
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်မှု လုပ်ငန်းသုံးဆီတင်သွင်းခွင့် ကုမ္ပဏီများမှ တင်သွင်းလာသည့် စက်မှုလုပ်ငန်းဆီများကို ဆီကန်အထိုင် ၁ ပိဿာနှုန်းများ သတ်မှတ်ပေးလျက်ရှိပြီး စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့်စားအုန်းဆီများ ထုတ်ယူနိုင်ရေး ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့က ကော်မတီမှ ရောင်းချခွင့်ပြုပြီးသော ခွဲတမ်းကျ လျာထား သတ်မှတ်ပေးလျက်ရှိပြီး တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များရှိ လုပ်ငန်းရှင်များအား စားသုံးသူ ရေးရာ ဦးစီး ဌာန၊ တောင်ငူခရိုင်ဦးစီးမှူး၊ ဦးမျိုးအောင် နှင့် တောင်ငူခရိုင် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်သိန်းတို့သည် စက်တင်ဘာလ (၁၇)ရက်နေ့ နံနက် (၁၁: ၀၀)နာရီအချိန်တွင် တောင်ငူခရိုင် ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခွဲဝေရရှိသည့် စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို အချိန်မီဆီဘိုး ငွေပေးသွင်းခြင်း၊ ဆီထုတ်ယူခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် စက်မှုလုပ်ငန်းသုံး စားအုန်းဆီဘိုး ငွေပေးသွင်းမည့် တာဝန်ခံအမည် စာရင်းပေးပို့ရန် နှင့် ရရှိသည့် စက်မှု လုပ်ငန်းသုံး စားအုန်းဆီများကို လုပ်ငန်းများအလိုက် အမှန်တကယ် သုံးစွဲခြင်း ရှိ/မရှိ စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် ခွဲဝေရရှိသော လုပ်ငန်းသုံး စားအုန်းဆီများကို လုပ်ငန်းများအလိုက် ပြန်လည် ဖြန့်ဖြူးမှုများအား လုပ်ငန်းရှင်တစ်ဦးချင်းရရှိမှုများ အသေးစိတ် မေးမြန်း၍ တာဝန်ရှိသူများက ဆွေးနွေး အသိပညာပေးခြင်းများပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၄၀)ဦးခန့်တက်ရောက်ခဲ့ပြီး (၁၂:၃၀)နာရီတွင် တွေ့ဆုံ ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။
DOCA(ပဲခူး)
