Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကော့သောင်းမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံနှင့်ဆန်ရောင်းချနေသည့်ကုန်စုံဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

     ကော့သောင်းခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၂၀၂ခုနှစ်၊ဒီဇင်ဘာ ၁၀ ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီတွင် ကော့သောင်းမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံနှင့် ဆန် ရောင်းချနေ သည့် ကော့သောင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်အား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး သက်သာချောင်ချိမှုရှိစေရေး ပြည်သူ များအတွက် ရောင်းချလျက်ရှိသည့် ဆန်ဈေးနှုန်းများနှင့် စားအုန်းဆီစျေးနှုန်းများသည် ဒေသ အတွင်း ဖြစ်သင့်ဖြစ် ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ ပေါ်ရှိ ဆေးဆိုင် (၅) ဆိုင်အား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့်ဆေးဝါးများ ကုန်အညွှန်းအမှတ်အ သားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ၊ တရားမဝင်ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိ၊ သက်တမ်း လွန်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။     

          စစ်ဆေးရေးအဖွဲ့ဝင်များမှ အဆိုပါ ဆေးဆိုင်လုပ်ငန်းရှင်များအား တရားမဝင်မှတ်ပုံတင် ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေး နွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့သို့  စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

        ၂၀၂၅ ခုနှစ်၊  ဒီဇင်ဘာလ ၈ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နား စခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့သော စားအုန်းဆီ(၄၀)ပေပါအား ယာဉ်အမှတ် 4J/7593 ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၈.၁၂.၂၀၂၅) ရက်နေ့တွင် ရောက် ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပန်းတနော်မြို့နယ် အင်းမ အ.ထ.က ကျောင်းတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်၍ အသိပညာပေးဟောပြော

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာ အ.ထ.က  စာသင်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ၁၁.၁၂.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

         အသိပညာပေး ဟောပြောရာတွငင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်‌ကျော်သက်မှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်၍ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ခြင်း၊ မှတ်ပုံတင်ခြင်း အမျိုးအစား၊ ပြင်ဆင်သတိပြုဖွယ် အထောက်အထားများနှင့် သတိပြုဖွယ်အချက်များ၊ ဦးစီးဌာန၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်အမိန့် (၅၀/၂၀၂၃)ကို ဇူလိုင်လ ၂၁ရက်နေ့က ထုတ်ပြန်ခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို (၅၁/၂၀၂၃) ဇူလိုင် ၂၁ရက်နေ့က ဥပဒေပါ အခန်း(၈)ခန်းဖြင့်ထုတ်ပြန်ထားကြောင်းကိုလည်းကောင်း၊ အခွင့်အာဏာအပ်နှင်းခြင်းအမိန့်ကို (၄၉/၂၀၂၃( ဇူလိုင် ၁ရက်နေ့က ကုန်သွယ်ရေးဦးစီးဌာနသို့ အပ်နှင်းခြင်းကိုလည်းကောင်း၊ မှတ်ပုံတင်ဆောင်ရွက်ရာတွင် လုပ်ငန်းအမျိုးအစားနှင့် မှတ်ပုံတင်ရမည့်သူများ၊ လျောက်ထားနိုင်သည့် အမျိုးအစားများကို လူငယ်များသိရှိနိုင်ရန် အကျယ်တဝင့်ရှင်းလင်းခြင်း၊ eComReg System လျောက်ထားမှုနှင့် သတိပြုရမည့် အချက် အလက်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအကြောင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအကြောင်း၊ သက်ဆိုင်ရာဌာနသို့ အမှုတွဲလွဲပြောင်းခြင်း၊ မှတ်ပုံတင်မရှိပဲ လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းကို ဟောပြောခဲ့ရာ ကျောင်းသူများမှ မရှင်းလင်းသည်များကို မေးမြန်းသဖြင့် ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ပြီး တက်‌ရောက်သူ ၁၃၅ဦး ရှိကြောင်း သိရှိရပါသည်။

DOCA (‌ဧရာဝတီ)

Digital Platform အသုံးပြုစားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၉ ရက်နေ့၊ မန္တလေးမြို့တော် ခန်းမတွင် Digital Platform အသုံးပြုစားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို နံနက်(၉:၀၀)နာရီ အချိန်တွင် စီးပွားရေးရာဝန်ကြီးမှ ကြီးမှူး၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး အဖွင့်မှာစကား ပြောကြားခဲ့ပါသည်။  အခမ်းအနားသို့  စီးပွားရေးရာဝန်ကြီးဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် အထွေအုပ်ချုပ်ရေးဦးစီးမှူးများ၊  Capital Connect Company Limited မှ တာဝန်ရှိလူကြီးမင်းများ၊ လက်ကား/လက်လီ ကိုယ်စားလှယ်စားလှယ်များ စုစုပေါင်း (၂၀၀) ဦး ခန့် တက်ရောက်ခဲ့ပါသည်။ ထို့နောက် Capital Connect Company Limited မှ တာဝန်ရှိသူက Edible Oil System နှင့် စပ်လျဉ်း၍ Video Clip ရှင်းလင်းတင်ပြခဲ့သည်။ တော်ဝင်ဧကရာဇ်မှ တာဝန်ရှိသူကလည်း စားသုံးဆီများ သယ်ယူပို့ဆောင်ဖြန့်ဖြူးရာတွင် GPS, CCTV စနစ်များ တပ်ဆင်စောင့်ကြည့် စစ်ဆေးနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံသားများဘဏ် MCB မှ တာဝန်ရှိသူက ဆီကုန်သည်ကြီးများအတွက် ဝန်ဆောင်မှုပေးအပ်နေမှု အခြေအနေအား လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုနောက် စားသုံးဆီ သယ်ယူပို့ဆောင်မှုနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၅၀) အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

“ Online Sale လျောက်ထားမှုနှင့်ပတ်သက်၍မြေပြင်ကွင်းဆင်းဆောင်ရွက်”

ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ် (ဦးစီးအရာရှိ) သည် ဒီဇင်ဘာလ(၁၁)ရက်နေ့၌ Online မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားသည့် ကျောက်ဆည်မြို့၊ တောတွင်ကျေးရွာ(ဝန်ထမ်းအိမ်ရာ)ရှိ H & K Online Shop  အထည်အလိပ် ၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချသော ဆိုင်အား ကွင်းဆင်း စစ်ဆေးခဲ့ပါသည် ။ စစ်ဆေးရာတွင် Online မှတစ်ဆင့်လျှောက်ထားသည့် စာရွက်စာတမ်းများဖြစ်သော ပိုင်ရှင်၏ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံစာ များအား မြေပြင်တွင် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို မှတ်ပုံတင် လက်မှတ်လျှောက်ထားရမည်ဖြစ်ပြီး ၄င်းလက်မှတ် မရှိဘဲ ရောင်းချခြင်း လုပ်ငန်းကိုဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း စသည့် Online ဖြင့် မှတ်ပုံတင်သည့် အကြောင်းအရာများ အားအသေးစိတ် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

နန်းတော်ကုန်းကျေးရွာရှိ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.ထ.က နန်းတော်ကုန်း စာသင်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ၁၁.၁၂.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင် အ.ထ.က နန်းတော်ကုန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ  ဒေါ်မြင့်မြင့်ကျော်က အမှာစကား ပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ ခေါင်းစဉ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး သိကောင်းစရာခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။ 

         မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး အကြီးတန်းစာရေးက ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် ကုန်စည် ဝန်ဆောင်မှုများအပေါ်တွင် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်​ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးရန်မသင့်သော အစားအစာများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုတစ်ခုခုကြောင့် စားသုံးသူအမှန်တကယ်နစ်နာဆုံးရှုံမှုရှိလာပါက ဆက်သွယ်တိုင်ကြားနိုင်သော Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor၊ Mytel နှင့် Ooredoo User များအပြင် MPT Sim Card User များလည်း ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (‌ဧရာဝတီ)

“ Online မှ ရောင်းဝယ်ခြင်းဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်”

     ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ကျောက်ဆည်မြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Center ခန်းမ၌ Online မှ ရောင်းဝယ်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးမှ မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်းက Online မှ ရောင်းဝယ်ခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ Online ရောင်းချသူများ လိုက်နာရမည့် စည်းကမ်းများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သော နည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့်အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

“ မြစ်သားမြို့နယ်၊ကူမဲမြို့၌ ကွင်းဆင်းစစ်ဆေး”

     ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် ဒီဇင်ဘာလ(၁၂) ရက်နေ့ တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး  မြစ်သားမြို့နယ် ၊ ကူမဲမြို့ရှိ သီဟရတနာ ဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Onlin MyRo) တွင် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅) နှင့်အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mm တွင် မှတ်ပုံတင်ခြင်းလုပ်ငန်း များကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ဆန်များရောင်းချရာတွင် လစဉ်ထုတ်ပြန်သော သတ်မှတ် ရည်ညွှန်း ဆန်စျေးများဖြင့် ရောင်းချရန်လိုအပ်ကြောင်း ကွင်းဆင်းအသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    ဆက်လက်၍ ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အချက်များဖြစ်သည့် ကုန်ပစ္စည်းအမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက်၊ အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ ဘေးထွက်ဆိုးကျိုး ၊ ကြိုတင် သတိပေးချက် စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြရန်လိုအပ်ကြောင်း နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များ နှင့် ပတ်သက်သည့်အကြောင်းအရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

“မြစ်သားမြို့နယ်၊ အရေးမဆိုအုပ်စု၊ ရဲကုန်းကျေးရွာ ဓမ္မာရုံအတွင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ(၁၂)ရက်နေ့တွင် မြစ်သားမြို့နယ်၊ အရေးမဆိုအုပ်စု၊  ရဲကုန်း ကျေးရွာ ဓမ္မာရုံအတွင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြစ်သားမြို့နယ် တာဝန်ခံ ဒေါ်မော်မော်အောင်(ဒု-ဦးစီးမှူးက) တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသားများ အား ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတွေရဲ့နေထိုင်မှုပုံစံမှာ အမျိုးမျိုး ပြောင်းလဲလာပြီး အလွယ်တကူစားသောက်လို့ရသည့်(အသင့်အစားအစာ)များကို စားသောက်လာကြကြောင်း၊ ဒီလို စားသောက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေဟာစားသုံးသူတွေရဲ့အလိုကို လိုက်ပြီး အရောင် အသွေးလှပရန် နှင့် အနံ့အရသာပြည့်စုံရန် မျက်စိပသာဒရှိစေရန်အတွက် အသင့်အစားအစာတွေကို တရားမဝင်ဆေးဝါးတွေ ၊ ခွင့်မပြုဓါတုဆေးဝါတွေအသုံးပြုပြီး ထုတ်လုပ်လာကြတဲ့အတွက် လူတွေဟာ အရွယ်မတိုင်ခင် ရောဂါဆန်းတွေဖြစ်ပွားခြင်း ၊ နာတာရှည်‌ရောဂါတွေဖြစ်ခြင်း ၊ သေကျေ ပျက်စီးခြင်းတွေဖြစ်ပေါ်သည့်အတွက် နိုင်ငံရဲ့လူစွမ်းအားအရင်းအမြစ်တွေဆုံးရှုံးကာ နိုင်ငံတော်၏ ဘက်ဂျက်ထိခိုက်ပြီးနိုင်ငံဖွံ့ဖြိုးမှုအတွက်ထိခိုက်လာလျက်ရှိကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေပါ အချက် အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူ များနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြား နိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက် ပြီး တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း(၁၂)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက် လာသော ကျေးရွာသူ/ ကျေးရွာသားများအား  စားသုံးသူအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ