့ဘာသာ ရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာပြောနိုင်တာတွေ့ရလို ဌာနကိုယ်စား ဂုဏ်ယူမိကြောင်းပြောကြားခဲ့ပါသည်။ဆက်လက်၍မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးဇေယျာဆွေ မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် အချက်နှစ်ချက်ပြောလိုပါကြောင်း ၊ အမြဲတန်း ဝန်ထမ်းခန့်ထားသည့်အခြေခံအကျဆုံး အငယ်တန်းစာရေးမှစပြီး၊ဝန်ထမ်းများအားလုံးအလေး ထားဆောင်ရွက်ဖို့  စိတ်ပညာအရ Zone လေးခု( Comfort Zone, Fear Zone ,Learning Zone, Growth Zone)အကြောင်း   ပြောကြားလိုပါကြောင်း၊  ပထမအချက် Comfort  Zone မှာဆိုရင် သာသာယာယာနဲ့တိုးတက်ရာတိုးတက်ကြောင်းနည်းနိုင်ပါကြောင်း၊ ဒုတိယအချက် Fear Zone မှာ ကောင်းမွန်တဲ့အလေ့အထ ဖြစ်လာဖို့အတွက် ကြောက်ရွံ့မှုများကို ကျော်လွှားနိုင်ဖို့လိုပါကြောင်း၊ တတိယအဆင့်အနေဖြင့်  Learning Zone မှာ လေ့လာမှတ်သား၊စုဆောင်းနိုင်မှသာ ပြောနိုင်ဆို နိုင်ပါဖြစ်ကြောင်း၊ နောက်ဆုံးအဆင့် Growth Zone ထဲရောက်မှသာ  တိုးတက်ကောင်းမွန်တဲ့ ‌ မိမိမျှော်မှန်းတဲ့ မိမိလိုချင်တဲ့အခြေအနေရောက်မှာဖြစ်ပါကြောင်း၊ အခုဟောပြောမယ့်ဝန်ထမ်း နှစ်ဦးမှာ  ဒီဇုန်လေးခုကို ကျော်ဖြတ်နေတာဖြစ်ပါကြောင်း၊ သူတို့ဆွေးနွေးမယ့် မိမိတို့ စားသုံးသူ ရေးရာဦးစီးဌာန၏ဥပဒေအကြောင်းနှင့် ပြည်တွင်းကုန်သွယ်မှုနှင့်ပတ်သက်သည့်   သနပ်ခါးနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း၊ အစဉ်အလာ၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို လေ့လာထား မှသာပြောကြားနိုင်တာဖြစ်ပါကြောင်း၊အနီးကပ်ကြီးကြပ်ပေးတဲ့ဌာနခွဲအလိုက် ပူးပေါင်းဆောင် ရွက်မှုကောင်းမွန်တာကိုတွေ့ရပါကြောင်း၊ဒုတိယအချက်အနေဖြင့်ဌာနခွဲတာဝန်ခံများအနေဖြင့်ကိုယ်လုပ်ခဲ့တဲ့ဘာသာရပ်များနှင့်ပတ်သက်ပြီးအချင်းချင်းမျှဝေဆောင်ရွက်စေလိုပါကြောင်း၊ နောက်အပတ်များတွင် ဌာနခွဲတာဝန်ခံများအနေနှင့် အတွေ့အကြုံများ ဖလှယ်တင်ပြဆွေးနွေးပေးစေလိုပါ ကြောင်း၊စစ်ကိုင်းတိုင်းဒေသကြီးကိုလည်းပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါကြောင်းပြောကြားခဲ့ပါသည်။

           မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဦးချမ်းသာမှ စားသုံးသူ ကာကွယ်ရေးအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးဦးဇင်ဝေယံထက်မှ မြန်မာ့အလှတရားနှင့် ရွှေဘိုသနပ်ခါးခေါင်း စဉ်များအား Power Point Selide များဖြင့်  အသီးသီးဆွေးနွေးပြောကြားခဲ့ပါသည်။ဟောပြောချက် များနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဦးမင်းမင်းနှင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူး  ဦးဇေယျာဆွေတို့မှ တို့မှ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီးနောက်နောင်ဟောပြောပွဲ များတွင် ယခု ထက်ပိုမို ကောင်း မွန်သည်များဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ Thursday  Talk ဟောပြောဆွေးနွေးပွဲတွင်  မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အရာထမ်းနှင့် အမှုထမ်းများမှ  in Person ဖြင့် တက်ရောက်ခဲ့ပြီး၊ကျောက်ဆည်ခရိုင်၊ပြင်ဦးလွင်ခရိုင်၊မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်ဦးစီးမှူးများ၊ ပြင်ဦးလွင်ခရိုင်နှင့်ညောင်ဦးခရိုင်တာဝန်ခံများနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှှ အရာထမ်းနှင့်အမှုထမ်းများ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပြီး နေ့( ၁၅:၀၀) နာရီအချိန် တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Doca(မန္တလေး)

“ပြည့်စုံ” မြေပဲဆီသန့် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးမင်းလွင်၊ ဦးစီးအရာရှိ သည် ၂၄-၉-၂၀၂၆ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် “ပြည့်စုံ” အမှတ်တံဆိပ်ဖြင့် မြေပဲဆီသန့် ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်အားစားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။         

            ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအချက်အလက်များအား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Doca(မန္တလေး)

“ဘဝသစ်” ငပိထောင်း လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှဒေါ်သင်းသင်းအေး၊ဒု-ဦးစီးမှူး သည် ၂၄-၉-၂၀၂၆ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် “ဘဝသစ်” အမှတ်တံဆိပ်ဖြင့် ငပိထောင်း ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်အားစားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။         

        ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအချက်အလက်များအား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

Doca(မန္တလေး)

မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

      ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ ၂ ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ Royal Ma Maw သဘာဝဒေသထွက် မောတောင်ကော်ဖီစေ့နှင့် ကော်ဖီမှုန့်များ၊ အဝတ်အထည်နှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

      အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာသတ်မှတ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချလုပ်ကိုင်သည့် ကုန်စည်များ၊ လုပ်ငန်းများ၊ ဝန်ဆောင်မှုများအား Online Social Media အသုံးပြု၍ ကြော်ငြာခြင်း၊ ရောင်းချခြင်း များပြုလုပ်ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အွန်လိုင်းမှတ်ပုံတင်စနစ် www. ecomreg.gov.mm တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားဆောင်ရွက်ပြီးမှသာလျှင် ရောင်းချရန်လိုအပ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းမှရောင်းချနေမှုများအား ဥပဒေပြဌာန်းချက်များနှင့် အညီ အရေးယူဆောင်ရွက်ရမည်ဖြစ်သဖြင့် အွန်လိုင်းမှ ရောင်းချမှုများအား မှတ်ပုံတင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ‌ရေလမ်းခရီးအသုံးပြု၍ ကုန်သင်္ဘောများဖြင့်ရောက်ရှိလာသော ဆန်များအား ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခြင်း

          မြိတ်ခရိုင် ဆန်ကုန်သည်နှင့်ဆန် လုပ်ငန်းရှင်များအသင်းမှ မြိတ်မြို့ရှိ စားသုံးသူပြည်သူများ ဆန်ပြတ်လတ်မှုများမရှိစေရေး၊ ဆန်စျေးနှုန်းများကြီးမြင့်မှုမရှိစေရေးနှင့် စျေးနှုန်းများတည်ငြိမ်စေရေးအတွက် ရန်ကုန်၊ ဧရာဝတီ၊ မော်လမြိုင်တို့မှ ဆန်များအားဝယ်ယူ၍ ရေလမ်းခရီးအသုံးပြု၍ ကုန်သင်္ဘောများဖြင့်တင်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ အမ်ဗွီစိုးဝင်းနား သင်္ဘောဖြင့် ဆန် ၄၅၀ တန်၊ အိတ် ၉၀၀၀ တင်ဆောင်၍ မြိတ်မြို့သို့ ဆိုက်ကပ်ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ဆီများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချပေး

              စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၏ကြီးကြပ်မှုဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့စီးပွာရေးဘဏ်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်း(၃)ဦးတို့ ပူးပေါင်း၍ စစ်ကိုင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၁.၉.၂၀၂၆)ရက်နေ့ နံနက် (၀၇:၀၀) နာရီအချိန်မှစ၍ စစ်ကိုင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် စစ်ကိုင်းခရိုင်အတွင်းရှိ အငြိမ်းစားဝန်ထမ်း  ပင်စင်စားများအား စားအုန်းဆီများ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း  သိရှိရပါသည်။

        ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား (၁)ဗူးလျှင် (ဘူးခွံအပါ) ၅၀၀၀/-ကျပ်ဖြင့် ဗူး ၄၀၀၊ ရောင်းချခဲ့ပြီး စစ်ကိုင်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ စတိုးဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှု ရှိ၊ မရှိနှင့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်၊ အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သော အချက်အလက်များ ကိုက်ညီမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်ရန် ညွှန်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းခရိုင်ရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူနှင့်အတူ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ စတိုးဆိုင် (၃)ဆိုင်သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် dmpအမှတ်တံဆိပ် ကလေးခေါင်းလျှော်ရည် ကုန်စည်အား စစ်ဆေးခဲပြီး အဆိုပါ ကုန်စည်သည် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်၊ အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သောအချက်အလက်များ မှန်ကန်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။  စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၃)ပါ တားမြစ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ် “ရွှေကြိုးကြာ” ကုလားပဲကျက်မှုန့်စက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် မိမိတို့ဒေသအတွင်းရှိ လုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသော ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ဖော်ပြနိုင်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်အညီ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း၈ကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူနှင့်အတူ စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ရှိ “ရွှေကြိုးကြာ” ကုလားပဲကျက်မှုန့်စက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

      “ရွှေကြိုးကြာ” ကုလားပဲမှုန့်စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့်  ကုလားပဲကျက်မှုန့် (၁၅၀)ဂရမ် ကုန်စည်များကို အမျိုးအစားအား စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သာစည်မြို့နယ်၊ ကုက္ကိုစုကျေးရွာတွင်စားသုံးသူကာကွယ်ရေးဟောပြောပွဲကျင်းပ

          မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် သာစည်မြို့နယ်၊ ကုက္ကိုစုကျေးရွာ  စားသုံး သူများဘေးအန္တရာယ်ကင်းရှင်းစေ ရေးအတွက်၂၀၂၆ခုနှစ်၊စက်တင်ဘာလ(၁၁)ရက်နေ့တွင်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါ သည်။

                       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ဒေါ်ဖြူဖြူထွန်း(ဒု-ဦးစီးမှူး)မှစားသုံးသူရေးရာဦးစီးဌာနတွင်လက်ရှိဆောင်ရွက်နေသောစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်းမှုများလုပ် ဆောင်ရွက် လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ် ရေး ဥပဒေအရစီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန် တာဝန်ရှိ ကြောင်း လုပ်ငန်းရှင်များ အနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါကုန်အညွှန်း အမှတ်အသားများ နှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့်ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊မိမိထုတ်ကုန်များကိုကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် အခက်အခဲရှိပါကဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်း ရှင်များအနေ ဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင်စားသုံးသူ များဖြစ်သည့် အတွက် စာသုံးသူအခွင့် အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ် နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးစင်တာ (CICC) ရုံးမှားတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါ ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီးကြောင်းသိရှိရပါသည်။      

    DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ