
စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်တာဝန်ခံရုံးတွင် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့၊နံနက်(၁၁:၃၀)အချိန်တွင်မြို့နယ်တာဝန်ခံရုံး၌ဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်အသင်း(ယာယီ)နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်အသင်း(ယာယီ)ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ဆီ လုပ်ငန်းရှင်(၁၁)ဦးဖြင့် ဉက္ကဌ၊ ဒုဉက္ကဌ၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ အမှုဆောင်အဖွဲ့ဝင်များဖြင့် အသင်းဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နေပါကြောင်း၊ မြို့နယ်အနေဖြင့် ဆီလက်လီ၊လက္ကား ကိုယ်စားလှယ်များအား ကျေးရွာ၊ ရပ်ကွက်၊ အိမ်ထောင်စုများ၊ ဆီစာအုပ်များဖြင့် ရောင်းချရာတွင် မှန် (၆)မှန်ဖြင့် ရောင်းချနေရေး နှင့်ဈေးကစားရန်အလိုဌာ သိုလှောင်ခြင်းများကြောင့် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ပြည်သူများထံသို့ ရောင်းချပေးရန် အသိပေး သတိပေး ဆောင်ရွက် သွားရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားမှုများအရ စားသုံးသူဌာနနှင့် ပူးပေါင်း၍ အပတ်စဉ်၊ လစဉ် ကွင်းဆင်းရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို စားသုံးသူများ စိတ်ကျေနပ်စွာ ရောင်းချပေးကြရန် ဆီအသင်းမှ ကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
(DOCA ဧရာဝတီ)
