Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်  (၂-၁၂-၂၀၂၅)ရက်နေ့  ည(၆:၀၀)နာရီတွင် လပွတ္တာမြို့နယ်ရှိ   ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ဗဏီမှ (ယာဉ်အမှတ် 8G-2946) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၃၇)ပေပါ ရောက်ရှိ လာခဲ့ကြောင်းသိရှိရပါသည်။

            အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ ဖြင့် လက်လီ/လက်ကး ဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင် များအနေဖြင့် လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။

(DOCAဧရာဝတီ)

လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အရာထမ်း၊ အမှုထမ်းများမှ (Virtual)စနစ်ဖြင့်တက်ရောက်ခြင်း

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ရက်နေ့၊  မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနရုံးအမှတ်(၅၂) ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ကျင်းပပြုလုပ်သည့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် အရာထမ်း ၊အမှုထမ်း စုစုပေါင်း(၂၀)ဦးတို့ သည်Virtual စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။

          အဆိုပါ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အခမ်းအနားတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေဇင်ယု ကအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာအကြောင်း ဆွေးနွေး ရာတွင်မှတ်ပုံတင်မရှိဘဲ ရောင်းချပါကအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ အရေး ယူခံရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့်မှတ်ပုံတင်ရမည့် Link (https://www.ecomreg.gov.mm)တွင် ဝင်ရောက်လျှောက်ထားနိုင်ပါကြောင်းနှင့် ဝင်ရောက် လေ့လာနိုင်ပါကြောင်း ၊eComReg Systemတွင် လုပ်ငန်းမှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း၊ ပြင်ဆင်ခြင်းနှင့်သက်တမ်းတိုးခြင်းကိစ္စရပ်များအား ဌာနမှခွင့်ပြုပြီးနောက် စနစ်တွင်(၁၄)ရက်အတွင်း ငွေပေးသွင်း၍ မှတ်ပုံတင်လက်မှတ်ထုတ်ယူရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လျှောက်ထားတင်ပြသည့် အချက်အလက်မပြည့်စုံ၍ ဌာနမှ Turndownချပြီး (၃၀)ရက်အတွင်း ပြန်လည်တင်ပြဆောင် ရွက်ရမည်ဖြစ်ပါကြောင်း ၊အဆိုပါသတ်မှတ်ရက်အတွင်း ဆောင်ရွက်ခြင်းမရှိပါက စနစ်မှ အလိုအ လျောက်ပယ်ဖျက်ပြီး (Auto Cancel) ပြုလုပ် သွားမည်ဖြစ်ပါကြောင်း၊ ဒါကြောင်း eComReg System တွင် လုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားသူ များအနေဖြင့် သတ်မှတ်ရက်များအတွင်း သတိပြုဆောင်ရွက်ကြရန်နှင့် စနစ်မှ အလိုအလျောက် ပယ်ဖျက်ခြင်း (Auto Cancel) အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့မှစ၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့နောက် Registration ပြုလုပ်ရာ၌ ရွေးချယ်ရမည့် ကုန်စည်အမျိုးအစား(Goods) (၂၂)မျိုးအကြောင်း၊ Registration ပြုလုပ်ရာ၌ ရွေးချယ်ရမည့် ဝန်ဆောင်မှုအမျိုးအစား (Services)(၁၄)မျိုး အကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများမှတ်ပုံတင်လျှောက်ထားနည်းများအကြောင်း၊ Registration သက်တမ်းတိုးကိစ္စရပ်များစုံစမ်းရန် အတွက် ၀၆၇၄၀၈၄၆၉ သို့လည်းကောင်း၊ မြေပြင်စစ်ဆေး မှုကိစ္စရပ်များစုံစမ်းရန် 067430218 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်းတို့အား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး တိုင်း/ခရိုင်းများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြား ရှင်းပြခဲ့ပါကြောင်း၊ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုပြည့်မင်းဦးက ဆက်လက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ စားသုံးသူကာကွယ်ရေး ဥပဒေစတင်အာဏာတည်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်နေ့ ကုန်အညွှန်းအမှတ်အသား ပြဋ္ဌာန်းချက်များ စတင်အာဏာတည်ကြောင်း၊ မြန်မာဘာသာ ဖြင့် ဖော်ပြရမည့်အချက်(၇)ချက် (က) ကုန်ပစ္စည်းအမျိုးအမည်(ခ)အရွယ်အစားအရေအတွက်နှင့်အသားတင်ပမာဏ (ဂ)ထားသိုသိမ်းဆည်း မှုအညွှန်း (ဃ) သုံးစွဲပုံနည်းလမ်း (င) ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုး (စ) ကြိုတင်သတိပေး ချက် (ဆ)ဓါတ်မတည့်ကြောင်းဖော်ပြချက် စသည့်တို့အား မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြ ပေးရန်၊ မြန်မာဘာသာဖြင့် ဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော စားလုံးအရွယ် အစား ဖြစ်ရမည်အကြောင်း၊ မြန်မာဘာသာဖြင့် ဖော်ပြရာတွင် ကုန်စည်အမျိုးအစားနှင့် အရွယ်အစားပေါ် အခြေခံ၍ ဖော်ပြရန်လိုအပ်သည့် အချက်အလက်များကို စားသုံးသူသို့ လက်လီရောင်းချမည့် ကုန်စည်၏ ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြရန်အကြောင်း၊ ကုန်ပစ္စည်းပေါ်တွင် အချက်အလက်များ ဖော်ပြရန် မဖြစ်နိုင်ပါ က ကုန်စည်အမျိုးအစားနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့် ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူသို့ တပါတည်းပေးအပ်ရန်အကြောင်း၊ ပြည်ပမှ တင်သွင်း ဖြန့်ဖြူးသည့် ကုန်စည်များဖြစ်ပါက သတ်မှတ်ချက်များနှင့်ကိုက်ညီစေ‌ရေးအတွက် ဈေးကွက်ဖြန့်ဖြူး ခြင်းမပြုမီ ပြုပြင်ရန်။ (ထပ်ပိုးကပ်ခြင်း သို့မဟုတ် ထုပ်ပိုးပစ္စည်းအသစ် အသုံးပြုခြင်း)တို့အကြောင်း၊ သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ကွပ်ကဲသည့် ကုန်ပစ္စည်းများအတွက် ၎င်းဌာနများ၏ ညွှန်ကြားချက် အတိုင်း လိုက်နာရန်နှင့် ၎င်းညွှန်ကြးချက်နှင့်အညီ ဤအမိန့်ကြော်ငြာစာပါဖော်ပြရန် အချက်များအား မြန်မာဘာသာဖြင့်ဖော်ပြရန်အကြောင်း ၊ထို့အပြင်ကုန်အညွှန်းအမှတ်အသား၏ အရေးပါမှုအကြောင်း၊ စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းတာဝန်များအကြောင်း၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အကြောင်းများ၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်း တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကျခံနိုင်ပါကြောင်းနှင့် ပုဒ်မ ၇၉ အရ ရဲအရေး ယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ကြောင်းစသည်တို့ အားအကျယ်တဝင့် ဆွေးနွေးပြော ကြားခဲ့ပြီးတိုင်း/ ခရိုင်းများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြား ရှင်းပြခဲ့ပါကြောင်း၊ နိဂုံးချုပ် အနေဖြင့် အချိန်ပေးတက်ရောက်ခဲ့ကြသောဝန်ထမ်းများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသန်တန်းအား မွန်းလွဲ(၁၅:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီမြောက်ခဲ့ကြောင်း တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့ပေါ်ရှိ ဆန်ဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ ဈေးကွက်မရောက်မီစစ်ဆေးခြင်းများ၊ ဆေးဆိုင်များ၊ ဆန်ဆိုင်များနှင့် စက်သုံးဆီဆိုင်များကို မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်  ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အနက် ကျွန်းလှမြို့ပေါ်ရပ်ကွက်အတွင်းရှိ လက်လီ/လက္ကား ဆန်အရောင်းဆိုင်များသို့ (.၁၂.၂၀၂၅) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင်  သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ကျွန်းလှမြို့နယ်တာဝန်ခံမှ ဒေသတွင်းထွက်ရှိသည့်အခြေအနေ ရောင်းချနေသော ဆန်ဈေးနှုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ရောင်းချရန်၊ ပစ္စည်းအရည်အသွေးနှင့် အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်စွာရောင်းချရန်၊ ဆန်ဝယ်ယူရရှိမှုအခြေအနေ၊ ဆန်သိုလှောင်ထားရှိမှု အခြေအနေနှင့် လက်ကျန်အခြေအနေတို့အား စစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့၊အ.ထ.က(၄)တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်း

  မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်၊  အ.ထ.က(၄)တွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ၂၀၂၅ ခုနှစ်၊ ‌‌‌ဒီဇင်ဘာလ(၃)ရက်နေ့ ၊နံနက်(၁၀၀၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

           ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံဒေါ်သိမ့်သူဇာမောင်၊ ဒု-ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံး မှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ် ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့််တာဝန်များအကြောင်း၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းများအားလည်းကောင်း စားသုံးသူ အခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်း ပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူ အခွင့်အရေးနစ်နာ ဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင် ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေး ပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျောင်းသား/သူ (၂၁၅)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာ စောင်များ လည်းဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို (၁၁၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)         

မိတ္ထီလာမြို့၊အ.မ.က(၈)ရဲပေါက်ချောင်းကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်း

   မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်၊  အ.မ.က(၈)ရဲပေါက်ချောင်းကျောင်းတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်း စေရေး အတွက် ၂၀၂၅ ခုနှစ်၊ ‌‌‌ဒီဇင်ဘာလ(၃)ရက်နေ့ ၊နံနက်(၁၀၀၀)နာရီချိန်တွင် စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

           ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံဒေါ်သိမ့်သူဇာမောင်၊ ဒု-ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံး မှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ် ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့််တာဝန်များအကြောင်း၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းများအားလည်းကောင်း စားသုံးသူ အခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်း ပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူ အခွင့်အရေးနစ်နာ ဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင် ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေး ပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျောင်းသား/သူ (၂၁၅)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်း စာစောင်များ လည်းဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို (၁၁၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလအတွင်း ကုန်စည်များတွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြား

        စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်ကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များကသိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ စိစစ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာကြကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နှင်းမိုးလှိုင် ပေါင်မုန့်နှင့်မုန့်မျိုးစုံလုပ်ငန်း၊ သူဇာ လက်ဖက်နှင့် အကြော်စုံလုပ်ငန်း၊ အောင်ဆုပန် ပဲချောင်းကြော်လုပ်ငန်း၊ မြင့် သနပ်ခါးလုပ်ငန်းတို့မှ ၎င်းတို့၏ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြားပေးရန် တင်ပြမှုအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနက ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ လိုအပ်သည့်အချက်များနှင့် အခြားသက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန် ပြန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ  “UTN” စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ()ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့နယ် ရှမ်းစုကျေးရွာရှိ “UTN” စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီ ပြတ်လတ်မှုမရှိစေရေး စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချနေမှုအခြေအနေ၊ စက်သုံးဆီပြတ်လတ်မှုရှိမရှိ၊ (PPRD) စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ် ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချ မှုရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ  စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေး တွေ့ရှိရပါသည်။  စက်သုံးဆီ လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများ တင်သွင်းဖြန့်ဖြုးရောင်းချနေခြင်း စိစစ်တွေ့ရှိရပါက အရေးယူ ဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လတ်မှု မရှိစေရေးအတွက် ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေး သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ  ဌာနမှ ထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့အတွင်း မိတ်ဆက်ယိုစုံလုပ်ငန်းအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ၊ ဒေါ်ချောစုထွေး (ဦးစီးမှူး) နှင့်ဝန်ထမ်း များသည်  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရှိ မိတ်ဆက်ယိုစုံလုပ်ငန်းအား   လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား ဈေးကွက်မရောက်မီ ကွင်းဆင်း စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူး ပေါင်းပါဝင်ခဲ့သည့် ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ် အသားများပြည်စုံစွာပါရှိစေရန်နှင့်ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့် ပစ္စည်း များကို ရောင်းချပါရန် အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)

(အ.လ.က)လိတ္ထူကျောင်းရှိ ဆရာ/ မနှင့် ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ (အ.လ.က)ကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

         အဆိုပါဟောပြောပွဲတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံး၏အခွင့် အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊  စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြား နိုင်သည့်နေရာနှင့် တိုင်ကြားရမည့်ပုံစံများအား အသိပညာပေးဟောပြောဆွေနွေးခြင်း၊ Online မှတဆင့် ကုန်စည်များဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ကြောင်း၊ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များကို ဟောပြောဆွေးနွေး အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ဝန်ထမ်းများအနေဖြင့် ရုံးချိန်အတွင်း ပြင်ပထွက်ခွာရာတွင်လည်းကောင်း၊ တာဝန်ဖြင့်သွားလာရာ၌ လည်းကောင်း ဌာနအကြီးအကဲနှင့် မိမိဌာနတာဝန်ခံများအား သတင်းပို့သည့်စနစ်အား အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး၊ဦးစီးမှူး ဦးဆောင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် မိတ္ထီလာ မြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် မိတ္ထီလာမြို့နယ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဈေးနှုန်းများမှာ (၁၀%) ခန့် မြင့်တက်လာကြောင်း၊ Isosorbide 10 mg (နှလုံးဆေး)နှင့် Potassium Chloride (ဆီး ဆေး) တို့မှာ ဈေးကွက်အတွင်း ပြတ်နေသည်မှာ နှစ်လခန့်ရှိကြောင်း၊ အဆိုပါဆေးများကို ယခင်က Sun Co., Ltd နှင့် Right & Bright Co.,ltd တို့မှ တင်သွင်းခဲ့ကြောင်း၊ ဆေးတွေကို ကုမ္ပဏီတွေမှ လိုသလောက်မရရှိပဲ ခွဲတမ်းဖြင့်သာရရှိကြောင်း၊ ဆေးအများစုမှာ တံဆိပ်အမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ လူနာများအနေဖြင့် သောက်နေကျဆေးမရရှိပဲ အာနိသင်တူ တံဆိပ်အတူဆေးများသာ ရောင်းချရကြောင်း၊ တံဆိပ်စွဲသောက်သော လူနာများအနေဖြင့် အခက်အခဲ ရှိကြောင်း၊ ဆေးအများစုမှာ တံဆိပ်မတူတာပဲဖြစ်ပြီး၊ အာနိသင်တူသည့်ဆေးများမှာ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိကြောင်း၊  ဆေးအများစုမှာ အမှတ်တံဆိပ်ကွဲလွဲမှုရှိသော်လည်း အာနိသင် တူသည့် ဆေးများမှာ ဈေးကွက်အတွင်းပြတ်လပ်မှုမရှိ၍ လူနာများအတွက် အဆင်ပြေမှုရှိ သော်လည်း တံဆိပ်စွဲသောက်သူများအတွက်သာ အခက်အခဲရှိကြောင်း၊ အချို့သောခွဲတမ်းနှင့် ရရှိသောဆေးများမှာ (၁၀%) ခန့်ဈေးတက်ကြောင်း၊ လက်ရှိအခြေအနေတွင် ဈေးကွက်အတွင်း နာမည်ရတံဆိပ်ရှိသော  ဆေးများပြတ်လပ်မှုရှိလာသည့်အတွက်   အာနိသင်တူတံဆိပ်မတူနာမည်မရှိသော တံဆိပ်များဈေးကွက်အတွင်း အစားထိုးဝင်ရောက်လာသဖြင့် ဆေးဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း သိရှိရသည်။  

DOCA(မန္တလေး) 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ