Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အောင်လံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ခြင်း

 

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/အောင်လံခရိုင်တာဝန်ခံရုံးမှ မင်းတုန်း မြို့နယ်တာဝန်ခံ ဦးထင်ကျော်လင်း ဒု-ကြီးကြပ်ရေးမှူးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်တာဝန်ခံ၏ ကြီးကြပ်မှုတို့ဖြင့် (၁၁.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အောင်လံမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း များအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ အသိပညာပေးဆွေးနွေးခဲ့ရာတွင် အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူးရုံး လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်(ဦးစီးအရာရှိ)နှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာန မင်းတုန်းမြို့နယ် တာဝန်ခံဦးထင်ကျော်လင်း ဒု-ကြီးကြပ်ရေးမှူးက ဆွေးနွေးရာတွင်  အွန် လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့တွင် သတ်မှတ်ပြဌာန်းခဲ့ကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေကို ပုဒ်မ(၄)၊ ပုဒ်မခွဲ(ဂ)အရ ပြဌာန်းထားကြောင်း၊အွန်လိုင်းစနစ်ဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုရောင်းချသူ များအားလုံး မှတ်ပုံတင်လက်မှတ်လျှောက်ထားပြီးမှ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်း မှတ်ပုံတင်လျှောက်ထားရမည့် Linkမှာ https://(ecomreg-gov-mm)websiteမှာ လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် အွန်လိုင်း မှတ်ပုံတင် လက်မှတ်ရရှိပြီးသူများမှာလည်း မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် အခွင့်အရေးများ အကြောင်းတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူ ပြည်သူများ အနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင် မည့် CICCရုံးများကို တိုင်း/ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားရှိပြီး တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center (1535)-လိုင်းခွဲ(၁)၊ (၂)၊ (၃)တို့ကို ရုံးချိန်အတွင်း စုံစမ်းမေးမြန်း တိုင်ကြားနိုင်ကြောင်းတို့အား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

အွန်လိုင်းမှတ်ပုံတင်သက်တမ်းတိုးခြင်းလျှောက်ထားလာမှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေး

           ၃.၉.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ပြည်နယ်ဦးစီးမှူး တာဝန်ခံတို့သည် “Hein Htet Taunggyi”အိမ်ခြံမြေလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်သက်တမ်း တိုးခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   စီးပွားရေးလုပ်ငန်းအနေဖြင့် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ လိုက်နာရမည့်တာဝန်များကို ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းများမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စစ်ဆေးရေးအရာရှိ ‌ဒေါ်တင်တင်အေး(ဒုတိယဦးစီးမှူး) ဦးဆောင်သော ဝန်ထမ်းအဖွဲ့သည် တောင်ကြီးမြို့ပေါ်ရှိ “YDDS”ဒေါက်ဖိနပ်များ၊ “Queen Branded export”၊ “R8 Aluminium”ဆိုင်များသို့ (၂.၉.၂၀၂၆) ရက်နေ့တွင် အွန်လိုင်းမှတ်ပုံတင်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာများ အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာ အကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ် များကိုခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registrationစနစ်မှတစ်ဆင့် လျှောက်ထား လာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/ မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွား မှာဖြစ်ကြောင်းအသိပညာပေးပြောကြားခဲ့ပြီး၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများ တွင်  စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ၁၁၊ ပုဒ်မ ၂၃ ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များကိုလည်းကောင်း၊ အသိပညာ ပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

လင်းခေးမြို့ရှိ Sein Chel အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

             ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ (၁၄) ရက်၊ (၁၀:00) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး (ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် လင်းခေးမြို့ရှိ Sein Chel အမည်ဖြင့် အွန်လိုင်းရောင်ဝယ်မှုလုပ်ငန်း မှတ်ပုံတင်လျှောက်ထားလာမှုနှင့် စပ်လျဉ်း၍ အချက်အလက်များ မှန်ကန်မှု ရှိ/ မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ပါရှိသည့် အချက်အလက်များ မှန်ကန်ကိုက်ညီမှု ရှိ/မရှိ  စစ်ဆေးရာ၌ အချက်အလက်များ မှန်ကန် ကိုက်ညီမှု ရှိပြီး အခြားလိုအပ်သည့် အချက်အလက်များအား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ၊ DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ အကြောင်းကို ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ဂန့်ဂေါမြို့၊ အခြေခံပညာမူလတန်း(တပ်တွင်း)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

 

          စားသုံးသူရေးရာဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့်ဝန်ထမ်းသည် စားသုံးသူအခွင့်အရေးနှင့် တာဝန်များသိရှိစေရန်၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူတတ်စေရန် ရည်ရွယ်၍ (၈.၉.၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ဂန့်ဂေါမြို့ အခြေခံပညာမူလတန်း(တပ်တွင်း)ကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမ(၇)ဦး၊ ကျောင်းသား/သူ (၅၇)ဦး၊ စုစုပေါင်း (၆၄)ဦးတို့အား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စားသုံးသူ ရေးရာဦးစီးဌာနမှ ဂန့်ဂေါမြို့နယ်တာဝန်ခံက ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက တိုင်းကြားခြင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန် များ၊ စားသုံးသူရေးရာကိစ္စများနှင့် အသိပညာဗဟုသုတများ မေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အားဖွင့်လှစ်ထားရှိပြီး မည်သည့်ဖုန်းဖြင့်မဆို ခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသိပညာ ပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းသဖြင့် အပြန် အလှန်ဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ရေနံချောင်းမြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

 

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၈.၉.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် သစ်တပွေရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်က စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံနှင့် ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန် ကန်ရှင်းလင်းသော သတင်းအချက်အလက်များရရှိစေရန်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ များ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာအကွယ်ပေးလျက်ရှိကြောင်း၊ အသိပညာပေး ဆောင်ရွက် မှုဆိုင်ရာ ဟောပြောပွဲများဆောင်ရွက်ခြင်းနှင့် အများပြည်သူသုံးစွဲမှုများသော Social Media များ၌ လည်းအသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေ အချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ၊ ဘေးအန္တရာယ်ရှိသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊ စားသုံး သူများအနေဖြင့် နစ်နာ ဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ထုတ်ကုန်များ လုံခြုံမှုရှိစေရေးနှင့် ကုန်ညွှန်အမှတ်အသားပြည့်စုံစေရေး ကွင်းဆင်းစစ်ဆေး

          ကရင်ပြည်နယ်အတွင်း စားသုံးသူများ ဘေးကင်လုံခြုံစွာ သုံးစွဲနိုင်ရေးနှင့် ထုတ်ကုန်များ        အတွက် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိရေးအတွက် ထွန်းပြည့်စုံ သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စစ်ဆေးရာတွင် သောက်ရေသန့်ထုတ်လုပ်မှုလုပ်ငန်းစဉ်၊ ထုတ်ကုန်များ၏ သန့်ရှင်းလုံခြုံမှု၊ သို လှောင်ထားရှိမှုနှင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို စစ်ဆေးခဲ့ပြီး စားသုံးသူများသိရှိနိုင်ရန် လိုအပ်သည့် ကုန်အမှတ်တံဆိပ်၊ ထုတ်လုပ်သူအမည်၊ ထုတ်ကုန်ပမာဏ၊ ထုတ်လုပ်သည့် ရက်စွဲ(MFG)၊ သက်တမ်းကုန်ဆုံးရက် (EXP) စသည့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုရှိ/မရှိ ကိုလည်းစစ်ဆေးခဲ့သည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုသည် စားသုံးသူများအနေဖြင့် ထုတ်ကုန်အချက်အလတ်များကို မှန်ကန်စွာ သိရှိရွေးချယ်ဝယ်ယူနိုင်ပြီး ဘေးကင်းလုံခြုံသော သောက်ရေသန့်များကို သုံးစွဲနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်အားအသိပညာပေး

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး မှ‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၆-၉-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင်‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် တာဝန်များအကြောင်း၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ်သတ်မှတ် ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်လျှောက်ထားမှုအတွက် သတ်မှတ်ချက်၊ ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်းအကြောင်း၊  မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေး များအကြောင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာ အကြောင်းအရာများ အကြောင်း၊  အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ eComReg System ၏ Report နှင့်ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

“ သက်တမ်းလွန်ဆေးဝါးများဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း သက်တမ်းလွန် ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့်ရပ်ကွက်များရှိ ပုဂ္ဂလိကဆေးဆိုင်များသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်‌ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများက စားသုံးသူပြည်သူ များ သုံးစွဲမသင့်ဟု ကြေညာထားသော ဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများ၊ ထုတ်လုပ်ခွင့် လိုင်စင် မရှိသောဆေးဝါးများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှထောက် ခံချက်မရှိ သော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ဆေးဆိုင် များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ကောင်းမွန်သော ဆေးဝါးများအား ရောင်း ချကြရန် ဆေးဈေးနှုန်းမြင့်တက်လာစေရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မပြုလုပ်ကြရန်နှင့် တရားမဝင်သက်တမ်းလွန်လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

                ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၃.၉.၂၀၂၆ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ထူး(KIP)ဆိပ်ကမ်းနှင့် ဘုရင့်နောင်ဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ