
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်ဇော်ဦးသည် ၃.၆.၂၀၂၆ ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့၊ မြို့ရှောင်လမ်းရှိ လောကနတ်(ရေသန့်စက်ရုံ) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာန (DOCA) နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လောကနတ်ရေသန့်စက်ရုံမှ ထုတ်လုပ်သောလုပ်ငန်းခွင်ကို ကြယ်ရှုလေ့လာကြပြီး ရေသန့်စက်ရုံတွင်းနှင့် အပြင်ဘက်တွင် ညစ်ညမ်းမှု၊ ဖုန်မှုန့်နှင့် အနံ့ဆိုးများကင်းစင်ရေး၊ ရေထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ပါဝင်သော ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ကျန်းမာရေးအခြေအနေတို့ကို စစ်ဆေးခြင်း၊ မြန်မာနိုင်ငံ FDA ၏ ထုတ်ပြန်ချက်အရ ရေသန့်လုပ်ငန်းများအတွက် သတ်မှတ်ထားသော အခြေခံစစ်ဆေးရမည့်အချက် ၆၆ ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးကွက်အတွင်း ဖြန့်ချိမည့် ရေသန့်ဗူးများပေါ်တွင် ထုတ်လုပ်ခွင့်လိုင်စင်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲနှင့် ထားသိုပုံအညွှန်းများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည် ဖြစ်ကြောင်း စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ၏ လုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရဝတီ)
